Home သတင်း အစိုးရ၏ ခရိုင်အဆင့်နှင့် နယ်စပ်ရှိ ကျန်းမာ‌ရေးအဖွဲ့များ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု တိကျသည့် သ‌ဘောတူညီချက်မရ‌သေး

အစိုးရ၏ ခရိုင်အဆင့်နှင့် နယ်စပ်ရှိ ကျန်းမာ‌ရေးအဖွဲ့များ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု တိကျသည့် သ‌ဘောတူညီချက်မရ‌သေး

1540
နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကျန်းမာ‌ရေး ပူး‌ပေါင်းလုပ်‌ဆောင်မှုဆိုင်ရာ ‌ရှေ့လုပ်ငန်များနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်ရှိ ခရိုင်အဆင့် ကျန်းမာ‌ရေးဋ္ဌာန တာဝန်ရှိသူများနှင့် နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့ (၄)ဖွဲ့တို့ နိုဝင်ဘာလ ၂ဝရက်‌နေ့က ပြုလုပ်သည့် ‌တွေ့ဆုံမှုတွင် တိကျသည့် သ‌ဘောတူညီချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်းမရှိ‌ကြောင်း နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများက ဆိုသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် ပြုလုပ်သည့် ‌တွေ့ဆုံမှုကို ပြည်နယ်အဆင့် ကျန်းမာ‌ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ‌တွေ့ဆုံရန် စီစဉ်ထား‌သော်လည်း အဆိုပါ တာဝန်ရှိသူများ မလာ‌ရောက်နိုင်သဖြင့် ခရိုင်အဆင့် တာဝန်ရှိသူများနှင့်သာ ‌ဆွေး‌နွေးနိုင်ခဲ‌ကြောင်း နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWT ၏ ဒါရိုက်တာ‌စောဝင်း‌ကျော်က ယခုလို ‌ပြောသည်။

“သူတို့အ‌နေနဲ့က‌တော့ အ‌ကောင်းဆုံးဖြစ်‌အောင် ကြိုးစားပြီး ဝိုင်းလုပ်ကြမယ်လို့‌တော့ ‌ပြောသွားတယ်။ ‌လော‌လော ဆယ် သူတို့ဘက်က ဆုံးဖြတ်ချက် မချ‌ပေးနိုင်ဘူး‌ပေါ့‌နော်။ ဆုံးဖြတ်ချက်ချ‌ပေးနိုင်တဲ့သူ မဟုတ်တဲ့အခါကျ‌တော့ ကျ‌နော်တို့ တင်ပြ‌ဆွေး‌နွေးချက်‌တွေကို ယူသွားပြီး သက်ဆိုင်ရာ ပြည်နယ်အဆင့် ဗဟိုအဆင့်အထိ တင်ပြ‌ပေးသွား မယ်လို့‌ပြောတယ်”ဟု ‌စောဝင်း‌ကျော်က ‌ပြောသည်။

‌တွေ့ဆုံမှုတွင် မြဝတီနှင့် ‌ကော့ကရိတ်ခရိုင်များအတွင်းရှိ ကျန်းမာ‌ရေးဌာနဆိုင်ရာ ကိုယ်စားလှယ် ၆ဦးနှင့်အတူ နယ်စပ်ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြစ်သည့် မယ်‌တော်‌ဆေးခန်း MTC၊ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန KDHW၊ မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း-BMA ၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့- BPHWT မှ ကိုယ်စားလှယ်များ ‌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထို‌တွေ့ဆုံမှုနှင့်ပတ်သက်၍ Burma Medical Association မှ ဒါရိုက်တာ‌စော‌နေထူးက “အဓိက က‌တော့ ကရင်ပြည် နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံက‌နေ အကူအညီ‌ပေးတဲ့ ပဏာမ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု SDC Project ကို အ‌ခြေခံပြီး‌တော့ ‌ရှေ့ဆက် ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင်မလဲ ဆိုတာကို ‌ဆွေး‌နွေးတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌တွေ့ဆုံရာတွင် SDC Project ‌အောက်၌ လုပ်‌ဆောင်‌နေသည့် မိခင်နှင့်က‌လေး ကျန်းမာ‌ရေးဝန်‌ဆောင်မှုအ ပြင် ကာကွယ်‌ဆေးလုပ်ငန်းများတွင် နှစ်ဖက် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်မည့် အ‌ခြေအ‌နေများ၊ ပ‌ရော့ဂျက် ဧရိယာအ တွင်းရှိ အစိုးရကျန်းမာ‌ရေး‌ဆေးခန်း (၁၀)ခုကို သင့်‌လျော်သည့်အချိန်ကာလတွင် လွဲ‌ပြောင်း‌ပေးနိုင်သည့် အ‌ခြေအ‌နေ ရှိမရှိ စသည့် အဓိကအချက်(၃)ချက်ကို ‌တောင်းဆို‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။

နယ်စပ်အ‌ခြေစိုက် ယင်းကျန်းမာ‌ရေးအဖွဲ့ (၄)ဖွဲ့အ‌နေဖြင့် ဆွစ်ဇာလန်နိုင်ငံမှ အကူအညီ‌ပေးသည့် SDC Project ကို ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့်မြို့နယ်များတွင် ၂၀၁၅ခုနှစ်၊ ‌မေလမှစတင်ကာ ကိုယ်ဝန်‌ဆောင်သားဖွား၊ မိသားစုစီမံကိန်း ပညာ‌ပေးမှုများ၊ ကျန်းမာ‌ရေး အသိပညာဆိုင်ရာ သင်တန်းများ၊ ရပ်ရွာကျန်းမာ‌ရေး‌ကော်မတီများ ဖွဲ့စည်း‌ပေးခြင်း၊ ကာကွယ်‌ဆေးထိုး‌ပေးခြင်း စသည့်ပဏာမ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများကို အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူများနှင့် နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေး အကူအညီ‌ပေး‌နေသည့် အဖွဲ့တို့မှာ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ မကြာခဏ ပြုလုပ်‌လေ့ရှိပြီး လာမည့် ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံ ‌တွေ့ဆုံရန် အစီအစဉ်ရှိ‌ကြောင်း သိရသည်။