Home ထိပ်တန်းသတင်း ကရင်အမျိုးသားစီမံကိန်း အ‌ထောက်အကူပြု လူငယ်လုပ်ငန်းအဖွဲ့ KYN ဖွဲ့စည်းသွားမည်

ကရင်အမျိုးသားစီမံကိန်း အ‌ထောက်အကူပြု လူငယ်လုပ်ငန်းအဖွဲ့ KYN ဖွဲ့စည်းသွားမည်

1698
နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်လူငယ်ကွန်ယက်-KYN မှ ကရင်အမျိုးသားစီမံကိန်း အ‌ထောက်အကူပြုလူငယ်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားရန် ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်‌ကျေးရွာတွင် နိုဝင်ဘာ ၁၅ရက်မှ ၁၈ရက်‌နေ့အထိ ပြုလုပ်သွားခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်‌တွေ့ဆုံပွဲ၌ တက်‌ရောက်လာခဲ့သည့် ကရင်လူငယ်များက သ‌ဘောတူဆုံးဖြတ်ခဲ့ကြသည်။

၎င်း‌တွေ့ဆုံပွဲ၌ ကရင်အမျိုးသားစီမံကိန်း၊ ကရင့်အနာဂတ်နှင့် ကရင်လူငယ်များ၏အခန်းကဏ္ဍ အ‌ကြောင်းအရာများကို အဓိက ထား ‌ဆွေး‌နွေးခဲ့သလို ကရင်လူငယ်ကွန်ယက်အား ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်ရန် ကိုယ်စားပြုမှုပုံစံများကို စဉ်းစား ခဲ့ကြပြီး ‌ဒေသအလိုက်နှင့် အမျိုးသားအဆင့် ဆက်သွယ်‌ရေးနှင့် ချိတ်ဆက်‌ဆောင်ရွက်မှုအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းကို KYN လက်စွဲစာအုပ်ပါ လမ်းညွန်ချက်အတိုင်း ဖွဲ့စည်းသွားရန် ‌ဆောင်ရွက်ခဲ့သည်။

KYN ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောဖိုးခွားကြီးက “အခု‌လော‌လောဆယ်‌တော့ ကရင်အမျိုးသားစီမံကိန်း အ‌ထောက်အကူပြုလူငယ် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားဖို့ကို သ‌ဘောတူခဲ့ကြတယ်။ သ‌ဘောထားကို ရယူပြီး‌တော့မှ သ‌ဘောတူဆုံးဖြတ်တဲ့ အ‌နေအထားပဲ ရှိ‌သေးတယ်။ ‌နောက်ပြီး အခု တတိယအကြိမ် ‌တွေ့တဲ့အခါကျမှ ‌ဒေသစုံသွားတယ်။ အဓိကအားဖြင့်‌တော့ ကယားက ပါလာ တယ်။ ဒီ‌တွေ့ဆုံမှုက‌နေ ဗဟို Communication and Coordinating Team-CCT ၉ဦးက‌နေ ၁ဝဦးကို အသစ် ပြန်ဖွဲ့နိုင်ခဲ့တယ်״ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေးရက်ကြာ‌တွေ့ဆုံပွဲ၌ CCT အဖွဲ့ကို ‌ဒေသအဆင့်အထိ ဖွဲ့စည်းသွားရန်ရှိသည့်အပြင် အမျိုးသားစီမံကိန်း အ‌ထောက်အကူပြု အဖွဲ့ကို ပံ့ပိုးရန် အ‌ထောက်အကူပြုအဖွဲ့(Supporting Team-ST)ကိုပါ ဖွဲ့စည်းသွားရန် သ‌ဘောတူညီမှုရရှိခဲ့ကြသည်။ ၎င်း CCT အဖွဲ့ဝင်များသည် လာမည့် ကရင်နှစ်သစ်ကူး‌နေ့ မတိုင်ခင် ‌တွေ့ဆုံသွားရန်ရှိပြီး ‌ရှေ့လုပ်ငန်းစဉ်များကို ဆက်‌ဆွေး‌နွေးသွားရန် လည်း သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြ‌ကြောင်း ‌စောဖိုးခွားကြီးက ဆက်‌ပြောသည်။
IMGP2151
မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်‌တွေ့ဆုံပွဲသို့ ကရင်၊ ကရင်နီ(ကယား)နှင့် မွန်ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနသင်္ာ ရီတိုင်း‌ဒေသကြီး၊ အထက်မြန်မာပြည် အပါအဝင် ထိုင်းမြန်မာနယ်စပ်ရှိ လူမှု‌ရေး၊ စာ‌ပေ၊ အနုပညာ၊ ယဉ်‌ကျေးမှုဆိုင်ရာ နယ် ပယ်စုံရှိ ကရင်လူငယ်ကိုယ်စားလှယ်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ နယ်ခြား‌စောင့်တပ်ဖွဲ့တာဝန်ရှိသူများ၊ ကရင့်‌ရေးရာ‌ကော်မတီအဖွဲ့ဝင်များ စုစု‌ပေါင်း ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

လူငယ်‌တွေ့ဆုံပွဲအပြီး ထုတ်ပြန်သည့် အချက် ၆ချက်ပါ ‌ကြေညာချက်တွင် NCA လက်မှတ်ထိုးခြင်းအ‌ပေါ် ကြိုဆို‌သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အားလုံး မပါဝင်သည့်အ‌ပေါ် စိုးရိမ်‌ကြောင်း၊ အားလုံး ပါဝင်လာ‌အောင် အမြန်ဆုံး ‌ဆောင်ရွက်‌ပေး ရန်နှင့် လက်ရှိ မြန်မာပြည်‌မြောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်‌နေမှုများကို အမြန်ဆုံးရပ်ဆိုင်း‌ပေးရန် တိုက်တွန်းထားသည်။

ထို့အပြင် ၂၀၁၅‌ရွေး‌ကောက်ပွဲ၌ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD အနိုင်ရရှိမှုအ‌ပေါ် KYN က ဂုဏ်ပြုထားသလို ကရင်နိုင်ငံ ‌ရေးပါတီများ အနိုင်မရ‌သော်လည်း အမျိုးသားအကျိုး ဆက်လုပ်ရန်နှင့် ဖြစ်‌ပေါ်လာမည့် အစိုးရသစ်အ‌နေဖြင့် တိုင်းရင်းသားအ ‌ရေးနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အ‌လေးထား ‌ဆောင်ရွက်‌ပေးရန် ထုတ်ပြန်ချက်တွင် ‌ဖော်ပြ‌တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က အဆိုပါတစ်နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်‌တွေ့ဆုံပွဲကို ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်တွင် ပထမဆုံး အကြိမ်၊ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာတွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ်တွင် တက်‌ရောက်လာသည့် ကရင်လူငယ်များအား ဂုဏ်ပြုသည့်အ‌နေဖြင့် မဲဆမိတ်ဆရာ‌တော်၏ မိတ်ကမ္ဘာစာကြည့်တိုက်ဖွင့်ပွဲကိုပါ တစ်ပါတည်း ပြုလုပ်ခဲ့သည်။