Home သတင်း မယ်‌တော်‌ဆေးခန်းမျက်စိဌာန၌ မျက်စိခွဲစိတ် ကုသမှုပြန်လည် စတင်‌နေပြီ

မယ်‌တော်‌ဆေးခန်းမျက်စိဌာန၌ မျက်စိခွဲစိတ် ကုသမှုပြန်လည် စတင်‌နေပြီ

2766

‌မေ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ‌ဒေါက်တာ စင်သီယာ‌မောင်မှ ဦးစီးဖွင့်လှစ်ထားသည့် မယ်‌တော်‌ဆေးခန်း၌ ယခုနှစ် ‌မေလ တစ်ရက်‌နေ့မှ စတင်ကာ မျက်စိဌာန၌ မျက်စိခွဲစိတ် ကုသမှုအစီအစဉ်ကို ပြန်လည်စတင်‌နေပြီ ဖြစ် ‌ကြောင်း ၎င်းမျက်စိဌာန တာဝန်ရှိသူများထံမှ သိရသည်။

ယခင်ဧပြီလတွင် မျက်စိအထူးကု ‌ဒေါက်တာ (Dr. Frank Green)က ၎င်း၏ နိုင်ငံ(UK)သို့ ‌ခေတ္တပြန်သွားသည့် အတွက် မျက်စိခွဲစိတ်ကုသမှုကို ‌ခေတ္တခဏ ရပ်ဆိုင်းထားရပြီး လက်ရှိ ၎င်း‌ဒေါက်တာမှ ပြန်လည်‌ရောက်ရှိ လာပြီး ဖြစ်‌သော‌ကြောင့် ‌မေလတစ်ရက်‌နေ့မှစပြီး အခမဲ့ခွဲစိတ်ကုသ‌နေပြီး ဖြစ်သည်ဟု သိရသည်။

တိမ်၊ ‌ရေတိမ်၊ မျက်သားတက်၊ မျက်စိစွန်၊ မျက်ခွံကျနှင့် အခြား‌ရောဂါပိုးဝင်‌သော မျက်စိနာ ‌ရောဂါအမျိုးမျိုးကို ခွဲစိတ်ကုသမှုအပြင် မျက်မှန်စမ်းသပ် တပ်ဆင်မှုများလည်း ပါဝင်မည်ဖြစ်ကာ လူနာများအတွက် လိုအပ်သည့် ‌နေရာထိုင်ခင်းနှင့် အစားအ‌သောက်များကိုပါ လူဦး‌ရေ အကန့်အသတ်မရှိ ဝန်‌ဆောင်မှု‌ပေးသွားမည်ဟု မယ် ‌တော်‌ဆေးခန်းမှ ‌ပြောဆိုသည်။

မျက်စိ အထူးကု ဆရာဝန်နှင့် တိုက်ရိုက်စစ်‌ဆေးခွဲစိတ်ကုသနိုင်ရန်အတွက် တစ်နှစ်အတွင်း ပျှမ်းမျှ (၆) ကြိမ် အထိ အထူးစီစဉ်‌ပေးထားပြီး မျက်စိ‌ဝေဒနာရှင်များအ‌နေဖြင့် မျက်စိသွား‌ရောက်ကုသမှုမပြုခင် သိရှိလိုသည့် အ‌သေးစိတ် အ‌ကြောင်းအရာများကို မျက်စိဌာန ဖုန်းနံပါတ်ဖြစ်သည့် (+၆၆) ဝ၉ ၄၇၄၇၅၂၁၂ သို့ တနဂင်္‌နွေ ‌နေ့မှ အပ ကျန်‌နေ့များတွင် ဆက်သွယ်‌မေးမြန်းနိုင်သည်ဟု မျက်စိဌာနတာဝန်ရှိသူတစ်ဦးမှ ‌ပြောသည်။

ယခုနှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ၊ ‌ဖေ‌ဖော်ဝါရီနှင့်မတ်လအတွင်း မယ်‌တော်‌ဆေးခန်း၊ မျက်စိဌာနတွင် မျက်စိ‌ဝေဒနာ ရှင်‌ပေါင်း (၅၇၁)ဦးကို ခွဲစိတ် ကုသ‌ပေးနိုင်ခဲ့ပြီဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်း မျက်စိဌာန၏ စာရင်းအရ သိရသည်။