Home သတင်း ကရင်လူငယ်ညီလာခံ ဖြစ်‌ပေါ်‌ရေးပါဝင်သည့် ‌ရှေ့လုပ်ငန်းစဉ် (၁၇)ရပ် လူငယ်ကွန်ဖရင့် ချမှတ်

ကရင်လူငယ်ညီလာခံ ဖြစ်‌ပေါ်‌ရေးပါဝင်သည့် ‌ရှေ့လုပ်ငန်းစဉ် (၁၇)ရပ် လူငယ်ကွန်ဖရင့် ချမှတ်

1294

နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

နယ်စပ်အ‌ခြေပြု ကရင်လူငယ်အဖွဲ့အစည်းများဖြင့် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေဖြစ်သည့် ‌သေ‌ဘေထာ့၌ နိုဝင်ဘာလ ၉ရက်‌နေ့ မှ စတင်ကာ ၁၁ရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် ကရင်လူငယ်ကွန်ဖရင့်(Karen Youth Conference)တွင် ကရင်လူငယ်ညီ လာခံကြီးတစ်ခု ဖြစ်‌ပေါ်လာ‌ရေး အပါအဝင် ‌ရှေ့လုပ်ငန်းစဉ် ၁၇ရပ်ကို ဆုံးဖြတ်ချက်ချခဲ့ကြသည်။

၎င်းကွန်ဖရင့် ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ကရင်လူငယ်အစည်းအရုံး-KYO တွဲဖက်အတွင်း‌ရေးမှူး ‌စောဂျစ်ပစီက “အခု ရလာတဲ့ ‌ရှေ့လုပ်ငန်းစဉ်‌တွေကို ‌နောက်ထပ် ‌တွေ့ဆုံမှု‌တွေထပ်လုပ်ပြီး ‌ရှေ့လုပ်ငန်းစဉ်‌တွေ တဆင့်ပြီးတဆင့် ချသွားမယ်။ အဲဒီဟာ‌တွေက ကရင်အမျိုးသားညီလာခံမှာ ချမှတ်မယ့် ကရင့်အမျိုးသားစီမံကိန်း‌တွေမှာ ကရင်လူငယ်‌တွေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ အစ ပျိုးခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်တာ ကျင်းပပြီးစီးခဲ့သည့် ကရင်လူငယ်ကွန်ဖရင့်တွင် နယ်စပ်အ‌ခြေစိုက်သည့် ကရင်လူငယ်အစည်းအရုံး-KYO, ကရင် ‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG, KWO, KCCSC, OSAKC နှင့် CIDKP, ပြည်တွင်းရှိ ကရင်လူငယ်ကွန်ယက်-KYN စသည့်အဖွဲ့ (၁၀)ဖွဲ့မှ ကိုယ်စားလှယ် ၈ဝဦးခန့် တက်‌ရောက်ခဲ့ကြ စာတမ်းနှစ်‌စောင်တင်သွင်းခြင်း အပါအဝင် ကရင်လူငယ်နှင့် ‌တော်လှန်‌ရေး၊ နိုင်ငံ‌ရေး၊ ပညာ‌ရေး၊ စာ‌ပေယဉ်‌ကျေးမှုနှင့် အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို တက်‌ရောက်လာသည့် ကရင်လူငယ်ကိုယ်စားလှယ်များက အပြန်အလှန် ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်လူငယ်ကွန်ယက်-KYN ကိုယ်စားလှယ် စဇွန်မိုးဦးက “ဒီကို ပထမဆုံး‌ရောက်ဖူးတာလည်း ဖြစ်တယ်။ လူငယ်‌တွေ ‌တွေ့ဆုံ မှုက‌နေ ဒီက လူငယ်‌တွေ လှုပ်ရှားရတဲ့ အ‌ခြေအ‌နေ‌တွေကို သိခွင့်ရတယ်။ ‌တော်‌တော်များများက အမျိုးသား‌ရေးစိတ်ဓာတ်‌တွေ ပြင်းထန်တာလည်း‌တွေ့ရ‌တော့ အားကျမိတာလည်းရှိတယ်။ ဒီလိုပွဲမျိုး များများလုပ်‌ပေးနိုင်ရင် ပို‌ကောင်းတယ်”ဟု ဆိုသည်။
DSC01937
ကရင်လူငယ်အသင်းအဖွဲ့များအားလုံး စည်းလုံးညီညွတ်‌ရေး ပြန်လည် စုစည်းရန်၊ ပြည်တွင်းပြည်ပရှိ ကရင်လူငယ်များ ပြန်လည် စုစည်းရန်၊ နိုင်ငံ‌ရေးနှင့် မှန်ကန်‌သော အမျိုးသား‌ရေးစိတ်ဓာတ် ‌တောင့်တင်းခိုင်မာ‌အောင် ပြန်လည်တည်‌ဆောက်ရန်၊ ဇာတိ ‌သွေးဇာတိမာန် ပြန်လည်‌ဖော်ထုတ်ရန်၊ မှန်ကန်‌သော ကရင့်သမိုင်းကို ပြန်လည်‌ဖော်ထုတ်ရန်နှင့် ကရင်လူငယ်ညီလာခံတစ်ခု ဖြစ်‌ပေါ်လာရန် စသည့် ‌ရှေ့လုပ်ငန်းစဉ် (၁၇)ရပ်ကို ကွန်ဖရင့်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဖွဲ့ဝင် ၁၅ဦးပါ Karen Youth Conference committee ကိုဖွဲ့စည်းပြီး ယင်း‌ကော်မတီဝင်များမှ ကွန်ဖရင့်မှ ရရှိလာ သည့် ‌ရှေ့လုပ်ငန်းစဉ် (၁၇)ချက်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ မဲ့စမိတ်‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်း၌ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ရက်‌နေ့အထိ ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ‌တွေ့ဆုံပွဲတွင် ထည့်သွင်း‌ဆွေး‌နွေးသွားမည် ဖြစ် သည်။

ယခု ကျင်းပ‌သော ကရင်လူငယ်ကွန်ဖရင့်မှာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က မယ်လစခန်းတွင် ကရင်လူငယ်များက ဦး‌ဆောင်ပြုလုပ်ခဲ့သည့် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲမှ ချမှတ်ခဲ့သည့် ‌ရှေ့လုပ်ငန်းစဉ်များအနက်တစ်ခုဖြစ်ပြီး ၎င်းကို အ‌ကောင် အထည်‌ဖော် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။