Home ထိပ်တန်းသတင်း အပစ်ရပ်ကာလ ဒုက္ခသည်အ‌ရေး ပွင့်လင်းမြင်သာမှုရှိရှိ ညှိနှိုင်းလုပ်‌ဆောင်ရန် KPSN ‌ပြောဆို

အပစ်ရပ်ကာလ ဒုက္ခသည်အ‌ရေး ပွင့်လင်းမြင်သာမှုရှိရှိ ညှိနှိုင်းလုပ်‌ဆောင်ရန် KPSN ‌ပြောဆို

2317

ဇွန် ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ကြားကာလ အစီအစဉ် ‌ဖော်‌ဆောင်ရာတွင် ဒုက္ခသည်အ‌ရေး ပွင့်လင်းမြင်သာမှုရှိရှိ ညှိနှိုင်းလုပ်‌ဆောင်‌ပေး ‌စေလိုသည်ဟု ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်(KPSN)က ဇွန်လ ၂ဝရက်‌နေ့က ရန်ကုန်မြို့၊ Orchid hotel ၌ ပြု လုပ်ခဲ့သည့် ကမ္ဘာ့ဒုက္ခသည်‌နေ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုလိုက်သည်။

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ဒုက္ခသည်အ‌ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအ‌နေဖြင့် မည်သို့ လုပ်‌ဆောင်‌နေသည်ကို ပွင့် ပွင့်လင်းလင်း မသိရသလို စနစ်တကျ စီမံခန့်ခွဲထားခြင်းမရှိက ပြည်တွင်းဌာ‌နေ စွန့်ခွာတိမ်း‌ရှောင်သူများအား ပို၍ ဒုက္ခ‌ရောက် သွား‌စေမည်ဖြစ်ကာ ဒုက္ခသည်များ၏ ဆန္ဒနှင့် အသံကိုလည်း နား‌ထောင်ကာ လုပ်‌ဆောင်‌ပေး‌စေလိုသည်ဟု KPSN အဖွဲ့ဝင်၊ ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ဆရာ‌ကျော်စွာက ယခုလို ‌ပြောသည်။

သူက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အထူးသဖြင့် ကြားကာလ အစီအစဉ်‌ဖော်‌ဆောင်တဲ့အခါမှာ ဒုက္ခသည်နဲ့ IDPs အ‌ရေးကို ထည့် သွင်းစဉ်းစားပြီး‌တော့မှ လုပ်‌ဆောင်ချက် မှန်သမျှကို ပွင့်လင်းမြင်သာမှုရှိစွာနဲ ့ ကျ‌နော်တို့‌တွေရဲ့ဆန္ဒသ‌ဘောထားကို ညှိနှိုင်းပြီး ‌တော့ ‌ဆောင်ရွက်‌ပေးဖို့ တာဝန်ရှိသူ‌တွေကို သတင်းသမားများက တစ်ဆင့် အသိ‌ပေးချင်ပါတယ်”ဟု ‌ပြောသည်။

လက်ရှိ ဒုက္ခသည်စခန်းများတွင် အလှူရှင်များ ရိက္ခာနှင့် အ‌ထောက်အပံ့များ ‌လျော့ချမှုများ ကြုံ‌တွေ့‌နေရပြီး အစိုးရအ‌နေဖြင့် ဒုက္ခသည်အ‌ရေးကို စတင်‌ဆောင်ရွက်‌ပေးရန်နှင့် ဒုက္ခများ ‌နေရပ်ပြန်ရန် အဆင်သင့် မဖြစ်‌သေးချိန်တွင် အလှူရှင်များကို အစိုးရ အ‌နေဖြင့် ဆက်ကူညီ‌ရေး ဖိအား‌ပေး‌စေလိုသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ၊ ဘဏ္ဍာ‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်ကလည်း သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်း‌ပြောဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်များ၏ ပကတိ အ‌ခြေအ‌နေကို အများပြည်သူသိရန် KPSN က ဦး‌ဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရဖွဲ့ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုး၊ ကရင်ဒုက္ခသည် ‌ကော်မတီ၊ ကရင်အမျိုးသမီးအစည်းအရုံး ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ အပါအဝင် စုစု‌ပေါင်း လူတစ်ရာနီးပါး တက် ‌ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့အ‌နေဖြင့် ဖွံ့ဖြိုး‌ရေးစီမံကိန်းများ လုပ်‌ဆောင်လျှက်ရှိရာ ဧက ၂၀၀ဝခန့်ရှိ မြို့သစ်စီမံကိန်းတွင် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၊ အငြိမ်းစားများ၊ အိုးအိမ်ပိုင်မရှိသူများကို ‌နေရာချထား‌ပေးရန် အစီအစဉ်ရှိသလို ဒုက္ခသည်များ ရန် ကုန်မြို့သို့ လာ‌ရောက်အ‌ခြေချ‌နေထိုင်လိုပါက တိုင်း‌ဒေသကြီးအစိုးရအ‌နေဖြင့် အတတ်နိုင်ဆုံး စီစဉ်‌ပေးသွားမည်ဟု ကရင်တိုင်း ရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက အခမ်းအနားတွင် ‌ပြောသည်။

အီတူးထာ့ပြည်တွင်းဒုက္ခသည်စခန်းမှ ‌နေရပ်ပြန်လာသူ ‌စော‌ပေါ်လယ်ကာလီလားမူးက “ကျ‌နော်တို့‌နေတဲ့ ဖာပွန်ခရိုင်၊ လူ‌သော မြို့နယ်မှာ အစိုးရ တပ်စခန်း ၆၅ခုက‌နေ အခု ၈၁ခုအထိ တိုးလာတယ်။ တပ်စခန်း‌တွေက ကျ‌နော်တို့ရဲ့ ရွာ‌တွေ၊ ‌တောင်ယာ ‌တွေ၊ လမ်း‌ပေါ်‌တွေမှာ ‌နေရာယူထား‌တော့ ပြန်လာမ‌နေရဲဘူး။ ဒီလိုတပ်စခန်း‌တွေ တိုးချလာတာမို့ ဒုက္ခသည်‌တွေ ပြန်မလာရဲ ဘူး”ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်နီဒုက္ခသည်စခန်းနှစ်ခုနှင့် ကရင်ဒုက္ခသည်‌ကော်မတီ၏ စီမံအုပ်ချုပ်မှု‌အောက်ရှိ ကရင်ဒုက္ခသည် စခန်း ၇ခုရှိပြီး ဇွန်လ ၂ဝရက်‌နေ့၊ ‌နောက်ဆုံးစာရင်းအရ ဒုက္ခသည်‌ပေါင်း ၉၆,၅၂ဝဦးရှိ‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီက ပြုစုထားသည့် စာရင်းများအရ သိရသည်။