Home သတင်း နယ်စပ်‌ဝေါ်‌လေ‌ဒေသတွင် ရွာသားအများစု သန်း‌ခေါင်စာရင်းကို နားမလည်ကြ

နယ်စပ်‌ဝေါ်‌လေ‌ဒေသတွင် ရွာသားအများစု သန်း‌ခေါင်စာရင်းကို နားမလည်ကြ

1889

ဧပြီလ ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံတွင် မတ်လကုန်ပိုင်းမှ ယ‌နေ့အထိ ‌ကောက်ခံလျှက်ရှိ‌သော ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း ‌ကောက်ခံမှုအ‌ပေါ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ဝေါ်‌လေ‌ဒေသရှိ ‌ကျေးရွာတစ်ချို့မှ ‌ဒေသခံအများစုမှာ ရှင်းရှင်းလင်းလင်း နားမလည်ကြ‌ကြောင်း ‌ပြောဆို‌နေကြသည်။

‌သေ‌ဘောဘိုးရွာသူ ဖိုး‌ကျောမိုးက “စာရင်းလာ‌ကောက်တယ်လို့ ‌ပြောတာပဲ။ အတိအကျ‌တော့ နားမလည်ဘူး။ ဘာရှိလဲ။ ညာရှိ လဲ လာ‌ရေးသွားတာပဲ။ ဒါက ပ‌ယော်(အစိုးရ)ဘက်က စာရင်းလာ‌ကောက်တယ်လို့ ‌ပြောကြတယ်။ ဟုတ်၊ မဟုတ်‌တော့ ကျမ မသိဘူး”ဟု ‌ကေအိုင်စီသို့ ကရင်စကားဖြင့် ‌ပြောဆိုသည်။

ထို့အပြင် သူမ၏ အိမ်နီးချင်း အိမ်‌ထောင်စုများကိုလည်း သန်း‌ခေါင်စာရင်း လာ‌ရောက်‌ကောက်ခံမှု ပြီးစီးသွား‌သော်လည်း လာ ‌ရောက်‌ကောက်ခံရသည့် အ‌ကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရှိကြ‌ကြောင်း သူမက ဆက်လက် ‌ပြောဆိုသည်။

အမည်မ‌ဖော်လိုသူ ဘလယ်ဒိုရွာသားတစ်ဦးကလည်း “ကျ‌နော်တို့လည်း သန်း‌ခေါင်စာရင်း‌ကောက်တာပဲ သိတယ်။ သန်း‌ခေါင် စာရင်းဆိုတာ ဘာလဲ။ ဘာ‌ကြောင့်‌ကောက်လဲ၊ တိတိကျကျ မသိဘူးဗျ။ စာရင်းလာ‌ကောက်လို့ နာမည်‌ပေးလိုက်တာပဲ”ဟု ‌ပြော သည်။

‌သေ‌ဘောဘိုး‌ကျေးရွာမှ ရပ်မိရပ်ဖိတစ်ဦးဖြစ်သူ ‌စောမြင့်သန်းက “လက်ကမ်းစာ‌စောင်‌တွေ လိုက်‌ဝေ‌ပေမယ့် ရွာသား‌တွေအ တွက် ရှင်းရှင်းလင်းလင်း မရှိတာ ‌တွေ့ရတယ်။ အမှန်ဆို ဒီကိစ္စက တိတိကျကျ လုပ်ဖို့လိုတယ်။ အချိန်လည်း ယူဖို့လိုအပ်တယ်။ အရင် ပညာ‌ပေးဖို့လည်း လိုအပ်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အ‌သေးစိပ်ကျကျ ‌မေးမြန်းလာသည့်အ‌ပေါ် ၎င်း‌ဒေသရှိ လက်လုပ်လက်စား သာမန်ပြည်သူ များအ‌နေဖြင့် ပြန်လည်‌ဖြေကြားရန် အခက်အခဲရှိသည်ဟု ဆိုကြသည်။ ‌သေ‌ဘောဘိုးရွာသား ‌စောဝင်းဦးကလည်း “‌မေးလာတဲ့ ‌မေးခွန်း‌တွေက ကျ‌နော်တို့‌တွေ အကုန်လုံး မ‌ဖြေနိုင်ဘူး‌လေ။ ကျ‌နော် ‌ပြောတယ်။ အိမ်ထဲမှာ မြင်‌တွေ့သမျှကို အကုန်လုံး ‌ရေး သာချလိုက်ပါလို့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသရှိ ‌သေ‌ဘောဘိုး၊ ‌တောင်နီနှင့် ဘလယ်ဒို စသည့်‌ကျေးရွာ ၃ရွာမှ ‌ကောက်ကွက်အတွက် စာရင်းစစ်တာဝန်ခံရသူ ဆရာမ ‌ဒေါ်ခင်ခင်က “လက်ကမ်းစာ‌စောင်‌တွေလည်း ‌ဝေတယ်။ ‌ကောက်တဲ့သူကလည်း ‌သေချာလိုက်‌ပြော‌ပေးထားတယ်‌လေ။ အတင်းအဓမ္မ မ‌မေးဘူး။ တကယ်တမ်းကျ‌တော့ ဘာမှ နားမလည်စရာ အ‌ကြောင်းမရှိဘူး။ ‌မေးတာ အမည်ရယ်၊ အသက်ရယ်၊ ဒီ‌လောက်‌လောက်ပဲ။ နိုင်ငံရဲ့လူဦး‌ရေ အတိအကျ သိဖို့ပဲ‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါရွာ ၃ရွာတွင် အိမ်‌ထောင်စု‌ပေါင်း ၃၀၀‌ကျော်ရှိပြီး စာရင်းစစ် ဆရာမ ၂ဦး၊ စာရင်း‌ကောက် ဆရာ/ဆရာမ ၃ဦးတို့က အပိုင်း ၃ပိုင်းခွဲ၍ လိုက်လံ‌ကောက်ခံလျှက်ရှိရာ ယခုအချိန်တွင် အိမ်‌ထောင်စု ၁၀၀‌ကျော် ‌ကောက်ခံပြီးစီးသွားပြီဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် လူဦး‌ရေ မှန်ကန်စွာ ထွက်‌ပေါ်လာ‌ရေးနှင့် အိမ်‌ထောင်စုများ၏ လူမှု‌ရေး၊ စီးပွား‌ရေးအ‌ကြောင်းအရာ သတင်း အချက်အလက်များကို ရယူ၍ နိုင်ငံဖွံ့ဖြိုး‌ရေး စီမံကိန်းများ ချမှတ်နိုင်ရန် ရည်ရွယ်ပြီး ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း ‌ကောက်ခံ မှုကို ၂၀၁၄ခုနှစ် မတ်လ ၃ဝရက်‌နေ့မှ ဧပြီ ၁ဝရက်‌နေ့အထိ ‌မေးခွန်း (၄၁)ခုဖြင့် မြန်မာနိုင်ငံအနှံ့ လိုက်လံ‌ကောက်ခံသွားမည်ဟု အစိုးရဘက်က ထုတ်ပြန်‌ကြေညာထားသည်။