Home သတင်း ကျုံ‌ထော်နှင့် မြိုင်ကြီးငူ‌ဒေသကို ဦးစား‌ပေးမိုင်းရှင်းလင်းမည့် ‌ဒေသအဖြစ် ပြည်နယ်အစိုးရမှ သတ်မှတ်ထား

ကျုံ‌ထော်နှင့် မြိုင်ကြီးငူ‌ဒေသကို ဦးစား‌ပေးမိုင်းရှင်းလင်းမည့် ‌ဒေသအဖြစ် ပြည်နယ်အစိုးရမှ သတ်မှတ်ထား

1911

‌မေ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း ယခုနှစ် မိုင်းရှင်းလင်း‌ရေးလုပ်ငန်း စတင်လုပ်‌ဆောင်ပါက မြိုင်ကြီးငူနှင့် ကျုံ‌ထော် ‌ဒေသ၂ ခုကို ကရင်ပြည်နယ် အစိုးရအ‌နေဖြင့် အဓိကထားပြီး ဦးစား‌ပေးလုပ်‌ဆောင်‌ပေးမည့် ‌ဒေသအဖြစ် သတ်မှတ်ထားချက်များရှိ သည်ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

“‌မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီး အခုပညာ‌ပေး‌ရေးလုပ်ငန်း အရင်စတယ်။ ပြီးရင် မိုင်းရှင်းလင်း‌ရေးလုပ်ငန်းစဖို့ အတွက်ဦးစား ‌ပေး‌နေရာ‌တွေ ‌ရွေးချယ်‌တော့ ကရင်ပြည်နယ်မှာ ကျုံ‌ထော်‌ရေတံခွန်နဲ့ မြိုင်ကြီးငူ‌ဒေသ ပဋိပက္ခ‌ရှောင်လာတဲ့ ‌နေရာ‌တွေကို ဝန်ကြီးချုပ်က ဦးစား‌ပေး‌ရွေးတယ်။ လုပ်ဖို့အတွက် Process ‌တွေကို ‌စောင့်တယ်။ ပြီး‌တော့ မိုင်းရှင်းလင်း‌ရေးလုပ်တာက နိုင်ငံ‌တော်ဘတ်ဂျက်နဲ့မဟုတ်ဘူး။ နိုင်ငံတကာ INGO အဖွဲ့အစည်း‌တွေက ပညာ‌ပေးလုပ်ငန်း‌ရော မိုင်းရှင်းလင်း‌ရေးလုပ် ငန်းကိုပါ သူတို့က ဆက်လုပ်‌ပေးမှာဖြစ်တယ်” ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမိုင်းရှင်းလင်း‌ရေးလုပ်‌ဆောင်ရန်အတွက် နိုင်ငံတကာ INGOs အဖွဲ့ မှ တာဝန်ယူ လုပ်‌ဆောင်မှာဖြစ်ပြီး လုပ်ငန်း စတင် ရန် နိုင်ငံ‌တော် အစိုးရနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန -NRPC ၏ ခွင့်ပြုချက်ရရှိမှသာ မိုင်းရှင်းလင်း‌ရေးလုပ်ငန်းကို စတင်အ‌ကောင်အထည်‌ဖော်နိုင်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း ပြန်လည်ဖြစ်ပွားသည့် မဲ့သ‌ဝေါ‌ဒေသတိုက်ပွဲများ‌ကြောင့် မြိုင်ကြီး ငူစစ်‌ပြေး ‌ရှောင်စခန်းတွင် ခိုလှုံပြီး အိမ်မပြန်ရဲ‌သေးသည့် ‌ဒေသခံ ၅ ‌ထောင်‌ကျော်ရှိ‌သေးသည့်အပြင် ကျုံ‌ထော်‌ရေတံခွန် အနီးနား တွင်လည်း ‌မြေမြုပ်မိုင်းများရှိ‌နေနိုင်‌သေးသည့်အတွက် ကျုံ‌ထော်‌ရေတံခွန်သို့ သွား‌ရောက်လည်ပတ်ကြသူများအား တာဝန်ရှိသူများမှ ‌နေ့စဉ် သတိ‌ပေး‌ပြောဆိုမှုများ ပြုလုပ်‌ပေး‌နေရသည်ဟုလည်း သိရသည်။

မြိုင်ကြီးငူစစ်‌ပြေး‌ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောထွန်းက “ မိုင်းအန္တရာယ်က မြန်မြန်ရှင်းဖို့ကျ ‌နော်တို့လို လားတယ်။ အခုကျ‌နော်တို့ စစ်‌ပြေး‌ရှောင်က နယ်‌မြေမပြန်ရဲတာ မိုင်း‌ကြောင့်လည်းပါတယ်။ အခုက ‌ပြောသာ‌ပြောတယ်၊ ရွာပြန်တဲ့လူ‌တွေခဏခဏ မိုင်းနင်းမိတယ်။ ဘယ်သူမှမပြန်ရဲဘူး။ ကျ‌နော်တို့ ‌ပြောချင်တာက‌တော့မိုင်းကို မြန်မြန်ရှင်းလင်း‌ပေးပါလို့ပဲ ‌တောင်းဆိုချင်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် -NCA အခန်း ၃ ပါသ‌ဘောတူညီချက်များအရ ငြိမ်း ချမ်း‌ရေးတိုးတက်ဖြစ်‌ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များခင်းကျင်းထား‌သော မိုင်းများကို ရှင်းလင်း‌ရေးနှင့် မိုင်းရှင်း လင်း‌ရေး လုပ်ငန်းစဉ်များကို နိုင်ငံ‌တော်အစိုးရနှင့် တစ်ဆင့်ချင်း ညှိနှိုင်းပူး‌ပေါင်းလုပ်‌ဆောင်သွားရန် စသည့်အချက်များပါဝင်သည်။

လက်ရှိအချိန်တွင် ကုလသမဂ္ဂ ယူနီဆက်တို့၏ ကူညီမှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး‌ဆောင်ကာ ‌မြေမြုပ်မိုင်း ရှင်း‌ရေး လုပ်ငန်းများနှင့် ပညာ‌ပေး‌ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကရင်ပြည်နယ်အတွင်း ‌ဆောင်ရွက်မှု များရှိ‌နေသလို KNU နယ်‌မြေများအတွင်း လူထုနှင့်နီးကပ်သည့် ‌နေရာများတွင် မိုင်းရှင်းလင်း‌ရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထဖြင့် ရှင်းလင်းလုပ်‌ဆောင်‌နေမှုများလည်းရှိ‌ကြောင်း သိရသည်။