Home သတင်း ဒုဗိုလ်အဆင့်ရှိသူ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ထိန်းသိမ်းထား

ဒုဗိုလ်အဆင့်ရှိသူ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ထိန်းသိမ်းထား

1910
စက်တင်ဘာလ ၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

Saw Mya Saw
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အ‌ခြေစိုက်သည့် ဒီမိုက‌ရေစီကရင်အကျိုးပြု တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)ဌာနချုပ် လက်‌အောက်ခံ အထူးစစ်‌ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူတစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ အစိုးရစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထား‌ကြောင်း ဒီ‌ကေဘီ‌အေက ယ‌နေ့တွင် ‌ပြောကြားလိုက်သည်။

မအူပင်မြို့နယ် အ‌ခြေစိုက် ‌ခြေမြန်တပ်ရင်း(ခမရ-၂၇)မှ ဗိုလ်မှူးဝင်း‌အောင်က ဒီ‌ကေဘီ‌အေမှ ဒုဗိုလ် ‌စောမြ‌စော ဆိုသူကို ဩဂုတ်လ ၂၆ရက်‌နေ့က မအူပင်မြို့နယ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ၏ အထူးစစ်‌ကြောင်းမှူး ဗိုလ်မှူး‌စော‌အေဝမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အလုပ်လက်မဲ့ဖြစ်‌နေတဲ့ ဧရာဝတီတိုင်းက လူ‌တွေ ကျ‌နော်တို့ဆီမှာရှိတဲ့ ရာဘာလုပ်ငန်း၊ သစ်‌မွေးစိုက်‌ရေးလုပ် ငန်း စတဲ့ အလုပ်‌တွေ လာလုပ်ဖို့ သူ(‌စောမြ‌စော)ပြန်‌ခေါ်‌တော့ အဲလို အဖမ်းခံရတာပဲ။ ဒီလိုငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌နေတဲ့ ကာလမှာ ‌စောမြ‌စောကို ဘာပုဒ်မတပ်ပြီး ဖမ်းတာလဲဆိုတာ သိချင်တယ်”ဟု ဗိုလ်မှူး‌စော‌အေဝမ်း က ‌ပြောဆိုသည်။

ဩဂုတ်လ ၂၁ရက်က ‌စောမြ‌စောသည် ဘုရားသုံးဆူမြို့မှ ၎င်း၏ ဇာတိ ‌မြောင်းမြသို့ ပြန်သွားပြီး‌နောက် ဩဂုတ်လ ၂၆ရက်‌နေ့တွင် အဖမ်းဆီးခံရကာ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ပြန်လည်လွတ်‌ပေးမည်ဟု ‌ပြော‌သော်လည်း ယခုထိ ပြန်လွတ်‌ပေးခြင်းမရှိ‌သေး‌ကြောင်း ဒီ‌ကေဘီ‌အေက ဆိုသည်။

ဘုရားသုံးဆူမြို့ရှိ အမည်မ‌ဖော်လိုသူ အစိုးရနှင့် နီးစပ်သူတစ်ဦးက “သူ့(‌စောမြ‌စော)ဆီက‌နေ ကျည်ဆံ နှစ်‌ထောင့်‌တွေ့လို့ အဲလိုထိန်းသိမ်းထားလိုက်တာလို့ ကျ‌နော်တို့ ကြားရတယ်။ ပြန်လွတ်‌ပေးဖို့‌တော့ အစီအစဉ် ရှိတယ်။ ဘယ်‌နေ့ဘယ်ရက်မှာ ပြန်လွတ်‌ပေးမယ်ဆိုတာ‌တော့ ‌ပြောလို့ မရပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် ဒီ‌ကေဘီ‌အေအကြား နှစ်ဖက်ဆက်သွယ်‌ရေးကိစ္စအတွက် ထားရှိသည့် စစ်ဖက်‌ရေး ရာ လုံခြုံ‌ရေးအဖွဲ့(စရဖ) တာဝန်ရှိသူနှင့် ယမန်‌နေ့က ‌တွေ့ဆုံခဲ့သလို ယ‌နေ့နံနက် ၈နာရီခန့်၌လည်း ‌တွေ့ဆုံပြီး ‌စောမြ‌စော ပြန်လည်လွတ်‌မြောက်‌ရေးအတွက် ဆက်သွယ်‌ပေးရန် ‌ပြောဆိုထားသည်ဟု ဗိုလ်မှူး ‌စော‌အေဝမ်းက ‌ပြောဆိုသည်။

ဗိုလ်မှူး‌စော‌အေဝမ်းက “စရဖနဲ့ ကျ‌နော်‌တွေ့တဲ့အခါ ကျ‌နော့်လူကို လွတ်‌ပေးဖို့ (ခမရ-၂၇)နဲ့ ဆက်သွယ်‌ပေးဖို့ ‌ပြောတယ်။ လွတ်‌ပေးမယ်ဆိုရင်လည်း အချိန်အတိအကျ ‌ပြောဖို့‌ပေါ့‌နော်”ဟု ရှင်းပြသည်။

‌ဒေသဖွဲ့ဖြိုး‌ရေးအတွက် ရည်ရွယ်၍ ရာဘာ(‌ကော်)လုပ်ငန်းနှင့် သစ်‌မွေးစိုက်ပျိုး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေ ‌သော ဒီ‌ကေဘီ‌အေ အထူးစစ်‌ကြောင်း အ‌ခြေစိုက်ရာ ဘုရားသုံးဆူ‌ဒေသတွင် ဧရာဝတီတိုင်းရှိ သံတွဲနှင့် မအူပင် မြို့နယ်တို့မှ လာ‌ရောက် အလုပ်လုပ်ကိုင်သည့် ကရင်လူမျိုးဦး‌ရေ ၅ဝ ‌ကျော်ရှိသည်ဟု သိရသည်။

အဆိုပါ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို လုပ်ကိုင်‌နေ‌သော အလုပ်သမားများအတွက် တရက်လျှင် မြန်မာကျပ်‌ငွေ ၄,၅၀ဝ မှ ၅,၀၀ဝ အထိ လုပ်အားခ‌ပေး‌သော‌ကြောင့် အလုပ်လက်မဲ့ဖြစ်‌နေ‌သော ဧရာဝတီတိုင်းမှ အလုပ်သမား များအား ပြန်‌ခေါ်ရန် ‌စောမြ‌စောကို ‌စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒီ‌ကေဘီ‌အေက ဆိုသည်။

လက်ရှိ ‌စော‌မြေ‌စော အဖမ်းခံရခြင်းနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေဌာနချုပ်ရှိ ‌ခေါင်း‌ဆောင်အချို့အပါအဝင် ဗိုလ်ချုပ် ‌စောလားပွယ်သို့ အသိ‌ပေးအ‌ကြောင်းကြားထားသည်ဟု ဗိုလ်မှူး ‌စော‌အေဝမ်းက ‌ပြောသည်။