Home သတင်း ခဲတံဖြင့် သန်း‌ခေါင်စာရင်း ‌ကောက်ယူမှုအ‌ပေါ် တိကျမှန်ကန်မှု မရှိမည်ကို စိုးရိမ်မှုရှိ‌နေ

ခဲတံဖြင့် သန်း‌ခေါင်စာရင်း ‌ကောက်ယူမှုအ‌ပေါ် တိကျမှန်ကန်မှု မရှိမည်ကို စိုးရိမ်မှုရှိ‌နေ

1691

ဧပြီ ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌သေ‌ဘောဘိုးရှိ သန်း‌ခေါင်စာရင်း‌ကောက်ကွက်တွင် လက်ရှိ လိုက်လံ‌ကောက်ယူ‌နေသည့် စာရင်း‌ကောက်များမှာ ခဲတံဖြင့်‌ရေးသားမှတ်ယူမှုအ‌ပေါ် လူမျိုးနာမည်၏ အသုံးအနှုန်းနှင့် အချက်အလက် တိကျ မှန်ကန်မှု မရှိ မည်ကို ‌ဒေသခံတာဝန်ရှိသူများက စိုးရိမ်‌နေကြသည်။

‌သေ‌ဘောဘိုးရွာ၏ တာဝန်ရှိလူကြီးတစ်ဦးဖြစ်သူ ‌စောမြင့်သန်းက “အခု လိုက်‌ကောက်‌နေတဲ့ သန်း‌ခေါင်စာရင်းမှာ စာရင်း ‌ကောက်ခံ‌ပေး‌နေတဲ့ ‌ကျောင်းဆရာမ‌တွေရဲ့ အ‌မေးအ‌ဖြေလုပ်တဲ့အခါ အ‌ဖြေ‌ရေးချဖို့ ခဲတံနဲ့ သုံးတာကို ‌တွေ့ရတယ်။ ဒါ‌တွေ ကျ‌နော်တို့အတွက် မသကင်္ာစရာ၊ စိုးရိမ်စရာ‌တွေ ဖြစ်ရပါတယ်။ ဥပမာ-ကရင်အမျိုးသားရဲ့ နာမည်‌ရှေ့မှာ ‘‌စော’ လို့ ‌ရေးထား တာကို ဖျက်ပြီး ‘‌မောင်’လို့ ပြန်ထည့်ရင်လည်း ရတာပဲ‌လေ”ဟု ‌ပြောဆိုသည်။

မြဝတီမြို့နယ်အတွင်းရှိ ‌သေ‌ဘောဘိုး၊ ‌တောင်နီ (လယ်‌ဝေါ်)နှင့် ဘလယ်ဒို စသည့် ‌ကျေးရွာတို့တွင် ‌သေ‌ဘောဘိုး သန်း‌ခေါင်စာ ရင်း‌ကောက်ကွက်အဖြစ် သတ်မှတ်ထားပြီး ၎င်းသန်း‌ခေါင်စာရင်း‌ကောက်ယူမှုမှာ စာရင်း‌ကောက်အဖြစ် ‌ကျောင်းဆရာမ ၃ဦးနှင့် စာရင်းစစ်အဖြစ် ‌ကျောင်းဆရာမ ၂ဦးတို့က တာဝန်ယူ လုပ်‌ဆောင်‌နေခြင်းဖြစ်‌ကြောင်း သိရသည်။

သန်း‌ခေါင်စာရင်း ‌ကောက်ယူ‌နေသည့် ‌သေ‌ဘောဘိုးရွာမှ စာရင်း‌ကောက် ဆရာမ ‌နော်‌မေရီက “အခု ကျမတို့ ခဲတံနဲ့‌ရေးမှတ်ရ တာက‌တော့ အစိုးရက သတ်မှတ်ထားတဲ့အတိုင်းဖြစ်တယ်။ ဒီခဲတံနဲ့မ‌ရေးဘဲ အခြားခဲတံ‌တွေနဲ့ အစားထိုးပြီး ‌ရေးမှတ်လို့မရဘူး။ အခြားခဲတံ‌တွေနဲ့‌ရေးမယ်ဆို အချက်အလက်‌တွေကို စက်ထဲထည့်တဲ့အခါ မဖတ်ဘူးလို့‌ပြောတယ်”ဟု ဆိုသည်။

ထို့အပြင် စာရင်း‌ကောက်ခံမှု အခက်အခဲနှင့် ပတ်သက်၍ သူမက “ကျမတို့ အခု သန်း‌ခေါင်စာရင်း ‌ကောက်တာ တချို့အိမ်ဆိုရင် မိသားစုများ‌တော့ သားသ္မီး‌တွေရဲ့ ခုနှစ်၊ သက္ကရာဇ်‌တွေကို ‌မေးတာ အကုန် မ‌ဖြေနိုင်ကြဘူး။ ‌နောက်တစ်ခုက ဒီမှာ ‌နေတဲ့သူ ‌တွေဟာ စ‌ကောကရင်၊ ပိုးကရင် ‌ရောပြီး‌နေတာကိုး။ ကိုယ်က စ‌ကောကရင် ဆို‌တော့ ပိုးကရင်ကို ‌မေးတဲ့အခါ အခက်အခဲရှိ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လက်ရှိ ‌ကောက်ခံလျှက်ရှိသည့် သန်း‌ခေါင်စာရင်းတွင် ‌မေးထားသည့် ‌မေးခွန်းမှာ ၄၁ချက်အထိ ရှိ‌သော‌ကြောင့် ‌ဖြေကြားရာတွင် အချိန်ကြန့်ကြာမှုရှိသကဲ့သို့ ‌မေးသူနှင့် ‌ဖြေကြားသူအကြား အဆင်မ‌ပြေမှုရှိသည့်အတွက် စာရင်းလိုက်လံ ‌ကောက်ယူ‌ပေးသည့် ဆရာမများမှာ ‌မေးခွန်းအနည်းငယ်သာ ‌မေးမြန်းကြ‌ကြောင်းလည်း ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောဝင်းဦးက ‌ပြောသည်။

“ပထမရက် ‌သေ‌ဘောဘိုးရွာမှာ ‌ကောက်ခံတုန်းက သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ပေး‌နေတဲ့ ‌ကျောင်းဆရာမ တစ်‌ယောက်ဆိုရင် တ‌နေကုန် နှစ်အိမ်ပဲ ပြီးတယ်။ အကုန် မ‌ဖြေနိုင်ကြဘူး‌လေ။ သတ်မှတ်ထားတဲ့ ‌မေးခွန်းအတိုင်းဆိုရင် အချိန်တအားစားတယ်။ တချို့‌မေးခွန်း‌တွေ မလိုတဲ့ ‌မေးခွန်း‌တွေပါ။ ဥပမာ-ဘာပစ္စည်း‌တွေ ပိုင်ဆိုင်လဲ စသဖြင့်‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သေ‌ဘောဘိုး သန်း‌ခေါင်စာရင်း‌ကောက်ကွက်၌ သန်း‌ခေါင်စာရင်း မ‌ကောက်ခံမီ ရက်ပိုင်းအနည်းငယ်အတွင်း မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်၊ လူဦး‌ရေနှင့် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်းအတွက် “သင်ဘာသိဖို့ လိုသလဲ”အမည်ရှိ မြန်မာဘာသာနှင့် ကရင် ဘာသာဖြင့် ‌ရေးထားသည့် လက်ကမ်းစာ‌စောင်တို့ကို ဖြန့်‌ဝေခဲ့‌သော်လည်း ‌ဒေသခံအချို့မှာ စာမဖတ်တတ်သဖြင့် နားလည် သ‌ဘော‌ပေါက်မှုများ မရှိ‌ကြောင်း သိရသည်။

‌သေ‌ဘောဘိုးသန်း‌ခေါင်စာရင်း‌ကောက်ကွက်တွင် အိမ်‌ခြေ‌ပေါင်း (၃၀၀)‌ကျော်ရှိပြီး မတ် ၂၉ရက်ညမှ ၃၁ရက်‌နေ့အထိ ‌ကောက် ခံရရှိ‌သော အိမ်‌ခြေအ‌ရေအတွက်မှာ (၁၀၀)‌ကျော်ရှိပြီဖြစ်‌ကြောင်း ထို‌ဒေသမှ သန်း‌ခေါင်စာရင်း စာရင်းစစ် ဆရာမများ က ‌ပြော ဆိုသည်။