Home သတင်း ဖာပွန်မြို့နယ်ရှိ စာသင်‌ကျောင်း ၄ ‌ကျောင်း ‌ထောက်ပံ့ မှု ပြတ်‌တောက်ခံရ KSEAG ကူညီရန်အသင့်ရှိ

ဖာပွန်မြို့နယ်ရှိ စာသင်‌ကျောင်း ၄ ‌ကျောင်း ‌ထောက်ပံ့ မှု ပြတ်‌တောက်ခံရ KSEAG ကူညီရန်အသင့်ရှိ

1517
စက်တင်ဘာလ ၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

c_78e4234570
ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၅)တွင် ယခု စာသင်နှစ်အတွက် ‌ထောက်ပံ့မှု အကူအညီပြတ်‌တောက် ခံရ‌သော စာသင်‌ကျောင်း ၄‌ကျောင်းအတွက် ကူညီရန် အသင့်ရှိသည်ဟု ကရင်ပြည်နယ် ပညာ‌ရေးအ‌ထောက်အကူပြုအဖွဲ့(KSEAG)က ယ‌နေ့ ‌ပြောကြားလိုက်သည်။

KNU တပ်မဟာ(၅)၏ မု‌တြော်ခရိုင်၊ ဘူးသိုမြို့နယ် ပါဟဲ့‌ကျေးရွာအုပ်စုရှိ အူဝဲကလိုး အိုင်ဒီပီဒုက္ခသည်စခန်း အထက်တန်း‌ကျောင်း၊ ‌လေးသဲခိုရွာ အလယ်တန်း‌ကျောင်း၊ ‌ဘော‌ခေါ့ဒဲရွာ မူလတန်း‌ကျောင်းနှင့် ထို့ဝီးဒဲရွာ မူလ တန်း‌ကျောင်းတို့ကို ပုံမှန်‌ထောက်ပံ့‌ပေး‌နေသည့် ‌ကျောင်းဆရာ/မ လစာနှင့် ‌ကျောင်းသုံး ကိရိယာအတွက် အီတ လီကက်သလစ်ဘာသာ‌ရေးအဖွဲ့တစ်ခုဖြစ်‌သော မိုးဇက်အဖွဲ့က ပြတ်‌တောက်လိုက်ခြင်းဖြစ်သည်။

အလှူရှင် မိုးဇက်အဖွဲ့နှင့် ဆက်သွယ်‌ပေး‌နေ‌သော ဦး‌စောပီတာဆိုသူက အဆိုပါ ‌ကျောင်းတို့၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဆက်လက်ကူညီ‌ပေးမည်ဟု ကတိ‌ပေးခဲ့‌သော်လည်း ‌ကျောင်းပြန်လည်ဖွင့်လှစ်သည့်အခါ ‌ကျောင်းသုံးပစ္စည်းများ တစ်လစာသာပို့‌ပေးပြီး အဆက်အသွယ်ပြတ်‌တောက်လိုက်သည်ဟု သိရသည်။

KSEAG ၏ ဥက္ကဌ ဖြစ်သူ ‌စောခို့လိုထူးက “ဒီ‌ကျောင်း‌တွေ တကယ်‌ထောက်ပံ့မှု‌တွေ ပြတ်‌တောက်ခံရရင်‌တော့ ကျ‌နော်တို့မှာ ကူညီဖို့ တာဝန်ရှိတယ်။ ကျ‌နော်တို့က ‌ကော်သူး‌လေ(KNU)ထိန်းချုပ်နယ်‌မြေထဲက ‌ကျောင်း ‌တွေကို ကူညီတဲ့အဖွဲ့ပဲ‌လေ။ ကူညီဖို့လည်း အသင့်ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် အ‌ထောက်အပံ့ပြတ်‌တောက်ခံရခြင်းနှင့် ပတ်သက်၍ အဆိုပါ ‌ကျောင်း ၄ ‌ကျောင်းတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ရှိကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို KSEAG ထံသို့ ရှင်းရှင်းလင်းလင်း မြန်နိုင်သမျှ မြန်‌အောင် ယခုစက်တင်ဘာလအတွင်းတွင် တင်ပြသင့်‌ကြောင်း ‌စောခို့လိုထူးက ဆက်‌ပြောသည်။

လက်ရှိ ၎င်းစာသင်‌ကျောင်းတို့တွင် ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ စုစု‌ပေါင်း ၅၄ဝ နှင့် ‌ကျောင်းဆရာ/မ ဦး‌ရေ စုစု‌ပေါင်း ၄၆ဦးရှိပြီး ပြတ်‌တောက်ခံရသည့် ‌ကျောင်းဆရာ/မ လစာနှင့် စာအုပ်၊ ခဲတံ၊ ‌ဖောင်တိန် စသည့် ‌ကျောင်းသုံးပစ္စည်းများကို ကူညီ‌ပေးရန် KSEAG က ပြင်ဆင်ထားလျှက်ရှိသည်။

ဆက်လက်၍ ‌စောခို့လိုထူးက “ဩဂုတ်လ ပထမအပတ်တုန်းက ‌ကျောင်းပညာ‌ရေးနဲ့ပတ်သက်ပြီး KNU တပ်မ ဟာ(၅) ‌ဒေးဖိုးနိုကို ကျ‌နော်ဆင်းသွားတယ်။ ‌ဒေးဖိုးနို မ‌ရောက်ခင် ‌လေးသဲခိုက ‌ကျောင်း‌ကော်မတီတစ်‌ယောက် နဲ့ ‌တွေ့တဲ့အခါ အဲဒီ‌ကျောင်း‌တွေ ‌ထောက်ပံ့မှုအပြတ်ခံလိုက်ရတဲ့ကိစ္စ ကျ‌နော်ကို ‌ပြောခဲ့‌သေးတယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် ယခင်လ ဩဂုတ် ၂၁ရက်‌နေ့က ပါဟဲ့‌ကျေးရွာအုပ်စုရှိ အုပ်ချုပ်‌ရေးမှူးနှင့် ပညာ‌ရေးဆိုင်ရာ တာဝန်ရှိ သူတို့ သည် KNU တပ်မဟာ(၅)ဌာနချုပ်သို့ သွား‌ရောက်ကာ အဆိုပါ ‌ကျောင်းတို့၏ လတ်တ‌လော ရင်ဆိုင်‌နေ ရသည့် အခက်အခဲများကို တင်ပြထားသည်ဟု ပါဟဲ့‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၌ ပါဟဲ့‌ကျေးရွာအုပ်စုရှိ အဆိုပါ စာသင်‌ကျောင်းများကို ဦး‌စောပီတာမှတဆင့် အလှူရှင် မိုးဇက်အဖွဲ့က စတင်ကူညီ‌ထောက်ပံ့‌ပေးခဲ့ပြီး ယင်းမတိုင်မီ (KSEAG)က ကူညီခဲ့သည်ဟု သိရသည်။

KSEAG ကို ၂၀၀၆ခုနှစ်၊ စက်တင်ဘာလတွင် ကရင်ပညာ‌ရေးဌာန(KED)၊ ကရင်‌ကျောင်းဆရာ/မ လုပ်သား အဖွဲ့(KTWG)နှင့် Partners Relief Development အဖွဲ့တို့ဖြင့် စု‌ပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ စာသင်‌ကျောင်း‌ပေါင်း တစ်‌ထောင်‌ကျော်ကို ကူညီ‌ထောက်ပံ့‌ပေးလျှက်ရှိသည်။