Home သတင်း ကရင်‌မောင်နှမနှစ် ဦး ပြည်‌ထောင်စုအဆင့် စကားရည်လုပွဲနှင့် ကျပန်းစကား‌ပြော ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရ

ကရင်‌မောင်နှမနှစ် ဦး ပြည်‌ထောင်စုအဆင့် စကားရည်လုပွဲနှင့် ကျပန်းစကား‌ပြော ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရ

2102

1img

စက်တင်ဘာလ ၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

‌နေပြည်‌တော်၌ ယခုစက်တင်ဘာ ၄ရက်‌နေ့တွင် ပြည်‌ထောင်စုအဆင့် စကားရည်လုပွဲနှင့် ကျပန်းစကား‌ပြော ပြိုင်ပွဲကျင်းပရန်ရှိပြီး ယင်းပြိုင်ပွဲသို့ ကရင်ပြည်နယ် ဖားအံမြို့ရှိ နဝမတန်း‌ကျောင်းသား ‌စောစံဖိုးအိန်နှင့် သတ္တမ တန်း‌ကျောင်းသူ နန်း‌ရွှေရည်ဖူးသစ် ဆိုသူ‌မောင်နှမနှစ်ဦးတို့က တက်‌ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။

‌စောစံဖိုးအိန်နှင့် နန်း‌ရွှေရည်ဖူးသစ်တို့သည် ၎င်းတို့ တက်‌ရောက်ပညာသင်ယူ‌နေသည့် ဖားအံမြို့၊ အမှတ်(၁) အထက‌ကျောင်း၏ မြရတနာခန်းမ၌ ဩဂုတ်လ ၂၆ နှင့် ၃ဝရက်‌နေ့အထိ ပညာ‌ရေးဝန်ကြီးဌာန နှင့် Sky Net Eduation Channel တို့ ပူး‌ပေါင်းစီစဉ်ကျင်းပသည့် ပြည်နယ်အဆင့် စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကား‌ပြော ပြိုင်ပွဲတွင် ပထမဆုရရှိပြီး‌နောက် ပြည်‌ထောင်စုအဆင့်သို့ ယှဉ်ပြိုင်ခွင့် ရသွားခြင်းဖြစ်သည်။

ထိုပြည်နယ်အဆင့်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အတွင်း ဖားအံ၊ လှုိုင်းဘွဲ၊ ‌ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် သံ‌တောင် စသည့် မြို့နယ် ၇ခုတို့ရှိ စာသင်‌ကျောင်းများမှ ‌ကျောင်းသား‌ကျောင်းသူ ၁၂ဦးတို့က ‌နောက်ဆုံးပြည်နယ်အဆင့်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။

ဆုရရှိခဲ့သူ နန်း‌ရွှေရည်ဖူးသစ်က “သမီးတို့‌မောင်နှမနှစ်ဦးလုံး ပြည်နယ်အဆင့် ပထမဆုရရှိသွားတဲ့အတွက် အတိုင်းမသိ ‌ပျော်ရွှင်မိပါတယ်။ ‌နောက်တဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်တဲ့ ပြည်‌ထောင်စုအဆင့်ကို ယှဉ်ပြိုင်ဖို့ လိုအပ်တာ‌တွေ ကြိုတင်‌လေ့လာထားပါတယ်။ အခု အဆင့်မှာလည်း ပြည်နယ်ဂုဏ်၊ ‌ကျောင်း ဂုဏ်‌ဆောင်နိုင်တဲ့သူဖြစ်‌အောင် ကြိုးစားပါ့မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အစ်ကိုဖြစ်သူ ‌စောစံဖိုးအိန်က ပညာ‌ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ ပြိုင်ပွဲများကို ပြုလုပ်‌ပေးခြင်းသည် နှစ်သက်မိ၍ လာမည့်နှစ်များတွင် အလားတူပြိုင်ပွဲများ နှစ်စဉ်ကျင်းပပြုလုပ်‌စေလိုပြီး ပါဝင်လိုသူ ‌ကျောင်းသား ‌ကျောင်းသူများကိုလည်း ပါဝင်ယှဉ်ပြိုင်နိုင်‌အောင် ကြိုးစား‌စေလို‌ကြောင်း တိုက်တွန်‌ပြောဆိုသည်။

အဆိုပါ ပြည်နယ်အဆင့်ပြိုင်ပွဲ၌ ဩဂုတ်လ ၂၆ရက်‌နေ့၊ စကားရည်လုပွဲအရ ‌စောစံဖိုးအိန်သည် “အသစ်က အ‌ဟောင်းထက် ‌ကောင်းသည်”‌ခေါင်းစဉ်ဖြင့် လည်း‌ကောင်း၊ ဩဂုတ်လ ၂၉ရက်‌နေ့၊ ကျပန်းစကား‌ပြောပြိုင်ပွဲ တွင် ညီမဖြစ်သူ နန်း‌ရွှေရည်ဖူးသစ်က “ယဉ်‌ကျေးမှုမျက်နှာ”‌ခေါင်းစဉ်ဖြင့် လည်း‌ကောင်း ယှဉ်ပြိုင်ခဲ့ရာ အသီးသီးအနိုင်ရရှိသွားခြင်းလည်း ဖြစ်သည်။

‌မောင်နှမနှစ်ဦးသည် ပြည်နယ်အဆင့်တွင် ထိုသို့ ပထမဆုရရှိသည့်အ‌ကြောင်းမှာ ‌ကျောင်းရှိဆရာမများက ကူညီသင်ကြား‌ပေးခြင်း၊ ‌နေအိမ်တွင် မိဘဖြစ်သူတို့က ကိုက်ညီသည့်‌ခေါင်းစဉ်ဖြင့် စာမူများကို ရှာ‌ပေးသလို စကား‌ပြောဆိုမှု အမူအရာနှင့် ‌လေယူ‌လေသိမ်း စသည့် အချိန်နှင့်တ‌ပြေးညီ ‌ပြောဆိုနိုင်‌အောင်
‌လေ့ကျင့်သင်ကြား‌ပေးခြင်းတို့‌ကြောင့် ဖြစ်သည်ဟု သိရသည်။
2img
‌စောစံဖိုးအိန်နှင့် နန်း‌ရွှေရည်ဖူးသစ်တို့၏ မိဘနှစ်ပါးမှာ ‌စောဖိုးသွင်နှင့် နန်း‌အေး‌အေးသန်းတို့ဖြစ်ပြီး ၎င်းတို့သည် သားသမီးဆုရရန် ‌တောင်က‌လေး ဆရာ‌တော်ထုတ်‌ဝေထားသည့် ထူးဂုဏ်မဂ္ဂဇင်း၊ ကရင့်‌ကြေးမုံမဂ္ဂဇင်း၊ ဇွဲက ပင်မဂ္ဂဇင်းနှင့် နိုင်ငံဂုဏ်ရည်မဂ္ဂဇင်းများကို ရှာ‌ဖွေစု‌ဆောင်းကာ ပြိုင်ပွဲဝင်မည့် သားနှင့်သမီးအတွက် ‌လေ့ကျင့်မှု များပြုလုပ်‌ပေးလျှက်ရှိသည်။

‌စောဖိုးသွင်က “အခု ဆုရသွားတဲ့ သားနဲ့သမီးကို ကျ‌နော်တို့က ‌ပြောပါတယ်။ ရည်မှန်းချက်ကြီးကြီးထားရင် ‌အောင်မြင်မှာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပညာ‌ရေးဝန်ကြီးဌာနနှင့် Sky Net Eduation Channel တို့ပူး‌ပေါင်း၍ ဖားအံမြို့၊ အမှတ်(၁)အခြခံပညာ အထက်တန်း‌ကျောင်းတွင် ပြည်နယ်အဆင့် စကားရည်လုပွဲနှင့်ကျပန်းစကား‌ပြောပြိုင်ပွဲကို ယခု ပြုလုပ်ကျင်းပခဲ့ သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။