Home သတင်း နှစ်ဖက် သ‌ဘောတူညီချက်များကို အ‌ကောင်အထည်‌ဖော်ပြီး NCA ထိုးနိုင်‌ရေး ဆက်လုပ်မည်ဟု KNPP ‌ပြောဆို

နှစ်ဖက် သ‌ဘောတူညီချက်များကို အ‌ကောင်အထည်‌ဖော်ပြီး NCA ထိုးနိုင်‌ရေး ဆက်လုပ်မည်ဟု KNPP ‌ပြောဆို

2027

ဧပြီ ၂၈ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ (KNPP)နှင့် အစိုးရတို့အကြား ပြည်နယ် အဆင့်နှင့် ပြည်‌ထောင်စု အဆင့် နှစ်ဖက် သ‌ဘောတူညီချက်များကို အ‌ကောင်အထည်‌ဖော်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA ) ထိုးနိုင်‌ရေးအတွက် ဆက်လုပ်‌ဆောင်သွားမည်ဟု KNPP ၏ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌ကော်မတီ ‌ပြော‌ရေးဆိုခွင့်ရှိသူ နဲနယ်ပလိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ ငြိမ်းချမ်း‌ရေး‌ကော်မရှင်နှင့် KNPP တို့ ဧပြီ ၂၆ မှ၂၇ ရက်‌နေ့ထိ ကယားပြည်နယ်၊ လွိုင်‌ကော်မြို့၊ ပြည်နယ် ခန်းမ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ပြီး ‌ဆွေး‌နွေးပွဲတွင် နှစ်ဖက် ဆက်ဆံ‌ရေးတာဝန်ခံများပြန်လည်ထားရှိ‌ရေး၊ တပ်ပိုင်း ဆိုင်ရာ သွားလာ‌ရေးကိစ္စရပ်များနှင့် ‌စောင့်ကြည့်‌ရေးကိစ္စ (Local Monitoring Team & JMC) တို့ကို သ‌ဘော တူညီမှုရရှိခဲ့ သည်ဟု KNPP က ‌ပြောသည်။

“ကျ‌နော်တို့ အခု‌ဆွေး‌နွေးပွဲ သ‌ဘောတူညီချက်‌တွေက နှစ်ဖက်သ‌ဘောတူ ထားတဲ့ (Bilateral Agreement) အထဲမှာ ရှိတဲ့ အချက် ‌တွေ‌ပေါ့‌နော်။ နှစ်ဖက်သ‌ဘောတူထားတဲ့ အ‌ကောင်အထည်‌ဖော်နိုင်ရမဲ့ အရာ‌တွေကို ဆက် အ‌ကောင်အထည် ‌ဖော်နိုင်ခြင်းအားဖြင့် NCA ထိုးဖို့ အတွက် လွယ်ကူ‌စေသွားမလား‌ပေါ့‌နော်။ တဖက်မှာ လည်း KNPP က ထုတ်ပြန်ချက်မှာ ‌ပြောထားတဲ့ အတိုင်းပဲ NCA ကို အမြန်ဆုံး ‌ရေးထိုးနိုင်‌ရေးအတွက် ဆက်ကြိုးပမ်းသွားမယ်” ဟု KNPP ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး‌ကော်မတီ ‌ပြော‌ရေးဆိုခွင့်ရှိသူ နဲနယ်ပလိုက ဧပြီ ၂၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ ငြိမ်းချမ်း‌ရေး ‌ကော်မရှင်နှင့် KNPP တို့၏ နှစ်ရက်တာ ‌ဆွေး‌နွေးပွဲတွင် ‌စောင့်ကြည့်‌ရေးကိစ္စ၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ သွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်တွင် ညှိနှိုင်း‌ရေး ကိစ္စတို့ကို ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီတို့ အကြား နှစ်ဖက်သ‌ဘောတူထားသည့်အတိုင်း ပုံမှန်‌တွေ့ဆုံ ‌ဆွေး‌နွေး ညှိနှိုင်းမှုများ ‌ဆောင်ရွက်သွားရန်တို့ကိုလည်း သ‌ဘောတူညီခဲ့‌ကြောင်း ‌ဆွေး‌နွေးပွဲအပြီး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် အစိုးရအ‌နေဖြင့် လာမည့် ‌မေလ‌နောက်ဆုံးရက်သတ္တပတ်အတွင်း ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအ‌ဝေးကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ညီလာခံတွင် KNPP အ‌နေ ဖြင့် NCA ‌ရေးထိုးနိုင်သည့် အ‌ခြေအ‌နေတစ်ခုရရှိ‌အောင် ကြိုးပမ်း‌ဆောင်ရွက်ခဲ့သူများအားလုံးကို ‌ကျေးဇူးတင်‌ကြောင်း ငြိမ်းချမ်း‌ရေး ‌ကော်မရှင် ဥက္ကဌ ‌ဒေါက်တာ တင်မျိုးဝင်းက အစည်းအ‌ဝေးအပြီး အမှာစကားတွင် ထည့်သွင်း ‌ပြောဆိုသည်။

အစိုးရ နှင့် KNPP တို့ ယခု‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ အစိုးရဘက်မှ နိုင်ငံ‌တော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦး‌ကျော်တင့်‌ဆွေ၊ ငြိမ်းချမ်း‌ရေး‌ကော်မရှင် ဥက္ကဌ ‌ဒေါက်တာ တင်မျိုးဝင်းနှင့် ‌ကော်မရှင် အဖွဲ့ဝင်များ၊ KNPP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူး‌ရွှေမျိုးသန့်နှင့် KNPP ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ‌ကော်မတီဝင်များ၊ တပ်မ‌တော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်း ရှိအရပ်ဘက်အဖွဲ့အစည်းများနှင့် ‌လေ့လာသူများ တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။