Home သတင်း ကရင်မျိုးနွယ်စု ၇ စုရှိ‌ကြောင်း အပြီးသတ် အတည်ပြုသတ်မှတ်

ကရင်မျိုးနွယ်စု ၇ စုရှိ‌ကြောင်း အပြီးသတ် အတည်ပြုသတ်မှတ်

3624

‌မေ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ဖားအံမြို့တွင် ယ‌နေ့ (‌မေလ ၃ရက်) ကျင်းပသည့် ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး ‌ဆွေး ‌နွေးပွဲမှ ကရင်လူမျိုးတွင် အဓိက ကရင်မျိုးနွယ်စု ၇ စုရှိ‌ကြောင်း အတည်ပြုလိုက်သည့်အပြင် ၎င်းမျိုးနွယ်စုများ၏ အမည်နာမနှင့် တကွ‌ခေါ်‌ဝေါ်သုံးစွဲမှုများကိုပါ အတည်ပြု သတ်မှတ်လိုက်သည်ဟု သိရသည်။

ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်အတည်ပြုနိုင်‌ရေးအတွက် ဦး‌ဆောင်မှုပြုသည့် ကရင်‌ရေးရာ‌ကော်မတီ-KAC မှ အ တွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ အတည်ပြုဆုံးဖြတ်ချက် ၃ ခု ရှိပါတယ်။ အဓိကက‌တော့ ကျ‌နော်တို့ ‌တောက်‌လျှောက်လုပ် လာတဲ့ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး စီမံကိန်းက‌နေ ရရှိလာတဲ့ ကရင်အမျိုးသားထု တစ်ရပ်လုံးရဲ့ သ‌ဘောထား ကို စုစည်းပြီး‌တော့မှ ဒီက‌နေ့မှပြန် အတည်ပြုလိုက်တာဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ‌ဆွေး‌နွေးပွဲမှ အတည်ပြုသတ်မှတ်လိုက်သည့် ကရင်မျိုးနွယ်စု ၇ စုမှာ စ‌ကောကရင်၊ ပိုးကရင်၊ ဘွဲကရင်၊ ပကူးကရင်၊ မိုဘွားကရင်၊ ‌ဂေဘားကရင်နှင့်
ကရင်ဖြူတို့ဖြစ်ကြပြီး ကရင်အ‌ခေါ်အ‌ဝေါ်အား အဂင်္လိပ်ဘာသာ စကားဖြင့် (KAYIN) အစား (KAREN) ဟု ‌ပြောင်းလဲသုံးစွဲရန်အတည်ပြု သတ်မှတ်လိုက်သည်ဟု သိရသည်။

မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကရင်လူမျိုးများ‌နေထိုင်ရာ တိုင်း‌ဒေသကြီးများဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပါအဝင် အထက်မြန်မာပြည်ကိုယ် စားပြုကရင် ကိုယ်စားလှယ်များ ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ‌ခေါင်း ‌ဆောင်များအပါအဝင် စုစု‌ပေါင်း ၁၇ဝဦး ပါဝင်သည့် ‌ဆွေး‌နွေးပွဲမှ ယခုလိုအတည်ပြုသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်လာသူတစ်ဦးဖြစ်သည့် ‌ကော့ကရိတ်မြို့နယ်မှ စလားရှူက “ဒီလိုဖြစ်သွားတာက တစ်မျိုး အားဖြင့် ‌တော့ ကရင်မျိုးနွယ်စု‌တွေထပ်ပြီး မကွဲပြား ‌စေချင်‌တော့တဲ့ သ‌ဘောနဲ့ချုံ့လိုက်တဲ့သ‌ဘောဆိုရင် ‌ကောင်းပါတယ်။ ဒါ‌ပေမဲ့ ကရင်လူမျိုးစုလို့သတ်မှတ်ဖို့ အရည်အ‌သွေးမပြည့်မီလို့ ဖယ်ထုတ်လိုက်တဲ့ သ‌ဘောမျိုးဆိုရင်‌တော့ မ‌ကောင်းပါဘူးလို့ပဲ ကျ‌နော်က‌တော့‌ပြောချင်ပါတယ်”ဟု သုံးသပ်‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် အစိုးရမှ ကရင်မျိုးနွယ်စု ၁၁ စုရှိ ‌ကြောင်း သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ကရင်၊ ကရင်ဖြူ၊ ပ‌လေခီး၊ မွန်ကရင်(စာဖြူ)၊ စ‌ကော(ကရင်)၊ တ‌လှေပွား၊ ပကူး၊ ဘွဲ၊ ‌မော‌နေပွား၊ မိုးပွားနှင့် ပိုး(ကရင်)တို့ဖြစ်သည်ဟု သိရသည်။

အစိုးရမှ ကရင်မျိုးနွယ်စု သတ်မှတ်ခြင်းအ‌ပေါ် အငြင်းပွားမှုများရှိလာခဲ့သည့်အတွက် ကရင့်‌ရေးရာ ‌ကော်မတီက ဦး‌ဆောင် ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌ဖေ‌ဖော်ဝါရီလမှစတင်ပြီး ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ် အတည်ပြုနိုင်ရန်အ တွက် တိုင်း‌ဒေသကြီး၊ ပြည်နယ် ခရိုင်နှင့် မြို့နယ်တို့တွင် အစည်းအ‌ဝေး‌ပေါင်း ၅ဝ ‌ကျော်ကို အဆင့်ဆင့် ပြုလုပ်ကာ ကြိုးစားလုပ် ‌ဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်/ဧရာဝတီ‌ဒေသအရာရှိ မန်းသန်းဝင်းဦးက “ကျ‌နော်တို့ ကရင်မျိုးနွယ်စုကို အစိုးရက ကရင်မျိုးနွယ်စု ၁၁ စုဆိုပြီး သတ်မှတ်ထားတဲ့ဟာက အဲဒီထဲမှာပါတဲ့ မွန်ကရင်၊ စာဖြူ၊ ပ‌လေခီးလိုမျိုးအပြင် ‌နောက်တစ်ခါ ကရင်လူမျိုးကိုပဲ မျိုးနွယ်စု ထဲမှာပြန်ထည့်တာ‌တွေရှိခဲ့တယ်။ အဲဒါ‌တွေကို တိုင်းနဲ့ပြည်နယ်အလိုက် လူထုနဲ့‌တွေ့ဆုံမှု အကြိမ်ကြိမ် လုပ်ပြီးမှ အခု အတည်ပြုလိုက်တာပါ။ အခုအတည်ပြုလိုက်တဲ့ဟာကိုလည်း တရားဝင်ဖြစ်လာဖို့ အထိ ဆက်လက်တင်ပြ သွားမှာဖြစ် ပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ ကရင်မျိုးနွယ်စု အမည်မှန်‌ဖော်ထုတ်‌ရေး ‌ဆွေး‌နွေးပွဲမှ ရရှိလာသည့် အတည်ပြုချက်များကို ကရင်ပြည် နယ်အစိုးရ၊ လွှတ်‌တော် နှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထံ‌ပေးအပ်လိုက်ပြီဖြစ်ပြီး နိုင်ငံ‌တော် ဒုသမ္မတ၊ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်‌တော်ဥက္ကဌ၊ အမျိုးသားလွှတ်‌တော်ဥက္ကဌနှင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်‌ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအတွင်းဝန်များထံ ဆက်လက်‌ပေး ပို့သွား မည်ဖြစ်‌ကြောင်း သိရသည်။