Home သတင်း မြန်မာ့တပ်မ‌တော်၏ စစ်ဆင်မှုများရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော်(FUA) ‌တောင်းဆို

မြန်မာ့တပ်မ‌တော်၏ စစ်ဆင်မှုများရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော်(FUA) ‌တောင်းဆို

1759

ဗိုလ်မှူးကြီးခွန်ဥက္ကာ

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာ့တပ်မ‌တော်အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်း‌နေသည့်ကာလအတွင်း အချို့‌သော တိုင်းရင်း သားနယ်‌မြေ အများအပြားတွင် ထိုးစစ်ဆင်‌နေမှုများ ပြင်းထန်လာသည့်အ‌ပေါ် ၎င်းထိုးစစ်အားလုံးကို ရပ်ဆိုင်း‌ပေးရန် ဖက်ဒရယ် ပြည်‌ထောင်စုတပ်မ‌တော်(Federal Union Army-FUA) က ဒီဇင်ဘာလ ၁ရက်‌နေ့က သ‌ဘောထားထုတ်ပြန်ကာ ‌တောင်းဆို လိုက်သည်။

Federal Union Army ၏ အကြံ‌ပေးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာ “ကျ‌နော်တို့အ‌နေနဲ့က FUA ဆိုတာ UNFC ရဲ့ လက်‌အောက်ခံ အဖွဲ့ဖြစ်သလို သူ့ရဲနိုင်ငံ‌ရေးလမ်းညွှန်မှု‌အောက်မှာ အပစ်အခတ်ရပ်စဲ‌ရေးက‌နေ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအထိ သွားနိုင်ဖို့ အ‌ထောက် အကူ‌ပေးတဲ့အဖွဲ့ဖြစ်တယ်။ အဖွဲ့‌တွေအချင်းချင်း တစ်စည်းတစ်လုံးတည်း ရှိတယ်ဆိုတာကို ပြသလိုတဲ့သ‌ဘောအ‌နေနဲ့ ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော် (FUA) ၏ တိုင်းရင်းသားအဖွဲ့အစည်းများမှ စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ အကြံ‌ပေး နှင့် ‌လေ့လာသူ စုစု‌ပေါင်း (၁၅)ဦး ပါဝင်ကာ နိုဝင်ဘာလ ၂၈ရက်မှ ၂၉ရက်‌နေ့အထိ လွတ်‌မြောက်နယ်‌မြေတစ်‌နေရာတွင် ကျင်း ပခဲ့‌သော ပထမအကြိမ် FUA ညီလာခံအပြီးတွင် ယခုလို သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် နိုဝင်ဘာလ ၁၉ရက်‌နေ့က မြန်မာ့တပ်မ‌တော်မှ KIO ဗိုလ်သင်တန်း‌ကျောင်းကို ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် SSPP/SSA၊ PSLF/TNLA၊ DKBA၊ KNLA၊ CNF စသည့်တိုင်းရင်းသားနယ်‌မြေများတွင် အပစ်ခတ်ရပ်စဲ‌ရေးကို ဖျက်ဆီး လို‌သော ရန်ပြုတိုက်ခိုက်‌နေမှုများကိုလည်း (Federal Union Army) က အပြင်းအထန် ကန့်ကွက်‌ကြောင်း ‌ဖော်ပြထားသည်။

၎င်းအပြင် စက်တင်ဘာလအတွင်း ‌ဆွေး‌နွေးမှုများတွင် တပ်မ‌တော်ကိုယ်စားလှယ်များက ကာကွယ်‌ရေးဦးစီးချုပ်၏ မူ(၆)ချက်ကို တင်ပြ‌ဆွေး‌နွေးလာသည့်အ‌ပေါ် စိုးရိမ်မကင်းဖြစ်ရပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲဖြစ်စဉ်များ ထိခိုက်‌စေနိုင်သည်ဟုလည်း FUA က ‌ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “မူ(၆)ချက်မှာဆိုရင် နံပါတ်(၄)အချက်အထိကို အချင်းချင်း ‌ဆွေး‌နွေးညှိုနှိုင်းလို့ အဆင်‌ပြေနိုင်ပါတယ်။ ‌နောက်ဆုံး နှစ်ချက်ဖြစ်တဲ့ တည်ဆဲဥပ‌ဒေနဲ့ ဖွဲ့စည်းပုံအတိုင်း သွားဖို့ဆိုတာက ကျ‌နော်တို့ တိုင်းရင်းသားလက်နက်ကိုင် ‌တော် လှန်‌ရေးလမ်း‌ကြောင်းကိုက ဒီစနစ်‌တွေကို မကြိုက်လို့ ‌တော်လှန်တာဖြစ်တဲ့အတွက် ဒီအချက်‌တွေကို လိုက်နာဖို့ အခက်အခဲ ရှိ တယ်”ဟု ‌ပြောသည်။

မြန်မာအစိုးရ၏ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကလည်း ၎င်းတို့၏ မူ(၆)ချက်ကို အတိအကျ လိုက်နာ‌ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ အ‌လေးထားဖို့ လိုအပ်သည်သာဖြစ်‌ကြောင်း နိုဝင်ဘာလ ၂၉ရက်‌နေ့က ကရင် အမျိုးသားအစည်းအရုံး-KNU နှင့် ‌တွေ့ဆုံစဉ် ‌ပြောကြားခဲ့‌ကြောင်း သွား‌ရောက်‌တွေ့ဆုံခဲ့သူ ‌ကေအဲန်ယူ ကိုယ်စားလှယ်များက ‌ပြောသည်။

၎င်း‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ‌ကေအဲန်ယူ ကာကွယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်က “ကျ‌နော်တို့ KNU ဘက်က‌တော့ NCCT နိုင်ငံပါတီ‌တွေအားလုံးနဲ့ ပြည်သူ‌တွေအားလုံးပါဝင်ပြီး ဒီအပစ်ရပ်ကို ပထမဦးစား‌ပေးအ‌နေနဲ့ ကျ‌နော်တို့လုပ်‌နေဆဲဖြစ် တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းနဲ့အပစ်ရပ်ဖို့ လွန်ခဲ့တဲ့ ဩဂုတ်လတုန်းအပြီး တပ်ချုပ်က လုပ်ချင်တာကြာပြီး တိုင်း ရင်းသားဘက်က အဆင်သင့်မဖြစ်‌သေးတာ။ ၂၀၁၅ မတိုင်ခင် တစ်တိုင်းပြည်လုံး အပစ်ရပ်စဲဖို့ တပ်ချုပ်က လိုချင်တယ်”ဟု အပစ်ရပ်‌ရေးအ‌ပေါ် ကာချုပ်နှင့်‌ဆွေး‌နွေးခဲ့မှုအ‌ကြောင်း ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို တုန့်ပြန်‌ပြောဆိုခဲ့သည်။

ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော်(Federal Union Army)ကို ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ UN FC စတင်ဖွဲ့စည်းသည့် ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့တွင် UNFC ၏ အဖွဲ့ဝင် ၁၁ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန် က FUA ၏ စစ်ဦးစီးချုပ်မှာ လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးဖြစ်ပြီး ၆လခန့် တာဝန်ယူပြီး‌နောက် KNPP မှ ဗိုလ် ချုပ်ဘီထူးက FUA ၏ စစ်ဦးစီးချုပ်အဖြစ် ယခုအချိန်ထိ ဆက်လက် တာဝန်ယူလာခဲ့သည်။