Home သတင်း အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ကရင်လူထုအသံပါဝင်နိုင်‌ရေး ကြိုးပမ်းလုပ်‌ဆောင်

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ကရင်လူထုအသံပါဝင်နိုင်‌ရေး ကြိုးပမ်းလုပ်‌ဆောင်

1689

‌မေ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

၂၁ ရာစု ပင်လုံ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ကရင်လူထုအသံ ပါ ဝင်‌စေရန် ကရင်လူထုများ၏ သ‌ဘောထားများကို ရယူသည့် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီဆိုင်ရာ အလုပ်ရုံ ‌ဆွေး‌နွေးပွဲ တစ်ခုကို ‌မေလ ၁ ရက်‌နေ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကြီး‌ကျေးရွာ ကရာနီဘုရားရှိခိုး‌ကျောင်း၌ ကျင်းပပြု လုပ်သည်။

‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်သူ ကရင်‌ရေးရာ‌ကော်မတီ -KAC၏ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ဘယ်လိုဖက်ဒရယ်မျိုးက ကရင်ပြည်နယ်အ‌နေနဲ့ သင့်‌တော်ဆုံးဖြစ်မလဲ ဆုံးဖြတ်နိုင်ဖို့ ဒီမိုက‌ရေစီ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်‌နေတဲ့ KNU၊ နိုင်ငံ‌ရေပါတီ၊ လူထု‌တွေရဲ့အမြင်‌တွေကို စုစည်းပြီး‌တော့ အမျိုးသား အသွင်တည်‌ဆောက်‌ရေးလုပ်ငန်းမှာ လူထု‌တွေ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့ရယ် ၂၁ ရာစုပင်လုံ ပြည်‌ထောင် စုငြိမ်းချမ်း‌ရေးညီလာခံ အမျိုးသား အဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးမှာ ကရင်လူထုအသံ‌တွေ ပါဝင်‌စေဖို့ ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ‌ပြောသည်။

ဖားအံ၊ မြဝတီ၊ ‌ကော့ကရိတ်နှင့် သံ‌တောင်ကြီး စသည့် ခရိုင် ၄ ခုမှ ပြုလုပ်သည့် အဆိုပါ အလုပ်ရုံ ‌ဆွေး‌နွေးပွဲများတွင် ရရှိလာသည့် လူထုသ‌ဘောထား အချက်အလက်များကို ‌ပေါင်းစည်းပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်‌တော်၊ နိုင်ငံ‌ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး-KNUတို့ ထံသို့ ‌ပေးပို့သွားမည်ဖြစ်‌ကြောင်း၊ ကရင်အမျိုးသား အဖွဲ့အစည်းအားလုံး ပြည်သူ့အသံကို အထူးအ‌လေးထားပြီး နိုင်ငံ‌ရေး‌ဖော်‌ဆောင်‌ပေးရန် တိုက်တွန်းချင်သည်ဟု ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် KNU၊ ဖလုံစ‌ဝေါ်ဒီမို ကရက်တစ်ပါတီ၊ အမျိုးသားဒီမိုက ‌ရေစီအဖွဲ့ချုပ်-NLD ၊ ပြည် ‌ထောင် စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး များနှင့် ‌ဒေသခံ ၁၅ဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး ဖက်ဒရယ်စနစ် မည်သို့ အ‌ရေးကြီးပုံ၊ ကရင်ပြည်နယ်ကို မည်သည့် ဖက်ဒရယ်စနစ်ဖြင့် ကိုက်ညီပြီးကျင့်သုံးနိုင်မှု အပါအဝင် ပြည်‌ထောင်စုနှင့် ပြည်နယ်ကို မည်သို့ခွဲ‌ဝေအုပ်ချုပ်မည်နည်း စသည့် အ‌ကြောင်းအရာများကို အုပ်စုဖွဲ့ ‌ဆွေး‌နွေးခြင်းများ ပြုလုပ်ခဲ့သည်။

အလုပ်ရုံ ‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်လာသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်‌ထောင်စုကြံ့ခိုင်‌ရေး နှင့်ဖွံ့ဖြိုး‌ရေးပါတီ တာဝန်ခံ ‌စောမြဝင်းက “ တစ်ချိန်က ဒီ‌ဒေသဟာ စစ်ဆင်‌ရေးနယ်‌မြေဖြစ်‌တော့ ဒီမိုက‌ရေစီတို့ ဖက်ဒရယ်တို့ဆိုတာ အ များစုနားမလည်ဘူး‌ပေါ့‌နော်။ အခုလို သူတို့‌ဆွေး‌နွေးပွဲလာလုပ်‌ပေး‌တော့ ‌ဒေသခံ‌တွေက ကိုယ်ရဲ့‌မွေးရာပါ အခွင့်အ‌ရေး၊ လူမှုဘဝ၊ ဥပ‌ဒေပြန်ဌာန်းခွင့်၊ တန်းတူရည်တူ အခွင့်အ‌ရေး‌တွေ သိလာတယ်။ နိုင်ငံ‌တော်က ရည်မှန်းတဲ့ ဒီမိုက‌ရေစီအ‌ခြေခံတဲ့ ဖက်ဒရယ်သွားဖို့ အများကြီးအ‌ထောက်အကူပြုပါတယ်” ဟု ‌ပြောသည်။

ထို့အတူ KAC အဖွဲ့မှ ဦး‌ဆောင်ပြီး ကရင်နိုင်ငံ‌ရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များပါဝင်သည့် အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်‌နေ့က ဖားအံမြို့ရှိ သု‌မေဓာရာမ‌တောရ ‌ကျောင်းတိုက်တွင် ပြုလုပ်ကျင်းပခဲ့‌သေးသည်။

ယခု‌ဆွေး‌နွေးပွဲများမှ ရရှိလာသည့် သ‌ဘောထားများကို စုစည်းပြီး လာမည့် ဇွန်လတွင် ပြည်နယ်အဆင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို ထပ်မံပြုလုပ်မည်ဖြစ်ကာ ရရှိလာသည့် ဖက်ဒရယ်ဆိုင်ရာ သ‌ဘောထားများကို ကရင်ပြည်နယ် တစ်ခုလုံး၏ လူထုအသံအဖြစ် ကိုယ်စားပြုပြီး သက်ဆိုင်ရာသို့ ‌ပေးပို့သွားမည်ဟု KAC ထံမှ သိရသည်။

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအ‌ဝေးကို လာမည့် ‌မေလ ၂၄ ရက်‌နေ့ ကျင်းပရန် ဧပြီလ ၂၄ရက်‌နေ့က ‌နေပြည်‌တော်တွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် NCA အ‌ကောင်အထည် ‌ဖော်‌ရေးဆိုင်ရာ ညှိနှိုင်းအစည်းအ‌ဝေး (JICM) တွင် ဆုံးဖြတ်ခဲ့သည်။