Home ကဗျာ ပစ်မှတ်ကို အာရုံစိုက်‌စေ

ပစ်မှတ်ကို အာရုံစိုက်‌စေ

2911

(လကင်္ာဒီပ)

‌အေဗရာဟင်လင်ကွန်းက
“ကျွန်ုပ်၏ ရန်သူများကို‌လေ
မိတ်‌ဆွေဖြစ်‌အောင်လုပ်ခြင်းဖြင့်
ရင်နင့်စွာ ကျွန်ုပ်ပျက်စီးခဲ့ရတယ်”တဲ့
အကျိုးမဲ့ အ‌ကြောင်းမဲ့မဟုတ်တဲ့စကား
မှတ်သားနာယူတတ်ဖို့လိုတယ်
ရည်ရွယ်ချက်တစ်ခု လုပ်‌ဆောင်ရာမှာ
‘ရန်ငါ’ စည်းခြား ‌ဖြောင့်‌ဖြောင့်သွား‌လေ
လမ်း‌တွေ မျက်‌ခြေမပြတ်‌စေ
‌ကော်သူး‌လေ ‌သောကမ‌ပွေ‌စေဖို့
ကျုပ်တို့ ကာကွယ်‌ပေးကြဖို့လိုတယ်။

အဖိနှိပ်ခံပြည်သူ‌တွေအ‌ရေး
အသက်‌ပေးကာကွယ်သွားကြ
အတ္တကိုယ်ကျိုးမငဲ့
မြင့်မြတ်တဲ့စိတ်ကိုထားရင်း
ရင်းနှီး‌ပေးဆပ်သွား အာဇာနည်
ထိုတည်ကြည်‌ဖြောင့်မတ်ခဲ့ကြ‌သော
ကြီးဖြတ်‌သော ပုဂ္ဂိုလ်များဆန္ဒကို
ရို‌သေလိုက်နာဖြည့်စွမ်းထမ်း‌ဆောင်ကာ
အာဇာနည်အ‌လောင်းအလျာစိတ်နဲ့
လူမျိုးရဲ့အနာဂတ်အဖုံဖုံ
ပြည့်စုံပုံ‌ဖော်ထုဆစ်‌ရေးခြယ်‌စေချင်တယ်။

ထိ‌တွေ့ ထိပ်တိုက်တိုက်ပွဲဆိုတာကို
ကိုယ့်ကိုယ်ကို ကာကွယ်ရင်းဖြစ်ရ
‌လောဘသမား‌ကြောင့် ‌သောကများရ
ကတိကဝတ်‌တွေ မရှိမဖြစ်
စနစ်တကျ လုပ်‌လေ့လုပ်ထမရှိမှု
‌ဖောက်ဖျက်မှု ချိုးဖျက်မှု
တည်ကြည်မှုမရှိသူကို ယုံတဲ့အမှား
တကွက်မှား အကုန်ရှုံးမဲ့အ‌ရေး
နိုင်ငံ‌ရေးမှာ စု‌ပေါင်း‌တွေး‌ခေါ်သဏ္ဍာန်
လက္ခံပါဝင်ဝိုင်းဝန်း‌စေချင်ပါတယ်။

မူ‌လေးချက်အလွဲသုံးစားပြုကာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးမယ်ဆိုပြီး
တလွဲကြီးလုပ်ချသွားခဲ့တာ
မဟာမိတ်‌တွေ‌တောင် ငုတ်တုတ်‌မေ့သွား‌ပေါ့
ခု‌တော့ ယူအဲန်အက်ဖ်စီဆိုတာလည်း
ပတ်မကွဲ ဗုံတလုံးလို
ဘိုသီ ဘတ်သီ ဇာတ်သိမ်းပြီ‌လော
သ‌ဘောတရား တပ်‌ပေါင်းစုကလည်း
‌ဖောက်လွဲ‌ဖောက်ပြန်‌ရေးသမား‌တွေ‌ကြောင့်
တပ်‌ခေါက်ကာငုပ်လျှိုးသွား‌ရော့ထင်။

ရဲ‌ဘော်တို့‌ရေ
ဆိုး‌မွေ‌ကောင်း‌မွေ ရလဒ်‌တွေ
ပြည်သူ‌တွေပဲ ‌ကျောကွဲခံစားရတယ်မဟုတ်လား
မှတ်သား ကိုယ်ချင်းစာလိုသမို့
ကိုယ့်‌ကြောင့် ကိုယ့်ပြည်သူ‌တွေ
လူ့ဂုဏ်‌တွေ သိက္ခာ‌တွေမမဲ့‌စေ‌ရေး
တန်းတူ‌ရေး ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့
ညီမျှတဲ့ ယန္တရားစနစ်
ဒီလို‌ခေတ်သစ်မျိုးကို တည်‌ဆောက်ဖို့
ကျုပ်တို့‌တွေ ရင်းနှီး‌ပေးဆပ်လိုက်ကြပါစို့။

၂၈ ဧပြီ ၂၀၁၈