Home ကဗျာ ‌ရွှေပြည်‌တော်ရယ် ဘယ်မ‌ဝေး

‌ရွှေပြည်‌တော်ရယ် ဘယ်မ‌ဝေး

1971
(လကင်္ာဒီပ)
၂၂ နိုဝင်ဘာ၊ ၂၀၁၅

‌နေ့‌တွေ လ‌တွေ နှစ်‌တွေ
‌ကြွေလွင့်ကူး‌ပြောင်းသွားတာ ‌တွေ့ဖူးမယ်
‌နေရယ် လရယ် ကြိမ်ကြိမ်လီလီ
ဖီလာ‌ခေါက်တုံ့ ‌ရွေ့လျား
မျက်ဝါးထင်ထင် ကြုံဖူးမယ်
တကယ်‌တော့ အချိန် အပိုင်းအခြား
စပ်ကြားကာလတိုင်းမှာ
မင်းဟာ ယုံကြည်‌မျှော်လင့်ခြင်း
ဇွဲမာန်တင်း လုပ်လက်စအလုပ်‌တွေ
မ‌တွေ‌ဝေဘဲ ခရီးဆက်နိုင်ရင်သာ
မင်းဟာ ‌တော်လှန်‌ရေးသမား‌ကောင်းတစ်‌ယောက်‌ပေါ့။

စာနာနားလည်တတ်ပြီး
သည်းခံမြိုသိပ်ခြင်း‌တွေနဲ့
အဖက်ဖက်က ‌ပေးဆပ်
လက်‌တွေ့ကျကျ အလုပ်လုပ်ပြခြင်းနဲ့
လူထုရဲ့ ‌ချွေးမျက်ရည်‌တွေသုတ်‌ပေးရင်း
ထင်‌သေးခြင်းကင်းစွာ လက်တွဲ‌ခေါ်နိုင်ရင်သာ
မင်းဟာ မှန်ကန်တဲ့စည်းရုံး‌ရေး
အ‌တွေးအ‌ခေါ်သမား‌ကောင်းတစ်‌ယောက်‌ပေါ့။

ရန်သူမြူဆွယ်တဲ့မာယာ
‌သွေး‌ဆောင်ကာ ဖြား‌ယောင်းခြင်းမှာ
ပါးနပ်စွာ ‌ရှောင်ကွင်းတတ်သူ
ရယူချင်တဲ့ ‌အောင်နိုင်မှုစုစု
အားစိုက်မှုပြု ကြိုးစားစွန့်ရုံး
ဆုံးရှုံးပျက်စီးခြင်း ‌လျော့ချ‌လျော့နည်း‌စေ
ကိုယ့်အ‌နေသဘာဝ ညီမျှခြင်းရှာနိုင်ရင်သာ
မင်းဟာ တိုက်ခိုက်‌ရေးသမား‌ကောင်းတစ်‌ယောက်‌ပေါ့။

စစ်မှန်တဲ့ ရင်ခုန်သံ ငို‌ကြွေးသံ‌တွေ
‌ခြေ‌ခြေမြစ်မြစ်ကြားတတ်ရင်
ဘုရင်ကို‌တောင်မှ အမှန်တရားအတွက်
‌စေ့‌စေ့စပ်စပ်‌ပြောရဲရင်
‌နောင်ကျဉ်သွား‌စေမယ့်စကား
ပြတ်ပြတ်သားသား‌ပြောရဲရင်
ထင်မြင်ခြင်း ‌တွေ့မြင်ခြင်း
အကင်းပါး စာရင်းဇယားထားတတ်
ဆုံးဖြတ်ချက် မှန်ကန်ခွဲခြားဆင်ခြင်နိုင်ရင်သာ
မင်းဟာ နိုင်ငံ‌ရေးသမား‌ကောင်းတစ်‌ယောက်ဖြစ်ပြီ‌ပေါ့။

အရှုံးမ‌ပေးနဲ့သူငယ်ချင်း
ရွက်လွှင့်ရင်း တက်ကျိုးခဲ့တာမို့
လက်ထိုးလို့သာ ‌လှော်ခတ်လာလိုက်
ဆိုက်ဆိုက်မြိုက်မြိုက် ပန်းတိုင်ကို တစ်‌နေ့‌ရောက်မယ်
နင်ရယ် ငါရယ် ပြန်ဆုံမယ်
‌ရွှေပြည်ရယ် ဘယ်‌တော့မှမ‌ဝေးဘူး သူငယ်ချင်း။