Home သတင်း အစိုးရနှင့်‌ပေါင်းပြီး ကိုးကန့်‌ဒေသတိုက်ပွဲတွင် ပါဝင်မည်ဟူ‌သောကိစ္စ မဟုတ်မှန်‌ကြောင်း ဒီ‌ကေဘီ‌အေ တုံ့ပြန်

အစိုးရနှင့်‌ပေါင်းပြီး ကိုးကန့်‌ဒေသတိုက်ပွဲတွင် ပါဝင်မည်ဟူ‌သောကိစ္စ မဟုတ်မှန်‌ကြောင်း ဒီ‌ကေဘီ‌အေ တုံ့ပြန်

2020

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)က အစိုးရတပ်မ‌တော်နှင့် ပူး‌ပေါင်းပြီး ကိုးကန့်‌ဒေသ တိုက်ပွဲတွင် သွား‌ရောက်တိုက်ခိုက်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက Social Media (လူမှုကွန်ယက်မီဒီယာ) စာမျက်နှာများ၌ သတင်းထွက်‌ပေါ်‌နေမှုသည် မဟုတ်မမှန်‌သော ဝါဒဖြန့်မှုသာဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် ‌စော‌မောသိုက ယမန်‌နေ့က တုံ့ပြန်‌ပြောဆိုလိုက်သည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ဒီ‌ကေဘီ‌အေ အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ကရင်နယ်ခြား‌စောင့်တပ်(ဘီဂျီအက်ဖ်)တို့သည် အစိုးရတပ်မ‌တော်နှင့် ပူး‌ပေါင်းပြီး ကိုးကန့်‌ခေါ် MNDAAအဖွဲ့ကို သွား‌ရောက်တိုက်ခိုက်မည်ဟု ပြီးခဲ့သည့်အပတ်က ‌ဖေ့ဘွတ် အင်တာနက်စာမျက်နှာများတွင် ကျယ်ကျယ် ပြန့်ပြန့် သတင်းထွက်‌ပေါ်လာပြီး‌နောက် ‌စော‌မောသိုက ထိုသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“ကျ‌နော်တို့ ဒီ‌ကေဘီ‌အေဟာ ဒီမိုက‌ရေစီအကျိုးပြု တပ်မ‌တော် ဖြစ်တဲ့အတွက် ကိုးကန့်(MNDAA)ကို လက်နက်ကိုင်ပြီး‌တော့ သွားတိုက်စရာအ‌ကြောင်းမရှိဘူး။ ဒီ‌ကောလဟာလသတင်းက ဒီ‌ကေဘီ‌အေ နာမည်ပျက်‌အောင် တမင်သက်သက်ဖန်တီးတာပဲ ‌ပြောချင်တယ်”ဟု ‌စော‌မောသိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီ‌ကေဘီ‌အေသည် ကိုးကန့်အပါအဝင် ဘဝတူတိုင်းရင်းသားများကို မည်‌သောအခါမှ လက်နက်အင်အားဖြင့် တိုက်ခိုက်သွားရန် အ‌ကြောင်းမရှိသလို တိုင်းရင်းသား အားလုံးစည်းလုံးမှုရှိမှ လိုရာပန်းတိုင်သို့ ‌ရောက်ရှိမည် ဖြစ်သည့်အတွက် ဒီ‌ကေဘီ‌အေအ‌နေဖြင့် လက်ရှိအချိန်တွင် စည်းရုံး‌ရေးတိုက်ပွဲနှင့် နိုင်ငံ‌ရေးတိုက်ပွဲကိုသာ ဆင်နွှဲ‌နေသည်ဟု ‌စော‌မောသိုက ဆက်‌ပြောသည်။

ယင်းကိစ္စအ‌ပေါ် ဒီ‌ကေဘီ‌အေ ကလိုထူးဝါးဗျူဟာမှူး ဗိုလ်မှူးချုပ် ‌စော‌ကျော်သက်ကလည်း ဒီ‌ကေဘီ‌အေ အ‌နေဖြင့် အစိုးရနှင့် ပူး‌ပေါင်းပြီး ကိုးကန့်တပ်ဖွဲ့ကို တိုက်ခိုက်မည်ဟုဆို‌သော သတင်းသည် မဟုတ်မမှန် ‌ကြောင်း၊ မဟာမိတ်‌တော်လှန်‌ရေး၊ နိုင်ငံ‌ရေး အဖွဲ့အစည်း အသီးသီးနှင့် မိဘပြည်သူများ မိမိတို့အ‌ပေါ် နားလည်မှု မလွဲကြရန် ‌တောင်းပန်အပ်သည်ဟု ‌ဖေ‌ဖော်ဝါရီ ၂၂ရက်‌နေ့စွဲပါ ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

မြဝတီမြို့ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုးက “ဒါက ဝါဒဖြန့်မှုတစ်ခုပါ။ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ကျ‌နော်တို့ အဖွဲ့အစည်းက မူ‌ဘောင်နဲ့ရှိတယ်။ သူများကို သွားတိုက်ဖို့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ။ ဘဝတူတိုင်းရင်းလက်နက်ကိုင်အဖွဲ့‌တွေကို တိုက်ခိုက်ဖို့ ဆိုတာက ကျ‌နော်တို့မှာ မူမရှိဘူး”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေသည် ‌ဖေ‌ဖော်ဝါရီ ၁၂‌နေ့က ‌နေပြည်‌တော်တွင် “ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး ဆိုင်ရာ ကတိပြုချက်”ကို ‌ကေအဲန်ယူ၊ KNU/KNLA-PC၊ ရှမ်း(သျှမ်း)ပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS)တို့နှင့်အတူ အစိုးရနှင့် လက်မှတ်ထိုးပြီး ရက်ပိုင်းအတွင်း ကိုးကန့်‌ဒေသသို့ သွား‌ရောက်စစ်တိုက်ရန် Social Media များတွင် သတင်းထွက်‌ပေါ်လာခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ‌ကေအဲန်ယူမှ ခွဲထွက်၍ စစ်အစိုးရနှင့် ၁ဝနှစ်‌ကျော် ပူး‌ပေါင်းခဲ့‌သော ဒီ‌ကေဘီ‌အေသည် ၂၀၁ဝ ခုနှစ်၌ အဖွဲ့ဝင်အများစုသည် နယ်ခြား‌စောင့်တပ်အဖြစ် ကူး‌ပြောင်းခဲ့သည်။ သို့‌သော် ဗိုလ်ချုပ်‌စောလားပွယ် ဦးစီးသည့် ကလိုထူး‌ဘော ဒီ‌ကေဘီ‌အေအဖွဲ့က ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ကာ အစိုးရနှင့် ၁နှစ်နီးပါး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး‌နောက် အစိုးရသစ်လက်ထက်တွင် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေးကို ရယူခဲ့သည်။