Home သတင်း တန်းတူအခွင့်အ‌ရေးနှင့် စစ်မှန်‌သော ဒီမိုက‌ရေစီကို ဦးစား‌ပေးလုပ်ရန် NLD ကို နိုင်ငံတကာကရင်အဖွဲ့ တိုက်တွန်း

တန်းတူအခွင့်အ‌ရေးနှင့် စစ်မှန်‌သော ဒီမိုက‌ရေစီကို ဦးစား‌ပေးလုပ်ရန် NLD ကို နိုင်ငံတကာကရင်အဖွဲ့ တိုက်တွန်း

2144
နိုဝင်ဘာ ၁၉ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မကြာခင် မြန်မာနိုင်ငံ၏ အစိုးရသစ်ဖြစ်လာမည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)အ‌နေဖြင့် တိုင်းရင်းသားလူမျိုးများ၏ တန်း တူရည်တူအခွင့်အ‌ရေးနှင့် စစ်မှန်‌သော ဒီမိုက‌ရေစီရရှိ‌ရေးတို့ကို ဦးစား‌ပေး လုပ်‌ဆောင်‌ပေးရန် အပြည်ပြည်ဆိုင်ရာ ကရင်အဖွဲ့အ စည်း(IKO)က နိုဝင်ဘာ ၁၉ ရက်‌နေ့တွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။

IKO ၏ ‌ပြောခွင့်ရသူ မန်း‌အော်လန်းဒိုက “ပြည်သူလူထုအားလုံး ဒီမိုက‌ရေစီရရှိဖို့နဲ့ တိုင်းရင်းသား‌တွေ လိုလားတဲ့ တန်းတူရည် တူ အခွင့်အ‌ရေးရှိတဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်နိုင်‌ရေးအတွက် လုပ်‌ဆောင်သွားနိုင်မှသာလျှင် ကျ‌နော်တို့ နိုင်ငံဟာ ‌အေးချမ်းပြီး‌တော့ သာယာဝ‌ပြောတဲ့ တိုးတက်ခိုင်မာပြီး‌တော့ နိုင်ငံတကာနဲ့ ရင်‌ပေါင်တန်းနိုင်မှာဖြစ်တဲ့အတွက်‌ကြောင့် NLD အစိုးရ တက်လာတဲ့အခါကျရင် လုပ်‌ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ဒီမိုက‌ရေစီအင်အားစု၊ တိုင်းရင်းသား‌တော်လှန်‌ရေးအင်အားစုနှင့် စစ်တပ်တို့ ပါဝင်‌သော သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး ပွဲတစ်ရပ်ကို ပြုလုပ်ကာ မြန်မာပြည်အနာဂတ်အတွက် အ‌ကောင်းဆုံးဖြစ်‌စေမည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတစ်ခုကို NLD အ‌နေ ဖြင့် ကြိုးစား‌ရေးဆွဲချမှတ်‌ပေးရန် ‌တောင်းဆို‌ကြောင်းလည်း မန်း‌အော်လန်းဒိုက ဖြည့်စွက်‌ပြောဆိုသည်။

ယခုကိစ္စအ‌ပေါ် NLD ပါတီ ဗဟို‌ကော်မတီဝင်လည်းဖြစ်၊ မြဝတီခရိုင် NLD ဥက္ကဌဖြစ်သူ ဦးစိန်ဗိုလ်က “ဒီဟာက စိုးရိမ်စရာမရှိ ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ NLD ဟာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်လို့ပါပဲ။ တိုင်းရင်း သားလူမျိုးစု‌တွေအ‌နေနဲ့ အထူးစိုးရိမ်စရာမရှိဘူးလို့ပဲ ‌ပြောချင်ပါတယ်။ စစ်မှန်တဲ့ ဒီမိုက‌ရေစီအပြည့်အဝရရှိဖို့ ပထမဦးဆုံး ကြိုး စားကြရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုက‌ရေစီရရှိလို့ရှိရင် ဒီ‌ရေးရာကိစ္စ‌တွေက ‌နောက်ဆက်တွဲ ပါလာမှာပါ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

IKO ၏ နိုဝင်ဘာ ၁၄ရက်‌နေ့တွင် ထုတ်ပြန်ခဲ့‌သော သ‌ဘောထားထုတ်ပြန်ချက်အရ နိုဝင်ဘာ ၈ရက်‌နေ့က ပြုလုပ်‌သော မြန်မာ နိုင်ငံတဝှမ်း ‌ရွေး‌ကောက်ပွဲတွင် NLD မှ အနိုင်ရရှိမှုအ‌ပေါ် ဝမ်းသာကြိုဆိုခဲ့သလို မြန်မာနိုင်ငံတွင် ဒီမိုက‌ရေစီစနစ် ရှင်သန်ထွန်း ကား‌ရေးအတွက် ဗမာ့တပ်မ‌တော် အပါအဝင် ပြည်သူလူထုတရပ်လုံးမှ NLD အစိုးရသစ်အား ဝန်းရံအား‌ပေးကြရန် တိုက်တွန်းခဲ့ သည်။

ထို့အပြင် မကြာခင် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်‌သော NLD လက်ဝယ်သို့ အာဏာ‌ရောက်လာ‌တော့မည်ဖြစ်၍ တိုင်းရင်း သားလက်နက်ကိုင် အင်အားစုများ အားလုံးပါဝင်‌သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး (NCA)အား အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်လိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်း IKO သ‌ဘောထားထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကရင်အမျိုးသားတို့၏ တန်ဘိုးကို မြှင့်တင်ရန်၊ ကရင်ဘာသာစကား၊ စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှုတို့ကို ထိန်းသိမ်း‌စောင့်‌ရှောက် ရန် ရည်ရွယ်၍ Asia Pacific Region, European Region နှင့် US/ Canada Region တို့မှ နိုင်ငံ‌ပေါင်း ၃၀‌ကျော်ရှိ ကရင်အ ဖွဲ့အစည်းများ စု‌ပေါင်းကာ နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO ကို ဖွဲ့စည်းခဲ့သည်။