Home သတင်း ‌ကျေးရွာအဆင့် ဘာသာ‌ပေါင်းစုံ ကရင်တိုင်းရင်းသားများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲပြုလုပ်

‌ကျေးရွာအဆင့် ဘာသာ‌ပေါင်းစုံ ကရင်တိုင်းရင်းသားများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲပြုလုပ်

2080

ဧပြီ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း ယုံကြည်ကိုးကွယ်ရာဘာသာ မတူသည့် ကရင်တိုင်းရင်းသား ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များနှင့် ‌ကျေးရွာတချို့ပါဝင်သည့် ဘာသာ‌ပေါင်းစုံ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတစ်ခုကို ဧပြီလ ၂၃ရက်‌နေ့က ဖားအံမြို့နယ် သိုက်‌တော (‌ကောဝ်ဝးခုဂ်)‌ကျေးရွာတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

Karen Helps Karen Group (KHKG) မှဦး‌ဆောင်ပြီး ပထမဆုံးအကြိမ် ‌ကျေးရွာအဆင့်အ‌နေဖြင့် ပြုလုပ်သည့် အဆိုပါ ဘာသာ‌ပေါင်းစုံ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ဦး‌ဆောင်ကျင်းပသူတစ်ဦး ဖြစ်သူ (KHKG) အဖွဲ့မှ ဥက္ကဌ မန်းသမားအွာက ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့‌တွေ့ဆုံ‌ဆွေး‌နွေးပွဲလုပ်တာက နိုင်ငံ‌ရေး‌တွေဘာ‌တွေမပါဘူး ။ အဓိက‌တော့ ကျ‌နော်တို့ ‌ဒေသမှာ ဘာသာမတူတဲ့ ကျ‌နော်တို့ ကရင်‌တွေက တစ်ဘာသာနဲ့တစ်ဘာသာ ဘယ်လိုလက်တွဲမလဲ ရိုးရာယဉ်‌ကျေးမှု ဘယ်လို ထိန်းသိမ်း‌နေလဲ။ အဲဒါ‌တွေကို အဓိကထားတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် ကရင်လူမျိုးဘာသာ‌ပေါင်းစုံ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ ဖားအံနှင့် လှိုင်းဘွဲမြို့ နယ်အတွင်း ရှိ ‌ကျေးရွာကိုယ်စားပြု ကရင်ဗုဒ္ဓဘာသာ၊ ကရင်တလာခုံးဘာသာ၊ ကရင်ခရစ်ယာန်ဘာသာနှင့် လဲကယ်ဘာသာဝင်များ စုစု‌ပေါင်း ၁၀ဝ နီးပါးတက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် ဘာသာအသီးသီးမှ ကရင်တိုင်းရင်းသားများက ၎င်းတို့ယုံကြည်သက်ဝင်ရာ ဘာသာများနှင့်ဆက်စပ်ပြီး ယ‌နေ့အထိ ထိန်းသိမ်း‌နေသည့် ကရင်တိုင်းရင်းသားရိုးရာဓ‌လေ့၊ ရိုးရာယဉ်‌ကျေးမှုနှင့် ဝတ်စားဆင်ယဉ်မှုစသည့်အ‌ကြောင်းအရာများကို အဓိက ‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည်ဟု ဦး‌ဆောင်ကျင်းပသူများက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ‌နေထိုင်သည့် ကရင်လူမျိုးများ၏ ယုံကြည် ကိုးကွယ်မှုများအရ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ တလာခုံးဘာသာ၊ လဲကယ်စသည့်ဘာသာများအပြင် သက်ဆိုင်ရာ လူမျိုးစုအလိုက် ဓ‌လေ့ထုံးစံများ၊ ရိုးရာယုံကြည်မှုများနှင့် စာ‌ပေများတွင်လည်း အမျိုးမျိုးကွဲပြား‌နေကြခြင်းဖြစ်သည်။

မုစရီး‌ကျေးရွာမှ ခရစ်ယာန်ဘာသာဝင် နန်းသာဆိန့်‌ဖေါင်က “ကျမတို့ကရင်လူမျိုးက ဘာသာကွဲပြားတဲ့အတွက် အမြင်‌တွေ လည်းကွဲပြားသွားတယ်။ တချို့က‌တော့ သူတို့ဘာသာစာဘဲ သင်တယ်။ တခြားစာမသင်ဘူး။ ဘယ်သူနဲ့မှလည်း မပူး‌ပေါင်း ဘူး။ အဲလိုအမြင်‌တွေရှိလို့ ကျမတို့‌ကျေးလက်‌ဒေသမှာ‌နေတဲ့ ကရင်‌တွေက မတိုးတက်တာ။ ဒီအစည်းအ‌ဝေး လုပ်‌တော့ အမြင်ပွင့်သွားတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူမျိုးတွင် မျိုးနွယ်စု ၇ စုရှိပြီး မျိုးနွယ်စုတစ်ခုချင်းအလိုက် ‌နေရာ‌ဒေသ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ စာ‌ပေစကား မတူညီကြသည့်အတွက် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ‌နောက်ပိုင်းမှစတင်ကာ ကရင်ပြည်နယ်အတွင်း ကိုးကွယ်ရာဘာသာ မတူ ညီသည့် ကရင်လူမျိုးများအကြား ချိတ်ဆက်မှုရရှိရန် ဘာသာ‌ပေါင်းစုံ ‌တွေ့ဆုံပွဲများကို မကြာခဏကျင်းပပြုလုပ်မှုများ ရှိလာ သည်ဟုလည်း သိရသည်။