Home သတင်း ကရင်ကဗျာဆရာများ အမျိုးသား‌ရေးကဗျာစာအုပ် ပထမဆုံးအကြိမ် စု‌ပေါင်းထုတ်‌ဝေ

ကရင်ကဗျာဆရာများ အမျိုးသား‌ရေးကဗျာစာအုပ် ပထမဆုံးအကြိမ် စု‌ပေါင်းထုတ်‌ဝေ

2984

နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်းပြည်ပရှိ ကရင်ကဗျာဆရာ ၁၁ဦးစု‌ပေါင်းကာ ‘ 11 X 3 ’ ကရင်‌တွေ‌ရေးတဲ့ ကဗျာများ အမည်ရ အမျိုးသား‌ရေး ကဗျာစာအုပ် တစ်အုပ်ကို နိုဝင်ဘာ ဒုတိယအပတ်အတွင်း ထုတ်‌ဝေဖြန် ့ချိလိုက်ပြီးဟု စာအုပ် ဖြစ်‌မြောက်‌ရေး စီစဉ်သူတဦးဖြစ်သည့် ကဗျာဆရာ ‌ယောင့်သာအဲဆန်က ‌ကေအိုင်စီသို ့‌ပြောသည်။
“ကဗျာစာအုပ် အခုလို စုထုတ်ရတဲ့ ရည်ရွယ်ချက်က‌တော့ ‌ပြောင်းလဲတယ်လို ့ထင်ရတဲ့ အ‌ခြေအ‌နေမှာ ကရင်မှာလည်းပဲ ကျ‌နော်တို့ ကဗျာ ဆရာ‌တွေဟာ ဖြစ်ပျက်‌နေတဲ့ အ‌နေအထား‌တွေကို က‌လောင်နဲ့ ပုံ‌ဖော်ပြသချင်တာလည်း ပါတာ‌ပေါ့”ဟု ကဗျာဆရာ ‌ယောင့်သာအဲဆန်က ‌ပြောသည်။

ထို့အပြင် မပျိုးဖူး‌သေး‌သော ပန်း၊ မပွင့်ဖူး‌သေး‌သော ပန်းကို ရှင်သန်ပွင့်လန်း‌စေချင်၍လည်း‌ကောင်း၊ မကြည့်ဖူး‌သေး‌သော ဒုံးကို ကကြည့်‌စေ ချင်၍လည်း‌ကောင်း၊ မတီးဖူး‌သေး‌သော ဖားစည်၊ မမှုတ်ဖူး‌သေး‌သော ကျွဲချိုကို ကိုယ်တိုင်တီးမှုတ် ကြည့်‌စေချင်၍လည်း‌ကောင်း၊ မဆိုဖူး‌သေး ‌သော မိခင်သံစဉ်၊ မ‌ရေးဖူး‌သေး‌သော ထားလကင်္ာကို ‌ရေးဆို‌စေချင်၍လည်း‌ကောင်း၊ တိမ်မြုပ်‌နေ‌သော အိပ်ယာဝင်ပုံပြင်ကို ပြန်ကြား‌ယောင် ‌စေချင်၍လည်း‌ကောင်း၊ မြစ်ဝကျွန်း‌ပေါ် ငိုတိတ်သံနှင့် ‌ဒေါနတွင် ‌ပြေးလွှာ‌နေ‌သောမြင်ကွင်းကို ‌အောက်‌မေ့သတိရမြင်‌စေချင်၍လည်း‌ကောင်း၊ ရိုးရှင်းလှပ‌သော အနုပညာ ပန်းခင်းတခုကို ဤ‌ကော်သူး‌လေ ‌မြေ‌ပေါ်တွင် သ‌န္ဓေတည်‌စေချင်၍လည်း‌ကောင်း စသဖြင့် ရည်ရွယ်ထားသည်ဟု စီစဉ်သူများက ယင်းစာအုပ်တွင် ‌ဖော်ပြထားသည်။

စာမျက်နှာ ၇ဝပါ ယင်းစာအုပ်တွင် ကရင်ကဗျာဆရာများဖြစ်သည့် ခိုင်မာ‌ကျော်‌ဇော၊ ‌စော‌ထော့‌ဗျော် (ပ‌တ္တော်- ရုံး‌ဒေါင့်)၊ မုန်း‌အောင်၊ မင်းခိုက် သူ(PTN)၊ အိုင်ရှာ၊ ‌စောအယ်‌ဘောမူး(ထီးထာ‌စွေ)၊ စလှားဖန်း (ကနစိုးကုန်း)၊ စဇင်ဘိုမြင့်ဦး၊ ‌စော‌ယောင့်သာအဲဆန်၊ ‌ကော်ခိုထူးနှင့် ‌နောင် မင်း(ထီးမန်)တို့က တဦးလျင် ကဗျာ ၃ပုဒ်စီ ‌ခေတ်‌ပေါ် ပိုစ့်‌မော်ဒန်နှင့် စကား‌ပြေကဗျာများ ပါဝင်‌ရေးသားထားသည်။

အခုလို ကရင်ကဗျာဆရာများ အမျိုးသား‌ရေးကဗျာစာအုပ် စုထုတ်‌ဝေခဲ့မှုအ‌ပေါ် အငြိမ်းစား သမိုင်းပါ‌မောက္ခ ‌စောထွန်း‌အောင်ချိန်က “ အမျိုး သား‌ရေး ကဗျာစာအုပ်စုထုတ်တာ အဖူး ကြားရသ‌လောက် ဒါပထမဆုံးပဲ။ ‌ခေတ်အဆက်ဆက်လည်း စာ‌ပေမှာ ကရင်အမျိုးသား‌တွေက ရင်‌ဘောင်တန်းနိုင်ခဲ့တယ်။ ‌ခေတ်ကို ဘက်စုံက လိုက်နိုင်ဖို ့ စာ‌ပေကဏ္ဍ ဆိုတာက အ‌ရေးကြီးတဲ့‌နေရာက ရှိ‌နေတယ်။ ဝမ်းသာတယ် လူငယ် ‌တွေကို အား‌ပေး‌နေမယ်လို ့‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို ့မှတ်ချက်ပြု‌ပြောသည်။

အဆိုပါကဗျာစာအုပ်ကို ‌ကောက်သစ်ဦး စာ‌ပေအင်အားစုက စီစဉ်ထုတ်‌ဝေခြင်းဖြစ်သလို မျက်နှာဖုံးပန်းချီနှင့် အတွင်းသရုပ်‌ဖော်ပုံကို မန်းမြင့် ‌ဆွေလှိုင်က ‌ရေးဆွဲ‌ပေးခဲ့ပြီး အုပ်‌ရေ ၅၀ဝ ပထမအကြိမ် ပုံနှိပ်ဖြန့်ချီထားသည်။ ကဗျာစာအုပ်ကို မှာယူလိုသူများအ‌နေဖြင့် တအုပ်လျင် ကျပ် ၁၅၀ဝနှုန်းဖြင့် ဖုန်း ဝ၉၃၁၄၇၈၃၆၆၊ ဝ၉၇၃၂၅၇၇၉၆ သို ့ဆက်သွယ်မှာယူနိုင်‌ကြောင်း ထုတ်‌ဝေသူထံမှ သိရသည်။