Home သတင်း ‌ဒေါ်‌အောင်ဆန်းစုကြည်ထံ ဝမ်း‌မြောက်‌ကြောင်း စာတစ်‌စောင် KNU ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန် ‌ပေးပို့

‌ဒေါ်‌အောင်ဆန်းစုကြည်ထံ ဝမ်း‌မြောက်‌ကြောင်း စာတစ်‌စောင် KNU ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန် ‌ပေးပို့

1337

နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌပဒို‌နော်စီဖိုးရာစိန်မှ ‌ရွေး‌ကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ တစ်ပြည်လုံး အတိုင်း အတာဖြင့် အမတ်‌နေရာအများဆုံး ရရှိထားသည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည်ထံ ဝမ်း‌မြောက် ‌ကြောင်း သဝဏ်လွှာတစ်‌စောင်ကို နိုဝင်ဘာလ ၁၂ရက် ‌နေ့စွဲဖြင့် ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။

ယင်းသဝဏ်လွှာကို KNU ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်ကိုယ်တိုင် လက်မှတ်‌ရေးထိုး ‌ပေးပို့ခဲ့ခြင်းဖြစ်ပြီး သူမအ‌နေဖြင့် အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်-NLD မှ ဦး‌ဆောင်သည့် အစိုးရသစ် ‌ပေါ်‌ပေါက်လာပါက ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ပိုမိုလုပ်‌ဆောင်လာ နိုင်မည်ဟု ယူဆ‌ကြောင်းလည်း ယခုလို ‌ပြောသည်။

“ကျမတို့အ‌နေနဲ့ ဒီလုပ်ငန်းစဉ်ကို ဆက်လက်‌ဖော်‌ဆောင်သွားရမှာပဲ ဖြစ်တယ်။ တပ်ဖက်က‌နေ ဖြစ်လာတဲ့အစိုးရထက် အခုလာ မယ့် အစိုးရက ဒီမိုကရက်တစ်အစိုးရ ဖြစ်တဲ့အတွက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေ ပိုမိုလုပ်‌ဆောင်လာနိုင်မယ်လို့ ယူဆတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် သူမက ယခုဖြစ်‌ပေါ်လာမည့် အစိုးရသစ်အ‌ပေါ် ကြိုဆိုလိုက်ပြီး ပြည်သူလူထု၏ လိုလားချက် ဆန္ဒအတိုင်း ‌ရွေးချယ် တင်‌မြှောက်သည့် အစိုးရကို ပြည်သူလူထု၏ အစိုးရအဖြစ် သတ်မှတ်‌ကြောင်း သူမ၏သ‌ဘောထားကို ဆက်လက် ထုတ်‌ဖော် ‌ပြောဆိုသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်ထံ ‌ပေးပို့သည့်စာတွင် အစိုးရသစ်အ‌နေဖြင့် ကရင်အမျိုးသားအစည်းအရုံးဖြစ်‌စေ၊ မည်သည့် တိုင်းရင်း သား‌တော်လှန်‌ရေး အဖွဲ့အစည်းများနှင့်ဖြစ်‌စေ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးနှင့် အမျိုးသားပြန်လည် သင့် မြတ်‌ရေးလုပ်ငန်းစဉ်များကို ‌ဆောင်ရွက်သွားရန် ‌မျှော်မှန်းထားပြီး ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအတွက် အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်သွားရန် ဆန္ဒပြု‌ကြောင်းလည်း ပါရှိသည်။

၂၀၁၂ခုနှစ်၊ ဧပြီလ ၈ရက်‌နေ့က ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ပဒို‌နော်စီဖိုးရာစိန် ဆုံ‌တွေ့ခဲ့စဉ်က

၂၀၁၂ခုနှစ်၊ ဧပြီလ ၈ရက်‌နေ့က ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ပဒို‌နော်စီဖိုးရာစိန် ဆုံ‌တွေ့ခဲ့စဉ်က


ယခု ‌ပေးပို့လိုက်သည့်စာမှာ ပဒို‌နော်စီဖိုးရာစိန်၏ တစ်ဦးတည်းသ‌ဘောထားသာဖြစ်ပြီး ‌ရွေး‌ကောက်ပွဲဆိုင်ရာကိစ္စများ ပြီးပြတ်ပါ က ‌ကေအဲန်ယူအ‌နေဖြင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ထံ ဂုဏ်ပြုသဝဏ်လွှာတစ်‌စောင် ထပ်မံ ‌ပေးပို့သွားမည်ဖြစ်သည် ဟု သူမက ဆိုသည်။

အလားတူ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီ၊ အ‌မေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ကလည်း ဂုဏ်ပြုချီးကျူးစကား‌ပြောဆိုခဲ့သလို NLD ဦး‌ဆောင်မည့် အစိုးရသစ်အ‌နေဖြင့် ပြုပြင်‌ပြောင်းလဲ‌ရေး လုပ်ငန်းများ လုပ်‌ဆောင်ရန် အ‌မေရိကန်နှင့် ဂျပန်နိုင်ငံတို့က တိုက်တွန်းလိုက်‌ကြောင်း သိရသည်။