Home သတင်း ကျင့်ဝတ်သိက္ခာမညီ၍ တိုင်စာပို့ခံရသူ ‌ကျောင်းအုပ်ကြီးကိစ္စ တစ်ဆင့်ချင်း စစ်‌ဆေးသွားမည်ဟု ပြည်နယ်ပညာ‌ရေးမှူး ‌ပြောဆို

ကျင့်ဝတ်သိက္ခာမညီ၍ တိုင်စာပို့ခံရသူ ‌ကျောင်းအုပ်ကြီးကိစ္စ တစ်ဆင့်ချင်း စစ်‌ဆေးသွားမည်ဟု ပြည်နယ်ပညာ‌ရေးမှူး ‌ပြောဆို

1461
နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

‌ကျောင်းဆရာများ၏ ကျင့်ဝတ်သိက္ခာနှင့် မကိုက်ညီ‌သောလုပ်ရပ်များကို ‌ကျောင်းတွင်း ကျင့်သုံးပြုမူ‌နေသည်ဟု တိုင်စာပို့ထားခံ ရသည့် လှှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံ မြို့၊ ‌ပေါင်‌ကျေးရွာ အထက်တန်း‌ကျောင်းခွဲ၏ ‌ကျောင်းအုပ်ကြီးကို တစ်ဆင့်ခြင်း စစ်‌ဆေးလုပ် ‌ဆောင်သွားရန်ရှိသည်ဟု ကရင်ပြည်နယ် ပညာ‌ရေးဦးစီးဋ္ဌာနမှူး ဦး‌အောင်‌မောင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ကျောင်းအုပ်ဆရာကြီးမှာ ‌ကျောင်းသူများအား ပါးရိုက်ခြင်း၊ ‌ကျောင်းဆရာမများ ကာယအိ‌န္ဒြေပျက်သည့် တင်ပါးကို လက်နှင့်ရိုက်ပုတ်ခြင်းအပြင် ‌ကျောင်းအကျိုး‌တောင်‌ဆောင်များကို အသိမ‌ပေးဘဲ ‌ထောက်ပံ့‌ငွေများကို အသုံးပြုခြင်း၊ ‌ကျောင်း ‌ကော်မတီတို့ကိုလည်း လျစ်လျူရှုထားခြင်း စသည့် ချိုး‌ဖောက်မှု ၆ချက်‌ကြောင့် ထိုကိစ္စအ‌ပေါ် အ‌ရေးယူ ‌ဆောင်ရွက်‌ပေးရန် လှိုင်းဘွဲမြို့နယ်နှင့် ပြည်နယ် ပညာ‌ရေးဦးစီးဋ္ဌာနများသို့ ‌ပေါင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးနှင့်အဖွဲ့ဝင်များက ‌အောက်တိုဘာလ ၁၉ ရက်‌နေ့က သွား‌ရောက်တင်ပြခဲ့ကြသည်။

၎င်းတိုင်ကြားစာနှင့် ပတ်သက်၍ ကရင်ပြည်နယ်ပညာ‌ရေးမှူး ဦး‌အောင်‌မောင်းက ”တိုင်စာ‌ရောက်လာတဲ့အ‌ပေါ်မှာ အခု မြို့နယ်က ‌ရှေးဦးစုံစမ်းစစ်‌ဆေးပါတယ်။ အဲဒါနဲ့မပြီးရင် ဌာနဆိုင်ရာ စုံစမ်းစစ်‌ဆေးခြင်းနဲ့ စစ်‌ဆေးမှာ ဖြစ်တယ်။ ‌ရွေး‌ကောက်ပွဲကာလမှာ ဖြစ်လာတဲ့အတွက်‌ကြောင့်၊ ပြီး‌တော့ ‌ကျောင်းပိတ်ထားတာ ဖြစ်တဲ့အခါကျ‌တော့ မြို့နယ်မှူးနဲ့ပါ ညှိနှိုင်းပြီး ‌ဆောင်ရွက်သွားခိုင်းထားပါတယ်။ တခါတ‌လေ အဖြစ်မှန်ဖြစ်ဖို့ အ‌ရေးကြီးတယ်”ဟု ‌ကေအိုင်စီသို့ ဆိုသည်။

၎င်းစာသင်‌ကျောင်းကို ၂၀၁၃ ခုနှစ်မှစ၍ အထက်တန်း‌ကျောင်း(ခွဲ)အဖြစ် ပညာ‌ရေးဋ္ဌာနက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အထက်တန်း ‌ကျောင်းသူ‌ကျောင်းသားများအတွက် ‌ကျောင်းဖွင့်ရက်များ၌ မနက် ၈နာရီမှ ‌ကျောင်းချိန် ၉နာရီအထိ၊ ည‌နေ‌ကျောင်းဆင်းချိန် ၃း၁၅နာရီမှ ၄နာရီအထိအပြင် စ‌နေ‌နေ့တိုင်းလည်း ‌ကျောင်းမှ ဆရာမများနှင့် အဂင်္လိပ်စာသင် ပြင်ပဆရာတစ်ဦးတို့က ဘာသာ စုံ အချိန်ပို သင်ကြား‌ပေး‌နေ‌ကြောင်း သိရသည်။

သို့‌သော် ‌ကျောင်းသားမိဘများက ငှားရမ်းထားသည့် အချိန်ပို အဂင်္လိပ်စာသင် ပြင်ပ‌ကျောင်းဆရာတစ်ဦးကို ‌ကျောင်းအုပ်ကြီးက အထက်တန်းပြ ‌ကျောင်းဆရာမများ၏ အတည်ပြု လက်မှတ်ကိုရယူကာ အလုပ်ထုတ်လိုက်သည့်အပြင် ‌အောက်တိုဘာ ‌ကျောင်းပိတ်ရက်အပြီး ‌ကျောင်းပြန်ဖွင့်ချိန်၌ ‌ကျောင်းသားမိဘများအား ‌ကျောင်းဝင်းအတွင်းသို့ ဝင်‌ရောက်ခြင်းမရှိရန်လည်း အမိန့်ထုတ် ညွှန်ကြားထားခဲ့‌ကြောင်း ရွာသူရွာသားများနှင့် ‌ကျောင်းအကျိုး‌တော်‌ဆောင်များက နိုဝင်ဘာ ၁၄ရက်‌နေ့က ‌ပြောသည်။

ထို့အတွက် အထက်တန်း‌ကျောင်းသူ ‌ကျောင်းသားများ၏ ပညာ‌ရေးကို ထိခိုက်ကာ စာ‌မေးပွဲ‌အောင်ချက်မ‌ကောင်းဘဲဖြစ်မည်ကို စိုးရိမ်‌ကြောင်းလည်း လက်‌ထောက် ‌ကျောင်းအုပ်ဆရာမ အပါအဝင် ကျန်ဆရာ/မများနှင့် ‌ကျေးရွာရပ်မိရပ်ဖများက ‌ပြောဆို‌နေ ကြသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားခံရသည့် ‌ကျောင်းအုပ်ဆရာကြီး ဦးကြည်‌ဝေအား ဆက်သွယ်‌မေးမြန်းရာ ၎င်းက “အဲဒီ ကိစ္စနဲ့ပတ်သက်လို့ အကြီးအကဲ‌တွေကို တိုင်ထားတယ်ဆို‌တော့ အကြိီးအကဲ‌တွေကလည်း ဆရာ့ကို စစ်‌ဆေးမှာပါ။ ‌ကျေးရွာအုပ် ချုပ်‌ရေးမှူး၊ အကျိုး‌တော်‌ဆောင်အဖွဲ့နဲ့ ကျ‌နော်တို့‌တွေက ‌ကျေးရွာရဲ့ ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပညာ‌ရေးအတွက် ဆက်လက်ပြီး အတူ လက်တွဲ လုပ်‌ဆောင်ကြရမယ့်လူ‌တွေဖြစ်တယ်။ အမြင်လွဲမှားတာတို့၊ သ‌ဘောထားချင်း မတိုက်ဆိုင်တာတို့ အခိုက်တန့်အားဖြင့် ရှိပါတယ်။ ကျ‌နော် လူကြီးတစ်‌ယောက်အ‌နေနဲ့ အဲဒီအ‌ပေါ်မှာ အာဃာတ‌တွေ မရှိပါဘူး။ ‌အေး‌အေး‌ဆေး‌ဆေး ‌ပြေလည်‌အောင် ညှိနှိုင်း‌ဆောင်ရွက်ဖို့ကိုပဲ ဆန္ဒရှိပါတယ်”ဟု ‌ကေအိုင်စီသို့ တုန့်ပြန်‌ဖြေကြားခဲ့သည်။

ထို့အပြင် အချိန်ပိုများ ပိတ်လိုက်ခြင်းမှာ ‌ရွေး‌ကောက်ပွဲကာလ ၂ပတ်အတွင်းသာဖြစ်ပြီး နိုဝင်ဘာ ၂ရက်‌နေ့မှစ၍ အချိန်ပိုကို ပုံမှန် ပြန်သင်‌နေသလို ဆယ်တန်း‌အောင်ချက်မြင့်မားဖို့ကိုလည်း မထိခိုက်‌စေရန် ညစခန်းသွင်းခြင်းများ ပြန်လုပ်သွားမည်ဖြစ် ‌ကြောင်းလည်း ‌ကျောင်းအုပ်ဆရာကြီးက ဖြည့်စွက်‌ပြောသည်။

‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောဝင်း‌ရွှေက “တိုင်စာက‌တော့ ကျ‌နော်တို့ပဲ သွားတင်ပြတာပါ။ ကျ‌နော်တို့ရွာ‌ကျောင်းမှာ ‌ကျောင်းအုပ် ‌တွေက ၅‌ယောက်၊ ၆‌ယောက်‌လောက် ရှိပြီ။ ဒီလိုမျိုးလုပ်ရပ် ပြုမူတာ တစ်ခါမှမရှိခဲ့ဘူး။ ပိုဆိုးတာက ‌ကျောင်းသူတစ်ဦးကို ပါးနှစ် ချက် ရိုက်လိုက်တာပါပဲ။ အရင်ကလည်း အခြားကိစ္စ‌တွေ ‌ပြောရမှာရှက်လို့ မ‌ပြောတာ‌တွေလည်း အများကြီးရှိပါတယ်။ အများက ‌တော့ ဒီဆရာကြီးကို ဒီ‌ကျောင်းမှာ ဆက်မလုပ်‌စေချင်‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်ပညာ‌ရေးဦးစီးဋ္ဌာနမှူး ဦး‌အောင်‌မောင်းက “ကျ‌နော်တို့မှာက ဒီ‌ကျောင်းအုပ်‌တွေကို အစားထိုးဖို့လူရှာဖို့ လတ်တ‌လော ‌ကျောင်းအုပ်‌တွေက မရှိဘူး‌လေ။ ခက်တာက အဲဒီ‌ကျောင်းအုပ်အ‌နေထားကို ပြင်လို့ရရင်ရ၊ မရရင် ကျ‌နော်တို့ဦးစီးဌာနကို တင် ပြမယ်။ ပြီး‌တော့ ‌ရွှေ့သင့်ရင်‌ရွှေ့မယ်၊ ‌လျှော့သင့်ရင်‌လျှော့ရမယ့် အ‌နေအထား‌ပေါ့။ အဲဒီ‌တော့ မ‌သေမချာဖြစ်မှာ‌ကြောက်လို့ အချိန်ယူပြီးလုပ်ရမယ်။ တကယ် သူ့အကျင့်စာရိတ္တအပိုင်းလား ဘာလား ‌ပေါ်လာ‌အောင်‌တော့ ကျ‌နော်တို့ ပြန်စစ်‌ဆေးရမှာ‌ပေါ့။ ရမ်းပြီး မြန်မြန်ဆန်ဆန်လုပ်ပြန်ရင်လည်း တစ်ဖက်က နစ်နာမှာ စိုးရိမ်ရတယ်‌လေ”ဟု ဆက်လက် ‌ပြောဆိုသည်။

‌ပေါင်၊ ‌ရေပူကြီး၊ မဲ့လမ၊ ထီဖိုးသန်၊ ထီဖိုးသန်ရွာသစ်၊ တာကရားနှင့် ထိုင်ဘုတ်‌ကျေးရွာများမှ ‌ကျောင်းသူ‌ကျောင်းသားများ လာ ‌ရောက်ပညာသင်ကြား‌နေသည့် ယင်းအထက်တန်း‌ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း ၆၅ဝ ဦးနှင့် ‌ကျောင်းဆရာဆရာမ ၂၄ဦးရှိသည်။