Home ဆောင်းပါး နာထူးစီ အခမဲ့ စာဖတ်ဝိုင်းက ပဲ့တင်သံများ

နာထူးစီ အခမဲ့ စာဖတ်ဝိုင်းက ပဲ့တင်သံများ

2334

စ’မနိုက်‌ဖေါင် (ဖားအံ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စုဝင်ဖြစ်တဲ့ ရသ‌ဝေါ်‌ကျေးရွာမှာရှိ‌နေတဲ့ “နာထူးစီ”လို့ အမည်‌ပေးထား တဲ့ အခမဲ့ စာဖတ်ဝိုင်းတစ်ခုရှိပါတယ်။ အဲ့ဒီစာဖတ်ဝိုင်းဟာ အနီးအနားမှာရှိ‌နေကြတဲ့ ရွာ ၃ရွာက က‌လေးသူငယ် ‌ကျောင်းသား ‌ကျောင်းသူ‌တွေဟာ ည‌နေ ‌နေဝင်‌နှောင်းချိန် ထမင်းစား‌သောက်ကြပြီး‌နောက်ပိုင်း နာထူးစီ အခမဲ့စာဖတ်ဝိုင်းမှာ ‌ပျော်ရွှင်စွာနဲ့ အတူတကွ လာ‌ရောက်စာဖတ်‌နေကြပါတယ်။

‌ကျောင်းဆို‌ပေမဲ့ ‌ဆောက်လုပ်ထားတဲ့ပုံက‌တော့ အမိုးက အင်ဖက်၊ ဝါးဘိုးတိုင်၊ ဝါးထရံအကာ‌တွေနဲ့ ‌ဆောက်လုပ်ထားတာ ဖြစ် ပါတယ်။ မြို့ကြီးပြကြီး‌တွေမှာလိုမျိုး လျှပ်စစ်မီး‌တွေ၊ ‌လေ‌အေးစက်‌တွေပါတဲ့ ‌ခေတ်မီတိုက်တာအ‌ဆောက်အဦး မဟုတ်‌ပေမယ့် လည်း အလွန်ရိုးရှင်းစွာ ‌ဆောက်လုပ်ထားတဲ့ အ‌ဆောက်အဦးတစ်ခုဖြစ်ပြီး သစ်ရိပ်ဝါးရိပ်‌တွေကြားမို့ ‌ကျောင်းရဲ့ပတ်ဝန်းကျင် သဘာဝ‌လေးဟာ စာကျက်လာကြတဲ့က‌လေး‌တွေကို ‌အေးမြ‌စေတာ အမှန်ပါ။

အခုလို အခမဲ့စာဖတ်ဝိုင်းကို လုပ်‌ဆောင်ရတဲ့ အ‌ကြောင်းရင်းက‌တော့ တစ်ချိန်ကဆိုရင် ကျူရှင်မတက်နိုင်ကြတဲ့ ‌ကျောင်းသူ ‌ကျောင်းသား‌တွေအတွက် အဓိက ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ ‌ဒေသခံရွာသား‌တွေက ‌ပြောကြားချက်အရ သိရပါတယ်။ ဒီ‌ကျောင်းမှာလည်း အများစုလာ‌ရောက်တက်‌နေကြတဲ့ က‌လေး‌တွေက ကျူရှင်‌ကြေး မတတ်နိုင်သူ‌တွေ ပိုများပါတယ်။ ‌နောက် ပိုင်း ဒီထက်မကတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ စွမ်းရည်မြှင့်တင်‌ရေး‌တွေကိုလည်း နိုင်တဲ့ဘက်က လုပ်‌ဆောင်‌ပေးတာကို လည်း ‌တွေ့မြင်ရပါတယ်။

‌ကျောင်းသူ‌ကျောင်းသား‌တွေက မိမိတို့‌ကျောင်းက ဆရာဆရာမ‌တွေ သင်ကြား‌ပေးထားတဲ့ ‌ကျောင်းသင်ခန်းစာ၊ ဘာသာရပ်‌တွေ ကို အိမ်ပြန်‌ရောက်လာလို့ မရှင်းလင်းတာ‌တွေရှိလာတဲ့အခါ ညပိုင်းမှာ ဖွင့်ထားတဲ့ ဒီအခမဲ့ စာဖတ်ဝိုင်းမှာ သွား‌ရောက်‌မေးမြန်း နိုင်တဲ့အတွက်‌ကြောင့် ဒီစာဖတ်ဝိုင်းမှာ လာတက်တာဖြစ်တယ်လို့ အဌမ(၈)တန်း‌ကျောင်းသူ နန်းမိုးမိုး‌အေးက ချိုသာတဲ့ မျက်နှာ ‌လေးနဲ့ ‌ပြောပါတယ်။

“သမီးတို့အိမ်မှာ စာကျက်ရင် ကျက်ချင်မှကျက်တယ်။ မကျက်ချင်ရင်လည်း ဘာမှမဖြစ်ဘူး။ မိဘ‌တွေက ဘယ်‌လောက်‌ပြော ‌ပြော နားမ‌ထောင်ဘူး။ အခုလို နာထူးစီမှာ စာလာကျက်ရတာ ‌ပျော်တယ်။ သူငယ်ချင်း‌တွေလည်း အများကြီးပါ‌တော့ ဒီမှာ စာ လာကျက်ရတာ‌ပျော်တယ်။ မသိတဲ့စာ‌တွေကို သူငယ်ချင်း‌တွေနဲ့စုပြီး ဒီမှာရှိတဲ့ ဆရာဆရာမ‌တွေကို ‌မေးလို့လည်းရတယ်။”လို့ ‌ပြောပါတယ်။

ရသ‌ဝေါ်ရွာမှာ ‌နေထိုင်တဲ့ ဦး‌ကျော်ကိုဟာ ‌ကျောင်းသားမိဘတစ်‌ယောက်ဖြစ်တယ်။ ဒီစာကျက်ဝိုင်း‌လေးရှိတာကို ‌ကျောင်းသား မိဘတစ်‌ယောက်အ‌နေနဲ့ သ‌ဘောကျမိတယ်လို့ အခုလို ‌ပြောပါတယ်။
“ကျ‌နော့်က‌လေး‌တွေက ဒီစာကျက်ဝိုင်းမှာ လာတက်တာ ပိုပြီး တိုးတက်လာတာ‌တွေ့ရတယ်။ အိမ်မှာ‌နေရင် စာဖတ်ခိုင်းလည်း သူတို့က မဖတ်ကြဘူး။ ကစားချင်လည်း ကစားကြတယ်။ ဒီလိုစာဖတ်ဝိုင်းရှိလာ‌တော့ မိဘအ‌နေနဲ့ အများကြီး သက်သာလာတာ ‌ပေ့ါ။”လို့ ‌ပြောပါတယ်။

ဒီစာဖတ်ဝိုင်းကို ၂၀၁၂ခုနှစ်မှာ ‌စော‌ဌေး‌ကျော်မျိုးဆိုသူက ရွာမှာရှိတဲ့‌ကျောင်းဆရာမတစ်ဦးနဲ့အတူ စတင်ထူ‌ထောင်ပြီး စာဖတ်ဝိုင်းရဲ့ စီမံခန့်ခွဲမှုနဲ့ သင်ကြားမှု ကဏ္ဍနှစ်ခုမှာ တစ်ဦးစီခွဲပြီး တာဝန်ယူလာခဲ့သလို စာဖတ်ဝိုင်း ထူ‌ထောင်ရတဲ့ အရင်းခံ အ‌ကြောင်းတရားကို ‌စော‌ဌေး‌ကျော်မျိုးက အခုလို ‌ပြောပါတယ်။

“ကျ‌နော်တို့ နိစ္စဓူဝကြုံ‌တွေ့ရတဲ့ ပညာ‌ရေးအ‌ခြေအ‌နေ‌တွေက စိတ်မသက်မသာ အားမလို အားမရတာ‌တွေ ဖြစ်မိတယ်။ အဲဒါကို ကျ‌နော်တို့က တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်‌ဆောင်ရခြင်းဖြစ်တယ်။ အ‌ကြောင်းရင်းက‌တော့ ၂၀၁၂ခုနှစ် မတိုင်ခင် ကျူရှင်ဆို တဲ့ အ‌ခေါ်‌ဝေါ်‌တွေ‌ပေါ့‌လေ။ တက်နိုင်တဲ့က‌လေးနဲ့ မတက်နိုင်တဲ့က‌လေး‌တွေရှိတယ်။ ပညာသင်ယူ‌နေကြတဲ့ က‌လေး‌တွေအား လုံး ပညာ‌ရေးကဏ္ဍမှာ ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေရဖို့အတွက် အခုလို အခမဲ့စာကျက်ဝိုင်းကို လုပ်‌ဆောင်ရခြင်း ဖြစ်ပါ တယ်”လို့ ‌ပြောပါတယ်။

စာဖတ်ဝိုင်းကို‌တော့ ‌ကျောင်းချိန်‌နောက်ပိုင်း ည‌နေ ၆နာရီက‌နေ ညပိုင်း ၉နာရီခွဲ‌လောက်အထိ ဖွင့်လှစ်ထားပါတယ်။ ‌ကျေးရွာမှာ ရှိကြတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေကလာပြီး ကိုယ့်ဖာသာ စာကျက်တဲ့သူကျက်၊ အချင်းချင်း စာ‌တွေကို ‌မေးမြန်းကြပြီး မသိ ခဲ့ရင်လည်း ရှိ‌နေတဲ့ ဆရာ၊ ဆရာမများကို ‌မေးမြန်းလို့ရတဲ့အတွက်‌ကြောင့်ပါ။

စ‌နေ တနဂင်္‌နွေ‌နေ့‌တွေမှာ‌တော့ နာထူးစီ စာဖတ်ဝိုင်းမှာ က‌လေး‌တွေက စာကျက်စာဖတ်ကြတာအပြင် စာစီစာကုံး‌ရေးတာမျိုး ‌တွေ၊ ကဗျာ‌ရေးတာမျိုး‌တွေနဲ့ တခြားဖွံ့ဖြိုး‌ရေး‌တွေ အားကစားတာ‌တွေ စတဲ့ လုပ်‌ဆောင်မှုမျိုးလည်း လုပ်‌ဆောင်‌ပေး‌နေတယ်လို့ ‌စေတနာ့ဝန်ထမ်း ဆရာ‌စောစိန်သိန်း‌အောင်က ‌ပြောပါတယ်။

“‌ကျောင်းပိတ်ရက်‌တွေမှာ ကျ‌နော်တို့က က‌လေး‌တွေအတွက် စာစီစာကုံး‌တွေ ‌ပေး‌ရေးခိုင်းပြီး ပြိုင်ခိုင်းတာ‌တွေမျိုးလည်း ရှိပါ တယ်။ စကားရည်လုပွဲ လုပ်တာရှိတယ်။ ပြီး‌တော့ ဗဟုသုတတိုးလာ‌အောင် Game ‌တွေ ကစား‌ပေးတာမျိုးလည်းရှိတယ်။ ‌နောက် ပြင်ပအ‌နေနဲ့ သူတို့‌တွေရဲ့ ယဉ်‌ကျေးမှုအက‌တွေလည်း သင်ကြား‌ပေးပါတယ်။”လို့ သူက ‌ပြောပါတယ်။

‌ကျောင်းဆရာမတစ်‌ယောက်တည်းနဲ့ စတင်လာခဲ့တဲ့ ဒီအခမဲ့စာဖတ်ဝိုင်း‌လေးဟာ အခုဆိုရင် ဆရာ၊ ဆရာမ ၈‌ယောက်အထိ ရှိ‌နေပြီး ဖြစ်ပါတယ်။ ဆရာဆရာမအားလုံးအား အခ‌ကြေး‌ငွေမယူဘဲ ‌စေတနာရှင်အ‌နေနဲ့ လုပ်‌ဆောင်‌ပေး‌နေကြတာပါ။ ဒါ‌ပေမဲ့ စာဖတ်ဝိုင်းဟာ ညပိုင်းဖြစ်တာ‌ကြောင့် က‌လေး‌တွေ အသွားအပြန်‌တွေမှာ စိုးရိမ်စရာ‌တွေရှိတယ်လို့ ဆိုကြပါတယ်။

ဒီစာဖတ်ဝိုင်းကို ပုံမှန် လည်ပတ်နိုင်ဖို့အတွက် အခက်အခဲ‌တွေ‌တော့ ရှိ‌နေပါ‌သေးတယ်။ အ‌ဆောက်အဦးနဲ့ စာ‌ရေးကိရိယာ‌တွေ၊ သင်ကြားမှု အသုံးအ‌ဆောင်ပစ္စည်း‌တွေလည်း လိုအပ်‌နေတာ‌ကြောင့် အဲဒီအခက်အခဲကို ‌ဖြေရှင်းနိုင်ဖို့အတွက် ရန်ပုံ‌ငွေအဖွဲ့ကို ဖွဲ့စည်း‌ပေးလိုက်ပါတယ်။ အဲဒီအဖွဲ့ဟာ ‌ကျေးရွာလူထု‌တွေဆီက ‌စေတနာအ‌လျောက် ထည့်ဝင်‌ငွေ‌တွေကို ‌ကောက်ခံကြပါတယ်။ ပုံမှန် လည်ပတ်ဖို့အတွက်‌တော့ ‌ကျေးရွာက လူထု‌တွေက ‌စေတနာအားဖြင့်‌တော့ ထည့်ဝင်ကြ‌ပေမယ့်လို့ ‌ရေရှည်အတွက် ကုန် ကျမယ့် အ‌ဆောက်အဦးတို့၊ သင်‌ထောက်ကူပစ္စည်း‌တွေအတွက်‌တော့ ရန်ပုံ‌ငွေ အလုံအ‌လောက်‌တော့ မရ‌သေးပါဘူးလို့ ရန်ပုံ ‌ငွေအဖွဲ့ဝင်သူ ‌စော‌ရွှေရိုးက ဆိုပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒီစာဖတ်ဝိုင်းဟာ ၄နှစ်အတွင်းမှာ ‌အောင်မြင်မှု‌တွေကိုမြင်‌တွေ့ကြတယ်လို့ တည်‌ထောင်သူ‌တွေ‌ရော၊ ဆရာ၊ ဆရာ မ‌တွေကပါ ‌ပြောကြပါတယ်။ ဒီစာဖတ်ဝိုင်းကို ဖြစ်‌မြောက်‌အောင် လုပ်‌ဆောင်‌ပေးတဲ့သူ‌တွေ အားလုံးဟာ အခ‌ကြေး‌ငွေ မရ‌ပေ မယ့်လို့ သူတို့ရရှိလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုက‌တော့ ‌ကျေနပ်မှုဆိုတဲ့ ပီတိပါပဲ။”လို့ ‌စော‌ရွှေရိုးက ဆက်‌ပြောပါ တယ်။

ပိုးကရင်(အ‌ရှေ့)စကားနဲ့ဆို “ဏါ‌ထေါဝ်.‌စေဝ်”လို့ ‌ခေါ်‌ဝေါ်တဲ့ နာထူစီ စကားလုံးဟာ ဗမာလိုအဓိပ္ပါယ်က “‌ငွေဓါးရိုး”ဖြစ်ပါတယ်။
ဒီနာမည်ကို ‌ပေးရတဲ့အ‌ကြောင်းရင်းက‌တော့ အဓိက ပညာရဲ့အစွမ်းထက်မှုကို ဓါးရဲ့ ထက်မြက်မှုနဲ့ တင်စားထားတာ ဖြစ်ပါ တယ်။ အမြင့်ကို၊ အ‌ဝေးကို မြင်‌စေချင်ရင် ဓါးနဲ့ ခုတ်ထွင်ရှင်းလင်း‌ပေးရသလို ပညာဆိုတာဟာလည်း လူ့ဘဝမြင့်မားမှု‌တွေ၊ ‌အောင်မြင်မှု‌တွေ၊ အမြင်ကျယ်မှုနဲ့ ဗဟုသုတကြွယ်ဝမှုကို ဖန်တီးရယူနိုင်တာ‌ကြောင့် နာထူးစီ အခမဲ့ စာဖတ်ဝိုင်း‌လေးဟာလည်း ထက်မြက်တဲ့ ပညာရှင်‌တွေ ‌မွေးထုတ်သွားဖို့ ဖြစ်ပါ‌ကြောင်း ရည်ညွှန်းဂုဏ်ပြုလိုက်ရပါတယ်။