Home သတင်း တိုင်းရင်းသားမီဒီယာများ၏ အခန်း ကဏ္ဍအ‌ပေါ် အမြင်သ‌ဘောထားများ

တိုင်းရင်းသားမီဒီယာများ၏ အခန်း ကဏ္ဍအ‌ပေါ် အမြင်သ‌ဘောထားများ

2123

မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ စထရင်းဟို တယ်၌ ဧပြီလ ၂၅ရက်မှ ၂၇ရက်အထိ ပြုလုပ်‌သော တိုင်းရင်းမီဒီယာညီလာခံသို့ တက် ‌ရောက်သူအချို့က မြန်မာနိုင်ငံတွင် လက်ရှိ ပြုပြင်‌ပြောင်းလဲ‌ရေးကာလ၌ တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍ အ‌ရေးကြီးပုံ နှင့် ပိုမို အား‌ကောင်းလာ‌စေရန် လိုအပ်သည့် အကြံပြုချက်နှင့် အမြင်သ‌ဘော ထားများကို ‌ကေအိုင်စီ(ကရင်သတင်းဌာန) မှ ‌တွေ့ဆုံ‌မေးမြန်းထားပါသည်။

ကိုမြင့်‌ကျော် (အငြင်းပွားမှု ‌ဖြေရှင်း‌ရေး‌ကော်မတီအဖွဲ့ဝင် – စာနယ်ဇင်း‌ကောင်စီ)

Ko Myint Kyaw
လက်ရှိအ‌ပြောင်းအလဲမှာ တိုင်းရင်းသားမီဒီယာ အခန်းကဏ္ဍက ဘယ်‌လောက်အ‌ရေးကြီးသလဲဆိုတာ ‌ဖြေရမယ်ဆိုရင် ဒီမိုက‌ရေစီအ‌ပြောင်းအလဲဆိုတာ ပြည်မ သို့မဟုတ် ရန်ကုန်၊ မန္တ‌လေး၊ ‌နေပြည်‌တော်ကို ဗဟိုပြုတဲ့‌ဒေသ‌တွေချည်း ‌ပြောင်းလဲလို့ မရပါဘူး။ ပြည်နယ်‌တွေမှာလည်း ‌ပြောင်းလဲဖို့လိုပါတယ်။ ဒီမိုက‌ရေစီ အ‌ပြောင်းအလဲမှာ မီဒီယာရဲ့အခန်းကဏ္ဍက အ‌ရေးကြီး တာ‌ကြောင့် တိုင်းရင်းသား‌ဒေသ‌တွေအ‌ကြောင်းကို ‌ဖေါ်ပြ‌နေတဲ့၊ တိုင်းရင်းသား‌ဒေသ‌တွေမှာ ပရိဿတ်ရှိတဲ့ တိုင်းရင်းသားမီဒီ ယာ‌တွေ အ‌ရေးကြီးတာပါ။ ပြည်မလို့‌ခေါ်တဲ့ အုပ်ချုပ်‌ရေး စီးပွား‌ရေး ဗဟိုအချက်အချာ‌တွေလိုပဲ တိုင်းရင်းသား‌ဒေသ‌တွေလည်း အ‌ရေးကြီးပါတယ်။
တိုင်းရင်းသားမီဒီယာ‌တွေ တိုးတက်မှုအား‌ကောင်းဖို့ ကိုယ့်ပရိသတ်က လိုအပ်တာ‌တွေ၊ သိချင်တဲ့အချက်‌တွေကို ‌ပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ကျွမ်းကျင်မှု စွမ်း‌ဆောင်ရည် မြှင့်တင်‌ရေး‌တွေကိုလည်း လုပ်ဖို့ လိုအပ်သလို လုပ်‌ဆောင်ရာ မှာ အချင်းချင်းစုပြီး ‌ဆောင်ရွက်တဲ့နည်းကလည်း တခုဖြစ်ပါတယ်။ မီဒီယာဥပ‌ဒေအပိုင်းမှာ တိုင်းရင်းသားမီဒီယာ‌တွေအတွက် ဘာသာစကား‌တွေမှာ လွတ်လပ်စွာ ‌ရွေးချယ်လုပ်ကိုင်ခွင့်၊ တိုင်းရင်းသတင်းမီဒီယာ‌တွေ မှတ်ပုံတင်ရာမှာ အခက်အခဲမရှိဖို့ ကိစ္စ ‌တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းမီဒီယာညီလာခံတက်တဲ့ အကျိုး‌ကျေးဇူးက‌တော့ ပထမ တိုင်းရင်းမီဒီယာ‌တွေနဲ့ ကွန်ရက် ဖွဲ့မိတယ်။ သူတို့ရဲ့ လိုလားချက်၊ လိုအပ်ချက်‌တွေကို ကြားသိရတယ်။ အချင်းချင်းကူညီနိုင်ဖို့ အဆက်အသွယ် ထိ‌တွေ့မိရတဲ့ အကျိုး‌ကျေးဇူး‌တွေ ‌လော‌လောဆယ် ရခဲ့ပါတယ်။

ခွန်‌အောင်မြတ်သူ (ခွန်တန်းဒွဲပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့-သထုံခရိုင်၊ ဘီးလင်းမြို့ ဒါးယာ‌ကျေးရွာ)

Khun Aung Myat Thu
အခုမြန်မာပြည်မှာ ပြုပြင်‌ပြောင်းလဲ‌နေတဲ့ဒီကာလမှာ ဒီတိုင်းရင်းသားမီဒီယာ‌တွေရဲ့ အခန်းကဏ္ဍ ဘယ်‌လောက် အ‌ရေး ကြီးသလဲဆိုရင် ကျ‌နော်တို့ ပအိုဝ်းလူမျိုး‌တွေအ‌နေနဲ့ စာ‌ပေနဲ့ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်းနဲ့ ပညာ‌ရေး မြှင့်တင်‌ပေးဖိုရဲ့ အဓိက ထားတဲ့ ရည်ရွယ်ချက်ထဲမှာ ပါပါတယ်။ ကျ‌နော်တို့ ပအိုဝ်းလူမျိုး‌တွေဟာ စာ‌ပေယဉ်‌ကျေးမှုပဲရှိပြီး‌တော့ မီဒီယာနဲ့ပတ်သက်တဲ့ စာ‌စောင်၊ ဂျာနယ်တို့ သတင်းစာတို့ဆိုတာ မရှိပါဘူး။ ဒီကို‌ရောက်မှ မီဒီယာဆိုတာ သိပါတယ်။
၂၀၀၆ခုနှစ်မှာ စဖွဲ့တဲ့ ပအိုဝ်းလူငယ်များကွန်ယက်က ပညာဒါန သင်တန်း‌ကျောင်း‌တွေက‌နေ အစပြုပါတယ်။ ဒီပအိုဝ်း ‌တွေအတွက် မြှင့်တင်‌ပေးဖို့ကို တဖက်တလမ်းက‌ပေါ့‌နော်။ ကူညီ‌ထောက်ပံ့‌ပေးဖို့ ရှိတယ်။ ဒီမီဒီယာ‌တွေ တိုးတက်ရာတိုးတက် ‌ကြောင်းကလည်း အ‌ရေးကြီးပါတယ်။ ဒါ‌ပေမယ့် အခု ‌လော‌လောဆယ်‌တော့ ဒီပအိုဝ်းလူမျိုး‌တွေရဲ့ စာ‌ပေနဲ့ယဉ်‌ကျေးမှုက စပြီး တီထွင်တာပဲ ရှိပါ‌သေးတယ်။ စာ‌ပေနဲ့ယဉ်‌ကျေးမှု မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်းဖို့နဲ့ ဝတ်စားဆင်ယင်မှု၊ ဓ‌လေ့ထုံးတမ်း၊ ပညာ‌ရေးမြှင့်တင်‌ပေးဖို့ကို အဓိကထားပြီး‌တော့ လုပ်‌ပေး‌စေချင်ပါတယ်။
ဒီညီလာခံကို လာတဲ့ရတဲ့အခါကျ‌တော့ အ‌တွေ့အကြုံ၊ ဗဟုသုတ‌တွေ အများကြီးတိုးတက်လာပါတယ်။ ကျ‌နော်တို့အ တွက်‌တော့ အရမ်းကို‌ကောင်းပါတယ်၊ ‌ကျေးဇူးတင်ပါတယ်။

မင်း‌ဌေး‌အောင် (သံလွင်တိုင်းဂျာနယ်)

Nai Htay Aung
စနစ်တစ်ခုအ‌ပြောင်းအလဲမှာ ဒီတိုင်းရင်းသားမီဒီယာ‌တွေက နှစ်‌ပေါင်း ‌တော်‌တော်များများကတည်းကိုက လိုအပ်‌နေ တာ ကြာပါပြီ။ ဘာဖြစ်သလဲဆို‌တော့ မြန်မာပြည်ရဲ့မီဒီယာ‌လောကက မြန်မာပဲ‌ပြော‌ပြော ဗမာပဲ‌ပြော‌ပြော အဲဒါ‌တွေက လွှမ်းမိုး ‌နေတယ်။ ကျ‌နော်တို့ တိုင်းရင်းသား‌ဒေသမှာ‌တော့ မီဒီယာရဲ့ လွှမ်းမိုးမှုဆိုတာက ဒီမြန်မာအစိုးရကထုတ်တဲ့ သတင်းစာ၊ စာ‌စောင်‌တွေ။ ဘယ်အစိုးရတက်တက်‌ပေါ့ဗျာ။ လူထုကို ‌ပေးချင်တဲ့ အ‌ကြောင်းအရာ‌တွေက ကျ‌နော်တို့ တိုင်းရင်းသား‌ဒေသ ‌တွေဆီ ‌ရောက်ကိုမ‌ရောက်ဘူး။ တိုင်းရင်းသား‌တွေက ဘာမှမသိဘူး။ တိုင်းရင်းသား‌ဒေသ‌တွေမှာ တစ်ချို့က ဗမာစာမ‌ပြောနဲ့ ဗမာစကား‌တောင် မ‌ပြောတတ်တဲ့အခါကျ‌တော့ ဒီအစိုးရကထုတ်တဲ့ ‌ကြေညာချက်‌တွေ၊ နည်းဥပ‌ဒေ‌တွေဆိုတာ အခုထိ ဘာမှ မသိ‌သေးဘူး။ ကျ‌နော့်အမြင် ‌ပြောရရင်‌တော့ တိုင်းရင်းသား‌ဒေသက တိုင်းရင်းသား‌တွေဟာ ၆ဝရာခိုင်နှုန်း‌လောက်‌တောင်မှ ဒီလိုကိစ္စ‌တွေ ဘာမှမသိကြဘူး။ ဒါ‌ကြောင့် တိုင်းရင်းသားမီဒီယာ‌တွေဆိုတာ အ‌ရေးတကြီးကို လိုအပ်တယ်ဗျ။
တိုင်းရင်းသားမီဒီယာ‌တွေ အား‌ကောင်းလာဖို့အတွက် ပံ့ပိုးမှုက‌တော့ လိုတယ်။ အခု ကျ‌နော်တို့ သံလွင်တိုင်းမ် ထလုပ် တယ်ဗျာ။ ဘာပံ့ပိုးမှုမှမရှိဘူး။ ကိုယ့်အိတ်ထဲကစိုက်ပြီး လိုအပ်ချက်ရှိလို့လုပ်တာ။ နိုင်ငံ‌တော်အစိုးရကလည်း ပံ့ပိုးမှု လိုတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်‌ပြောတာက ပြန်ကြား‌ရေးဝန်ကြီးဌာနက ဒီနိုင်ငံရဲ့ ချမှတ်တဲ့ဘတ်ဂျက်‌တွေက ဥပမာ သတင်းစာ ‌တွေ ထုတ်‌နေတယ်ဗျာ။ အရှုံးခံပြီး ထုတ်‌နေတာ။ အဲဒီသတင်း‌တွေက ကျ‌နော်တို့ တိုင်းရင်းသား‌ဒေသ‌တွေမှာ ဘယ်‌လောက်အ ထိ အကျိုးသက်‌ရောက်မှုရှိလဲ။ အဲဒီလို အရှုံးခံထုတ်‌နေသလို ကျ‌နော်တို့ တိုင်းရင်းသားမီဒီယာအဖွဲ့‌တွေကိုလည်း အတိုင်းအတာ တစ်ခုအထိ‌တော့ ပံ့ပိုးမှုသင့်တာ‌ပေါ့။ ‌နောက်ပြီး အခြားအဲန်ဂျီအိုအဖွဲ့အစည်း‌တွေကလည်း နည်းပညာပိုင်းကအစ ဝိုင်းဝန်းပံ့ပိုး မယ်ဆိုရင်‌တော့ တိုင်းရင်းသားမီဒီယာအတွက် အလားအလာ ‌ကောင်းပါတယ်။ ဒီတိုင်းရင်းသားမီဒီယာညီလာခံကို မွန်ပြည်နယ် မှာ အရင်ဆုံး လုပ်တဲ့အ‌ပေါ် ကျ‌နော်တို့ မွန်တိုင်းရင်းသားအ‌နေနဲ့ ဂုဏ်ယူတယ်။ အခု ဒီမှာ တိုင်းရင်းသားကိုယ်စားလှယ်‌တွေ အားလုံး ‌ရောက်လာတဲ့အခါကျ‌တော့ တိုင်းရင်းသား‌တွေရဲ့ အခက်အခဲ‌တွေကို သိရတဲ့ အကျိုး‌ကျေးဇူး အများကြီး ရပါတယ်။

‌နော်စင်သီယာဝင်း (ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့)

Naw Cynthia Win
ကျမတို့ မြန်မာနိုင်ငံရဲ့ ပြုပြင်‌ပြောင်းလဲ‌ရေးကာလမှာ တိုင်းရင်းသားမီဒီယာ‌တွေရဲ့ အခန်းကဏ္ဍက အရမ်း အ‌ရေးကြီးပါ တယ်။ ဘာဖြစ်လို့လဲဆို‌တော့ တိုင်းရင်းမီဒီယာ‌တွေက တိုင်းရင်းသား‌တွေကို ကိုယ်စားပြုတယ်လို့ ကျမ မြင်တယ်။ ကိုယ့်‌ဒေသ ‌တွေမှာဖြစ်‌နေတဲ့ လူမှုစီးပွား‌ရေးပဲဖြစ်ဖြစ်၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေပဲဖြစ်ဖြစ် ဒါ‌တွေကို ‌ဖော်ပြ‌ပေးဖို့ ပြည်တွင်းမီဒီယာ ‌တွေ လုပ်‌ပေးဖို့ကျ‌တော့ ဖြစ်နိုင်‌ခြေနည်းပါတယ်။ ကိုယ့်တိုင်းရင်းသား‌ဒေသ‌တွေမှာ ဖြစ်‌နေတဲ့ လူ့အခွင်အ‌ရေး ချိုး‌ဖောက်မှု‌တွေ ကို တိုင်းရင်းသားမီဒီယာ‌တွေက ထိထိ‌ရောက်‌ရောက်လည်း ‌ဖော်ပြ‌ပေးနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။
ဒီတိုင်းရင်းသားမီဒီယာ‌တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကျမ ပထမဦးဆုံးမြင်တာက ဥပမာ ကွယ်ကလူတို့ ‌ကေအိုင်စီတို့‌ပေါ့။ ကွယ်ကလူက‌တော့ ကရင်တစ်ဘာသာတည်းနဲ့ ‌ဖော်ပြ‌ပေးတယ်။ ‌ကေအိုင်စီကျ‌တော့ မြန်မာဘာသာ၊ အဂင်္လိပ်ဘာသာနဲ့လည်း
‌ဖော်ပြ‌ပေးတယ်။ ကျမတို့ ကရင်တိုင်းရင်းသားမှာ ဘာသာစကား အမျိုးမျိုးရှိ‌တော့ ကရင်ဘာသာနဲ့ ‌ဖောြ်ပတဲ့အခါ စ‌ကောကရင် အပြင် ပိုးကရင်နဲ့လည်း ‌ဖော်ပြ‌ပေး‌စေချင်တယ်။ တိုင်းရင်းသား‌တွေထဲမှာ စကားကိုတတ်ပြီး ကိုယ့်စာကို မဖတ်တတ်တဲ့သူ‌တွေ လည်း ရှိတယ်။ ဒီ‌တော့ တိုင်းရင်းသားမီဒီယာ‌တွေအ‌နေနဲ့ ‌ရေဒီယိုအစီအစဉ်‌တွေရှိရင် ‌ကောင်းမယ်။ ‌ကျေးရွာ‌တွေမှာ သတင်းစာ ‌တွေ ဂျာနယ်‌တွေ ရယူဖို့ ခက်ခဲတယ်။ သူတို့က အလုပ်သွားတဲ့အခါ ‌ရေဒီယို နား‌ထောင်ရင်း ဒီတိုင်းရင်းသား‌တွေမှာဖြစ်‌နေတာ ‌ရော၊ မြန်မာနိုင်ငံမှာဖြစ်‌နေတာ‌ရော၊ ပြီး‌တော့ တခြားနိုင်ငံ‌တွေမှာ ဖြစ်‌နေတာကိုပါ သိရတယ်‌ပေါ့‌နော်။ ကျမ အကြံ‌ပေးချင်တာက တိုင်းရင်းသား‌ဒေသ‌တွေက လူမှုစီးပွား‌ရေး‌တွေဖြစ်‌စေ၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရတဲ့အခါဖြစ်‌စေ ဘက်မလိုက်ဘဲ ချိုး‌ဖောက် တဲ့ တိုင်းရင်းသား‌ခေါင်း‌ဆောင်ပဲဖြစ်ဖြစ်၊ တခြားအာဏာပိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်ပဲဖြစ်ဖြစ် ပွင့်ပွင့် လင်းလင်း ‌မေးမြန်းပြီး အမှန်တကယ်လည်း ‌ဖော်ပြ‌ပေး‌စေချင်တယ်။
ကျမတို့ လူမှုအဖွဲ့အစည်း‌တွေက မီဒီယာနဲ့ ထိ‌တွေ့‌နေရတဲ့ အဖွဲ့အစည်း‌တွေပါ။ ဒီ ညီလာခံက ‌ဆွေး‌နွေး‌ပြောဆိုမှု‌တွေ ကို နား‌ထောင်ရပြီး ကျမ ဗဟုသုတရပါတယ်။ သတင်း‌ထောက်‌တွေရဲ့ အခက်အခဲ၊ ပြဿနာ‌တွေအပြင် သတင်း‌ထောက်‌တွေရဲ့ ကျင့်ဝတ်၊ ဝတ္တရား‌တွေကို ပိုပြီး‌တော့ သိလာရတယ်။ အထူးသဖြင့် တိုင်းရင်းသားသတင်း‌ထောက်‌တွေဟာ ပြည်တွင်းက သတင်း‌ထောက်‌တွေ၊ မီဒီယာ‌တွေနဲ့စာရင် ပိုပြီး‌တော့ အခက်အခဲရှိတယ်။ ကျမတို့ တိုင်းရင်းသား‌ဒေသ‌တွေမှာ သွားလာ‌ရေး‌ရော ပိုက်ဆံ‌တွေ‌ရော အကုန်အကျ အများကြီးခံပြီးမှ သတင်း‌တွေရတယ်။ ‌နောက်ပြီး လက်နက်ကိုင်အဖွဲ့‌တွှေကြားမှာ သတင်းသွား ယူတဲ့အခါ အရမ်း အန္ထရာယ်များပါတယ်။ ဒီညီလာခံမှာ တိုင်းရင်းသားမီဒီယာ‌တွေအပြင် ပြည်တွင်းပြည်ပက နာမည်ကြီးသတင်း မီဒီယာ‌တွေ၊ နိုင်ငံတကာ အဖွဲ့အစည်း‌တွေလည်း တက်‌ရောက်လာ‌တော့ တိုင်းရင်းသားမီဒီယာ‌တွေ ဖွံ့ဖြိုးဖို့အတွက် ပူး‌ပေါင်း လုပ်‌ဆောင်နိုင်မယ်လို့ ကျမအ‌နေနဲ့ မြင်ပါတယ်။

ဦးဦးလှ‌စော (ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီက အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး)

UU Hla Saw
ကျ‌နော်တို့တိုင်းရင်းသား‌တွေဆိုတာက မြန်မာပြည်လွတ်လပ်‌ရေး ရတယ်ဆို‌ပေမယ့် အမျိုးသားအခွင့်အ‌ရေးကို ဘက်‌ပေါင်းစုံ ဆုံးရှုံး‌နေရတဲ့သူ‌တွေပါ။ အဲဒီ‌တော့ ကျ‌နော်တို့ ပြည်သူ‌တွေရဲ့ အသိအမြင်‌တွေ နည်းနည်း ပွင့်လင်းလာဖို့၊ အင်မ တန် ‌ကြောက်ရွံ့တဲ့စိတ်‌တွေ ‌ပျောက်ဖို့၊ သိသင့်သိထိုက်တဲ့ အသိတရား‌တွေသိဖို့၊ ကိုယ့်သမိုင်းကိုယ်သိဖို့အတွက်ဆိုရင် မီဒီယာ ‌တွေက မပါလို့မဖြစ်ဘူး။ နိုင်ငံ‌ရေးပါတီ‌တွေက ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေအတွက် လက်နက်ကိုင်တိုက်တဲ့သူက တိုက် မယ်။ ဒါမဟုတ် ဒီမိုက‌ရေစီနည်းအရ ‌တောင်းဆိုရင် ‌တောင်းဆိုမယ်။ အဲဒီလိုပဲ မီဒီယာဆိုတာ ကရင်ပြည်သူ‌တွေ နိုးကြားလာ ‌အောင်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်လာ‌အောင် လုပ်‌ပေးတယ်။ အဲဒီ‌တော့ မီဒီယာဆိုတာက နိုင်ငံ‌ရေးပါတီလိုပဲ လက်နက်ကိုင် တပ်မ‌တော်‌တွေလိုပဲ အ‌ရေးကြီးတယ်လို့ ကျ‌နော်မြင်ပါတယ်။
တို်င်းရင်းသားမီဒီယာ‌တွေ အား‌ကောင်းဖွံ့ဖြိုးလာ‌အောင် အဓိက ကျ‌နော်တို့လုပ်ရမယ့် ပ‌ရော့ဂျက်‌တွေက အများကြီးပါ။ ဒီမိုက‌ရေစီ အစပျိုး‌နေ‌သေးတဲ့ ပြုပြင်‌ပြောင်းလဲ‌ရေးကိစ္စမှာ တချို့သံသယရှိစရာကိစ္စ‌လေး‌တွေလည်း အများကြီး ရှိတယ်။ ဒီအချိန်မျိုးမှာ တိုင်းရင်းသားမီဒီယာတစ်ခု ထုတ်တယ်ဆိုတယ်။ အခက်အခဲ‌တွေ၊ စိန်‌ခေါ်မှု‌တွေ အများကြီးရှိတယ်။ မီဒီယာ‌တွေ ရဲ့ လုပ်‌ဆောင်ချက် မြင့်မားလာ‌အောင် လူထုနဲ့နီးစပ်‌အောင်၊ လူထုရဲ့ဘဝကို သိမြင်လာ‌အောင် လုပ်ရမယ်။ တိုင်းရင်းသားအ ‌ရေးကို စိတ်ဝင်စားတဲ့ အဲန်ဂျီအို‌တွေ၊ ဒီမိုက‌ရေစီ အင်အားစု‌တွေ၊ မျှတတဲ့ အမှန်တရားကို လိုလားတဲ့ အင်အားစု‌တွေရဲ့ အကူအ ညီကိုယူပြီး‌တော့ ကိုယ့်‌ခြေ‌ထောက်‌ပေါ် ကိုယ့်ရပ်တည်ပြီး‌တော့ ကိုယ့်လမ်းကိုယ်‌ဖောက်ရမှာပါ။ ကိုယ့်အရည်အချင်းကို မြှင့်ရ မယ်။ ဒီညီလာခံမှာ ညီ‌နောင်သားချင်း‌တွေ ‌တွေ့ရတယ်။ တစ်‌ယောက်ကိုတစ်‌ယောက် အခက်အခဲ‌တွေ တင်ပြ၊ ‌ဝေမျှ ‌ဆွေး‌နွေး ကြပြီး ဒီတိုင်းရင်းသားအဖွဲ့အစည်း‌တွေ ကြားထဲမှာလည်း ညီညွတ်မှု တည်‌ဆောက်ပြီးသွားတာ‌ပေါ့။ တိုင်းရင်းသား‌တွေ အင်မ တန် အားနည်း‌နေတဲ့ အ‌နေအထားမျိုးမှာ နိုင်ငံတကာ အဖွဲ့အစည်း‌တွေလည်း ပါလာတဲ့အခါကျ‌တော့ ချိတ်မိပြီး နားလည်မှု ‌လေး‌တွေ ရကြတယ်။ ‌ရှေ့လုပ်စရာ‌တွေ အများကြီး ရှိတဲ့အထဲက ကရင်မီဒီယာကလည်း ကရင်ပြည်သူကို အကျိုးပြုနိုင်‌အောင် ရခိုင်မီဒီယာကလည်း ရခိုင်‌တွေကို အကျိုးပြုနိုင်‌အောင် ‌နောက်ပြီး‌တော့ ကရင်နဲ့၊ မွန်နဲ့၊ ရခိုင်နဲ့ ကြားထဲမှာ အချိတ်အဆက်ဖြစ် လာ‌အောင် ဒီဟာက ‌ဖောင်‌ဒေးရှင်း‌လေးတစ်ခု အစပျိုး‌ပေးလိုက်တယ်လို့ ကျ‌နော်မြင်ပါတယ်။