Home သတင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင်တွင် ကိုယ်ထူကိုယ်ထ အထက်တန်း‌ကျောင်းတစ်‌ကျောင်း ‌ဆောက်လုပ်‌နေ

‌ကေအဲန်ယူ ‌တောင်ငူခရိုင်တွင် ကိုယ်ထူကိုယ်ထ အထက်တန်း‌ကျောင်းတစ်‌ကျောင်း ‌ဆောက်လုပ်‌နေ

1418

ဇူလိုင် ၂၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်ရာနယ်‌မြေ ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)ရှိ ‌တောင်ငူမြို့နှင့် ၁၂ မိုင်အကွာခန့်ရှိသည့် ကုန်းလွှဲ‌နေရာတွင် ‌ကျောင်းတက်ရန် အခက်အခဲရှိသည့် က‌လေးများအတွက် ‌ဒေသခံများနှင့် ‌ကေအဲန်ယူတို့ ပူး‌ပေါင်း၍ ကိုယ်ထူကိုယ်ထ အထက်တန်း‌ကျောင်းတစ်‌ကျောင်း ‌ဆောက်လုပ်‌နေ သည်ဟု သိရသည်။

‌ဒေသခံက‌လေးများနှင့် ပြည်တွင်းဌာ‌နေမဲ့ ဒုက္ခသည်များ(IDP) က‌လေးများ ဆက်လက်ပညာသင်ယူနိုင်‌ရေး အတွက် ‌ကေအဲန်ယူ ‌တောင်ငူခရိုင်မှ ကျပ်သိန်း ၁ ‌ထောင်‌ကျော် အကုန်ကျခံ၍ အဆိုပါ‌ကျောင်းကို တည် ‌ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ်လ ၇ရက်‌နေ့က စတင်‌ဆောက်လုပ်ကာ ၂၀၁၅ခုနှစ်တွင် စတင် ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု ‌ကေအဲန်ယူ ‌တောင်ငူခရိုင်ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“လက်ရှိ‌ဆောက်လုပ်တဲ့ ကိုယ်ထူကိုယ်ထအထက်တန်း‌ကျောင်းဟာ နီးစပ်ရာ ရွာ‌တွေက‌နေ ဝိုင်းဝန်းကူညီ ‌ဆောက်လုပ်‌ပေးပြီး ကုန်ကျစရိတ်‌တွေက‌တော့ ‌တောင်ငူခရိုင် ရရှိထားတဲ့ ဝင်‌ငွေနဲ့ ‌ဒေသခံကူညီ‌ထောက်ပံ့မှု ‌ငွေ‌တွေနဲ့ လုပ်တာဖြစ်ပါတယ်”ဟု ‌စောအယ်ဝါးက ဆက်‌ပြောသည်။

အဆိုပါ ‌ကျောင်းဖွင့်လှစ်သည့်အခါ ‌ကျောင်းသင်ရိုးညွန်းတန်းအတွက် ‌ကေအဲန်ယူ၏ ပညာ‌ရေးဌာနဖြစ်‌သော ကရင်ပညာ‌ရေးဌာန(Karen Education Department-KED)မှ ချမှတ်‌ရေးဆွဲထားသည့် သင်ရိုးညွန်းတမ်းများ ကို အသုံးပြုသင်ကြား‌ပေးသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ၅တန်းမှ ၁ဝ တန်းအထိ လက်ခံသွားမည်ဟု ‌ကေအဲန်ယူ ‌တောင်ငူခရိုင်က ‌ပြောဆိုသည်။

လက်ရှိ ကိုယ်ထူကိုယ်ထ ‌ဆောက်လုပ်‌နေသည့် ‌ကျေးရွာအနီးတဝိုက်တွင် မူလတန်း‌ကျောင်းများသာ ရှိ‌နေပြီး မူလတန်း‌အောင်သွားသည့် က‌လေးများသည် ‌ရှေ့ဆက်‌ကျောင်းတက်နိုင်ရန် အခက်အခဲရှိ‌သော‌ကြောင့် ယခုလို ‌ကျောင်းကို တည်‌ဆောက်ရခြင်းဖြစ်သည်ဟု ပဒို‌စောအယ်ဝါးကို ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် KED ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ရုံးချုပ်တာဝန်ခံ ‌စောဘဲ‌နေက “ဒီ‌ကျောင်းကို စတက်တဲ့ က‌လေး‌တွေဟာ တကယ်လို့ ဆယ်တန်း‌အောင်ပြီးရင် ‌ရှေးဆက် ပညာသင်ကြားဖို့အတွက် KED က ကြီးမှူးတဲ့ အထက်တန်းလွန် ‌ကျောင်းရှိတယ်။ ဒုက္ခသည်စခန်းမှာလည်း ဖွင့်ထားတာ ရှိတယ်။ ပြည်တွင်းမှာ‌တော့ အခု အထက်တန်းလွန် ‌ကျောင်း ၃‌ကျောင်း ဖွင့်ထားတာရှိပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာပြည်တွင်းရှိ ‌ကေအဲန်ယူထိန်းချုပ်ရာနယ်‌မြေအတွင်းတွင် KED သင်ရိုးညွန်းတန်း သင်ယူသည့်‌ကျောင်း ၂၈ဝ ‌ကျော်နှင့် မြန်မာအစိုးရသင်ရိုးညွန်းတန်းသင်ကြားသည့် ‌ကျောင်း‌ပေါင်း ၁၂၉၅ ‌ကျောင်းကို KED က ‌ထောက်ပံ့‌ပေးလျှက်ရှိသည်ဟု သိရသည်။

လွှဲကုန်း‌နေရာရှိ ‌ကေအဲန်ယူ တပ်မဟာ(၂)‌တောင်ငူခရိုင်၌ ယခု‌ဆောက်လုပ်လျှက်ရှိသည့် ကိုယ်ထူကိုယ်ထ အထက်တန်းစာသင်‌ကျောင်းကို ‌ဆောက်လုပ်ရန် ၂၀၁၂ ခုနှစ်၊ ‌တောင်ငူခရိုင်အဆင့်ကွန်ဂရက်တွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင် တာဝန်ရှိသူများက ‌ပြောဆိုသည်။