Home သတင်း KNGY ၏ (၆)ကြိမ်‌မြောက် ညီလာ ခံကို ကယန်း‌ဒေသတွင် ‌အောင်မြင် စွာ ကျင်းပပြီးစီး

KNGY ၏ (၆)ကြိမ်‌မြောက် ညီလာ ခံကို ကယန်း‌ဒေသတွင် ‌အောင်မြင် စွာ ကျင်းပပြီးစီး

1734
မတ်လ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

6th KNGY confrenceကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့(KNGY) ၏ (၆)ကြိမ်‌မြောက်ညီလာခံကို မတ်လ ၂၄ ရက်‌နေ့ မှ ၂၆ ရက်‌နေ့ အထိ သျှမ်းပြည်‌တောင် ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ‌ကျေးရွာအုပ်စု၊ လွယ်ယင်းမဂင်္လာ‌ကျေးရွာ တွင် ‌အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

၂၀၀၂ခုနှစ်က ကယန်းလူမျိုးများ၏ အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးစသည်တို့တွင် ဖြည့် ဆည်း‌ပေးရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာတွင် ဖွဲ့စည်းခဲ့သည် KNGY သည် ဆယ်စုနှစ် တစ်ခု အတွင်း ညီလာခံကို မြန်မာနိုင်ငံအတွင်းရှိ ကယန်း‌ဒေသတွင် လူငယ်စုံစုံလင်လင်ဖြင့် ယခုလို ပထမဆုံအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုညီလာခံတွင် KNGY ၏ ဥက္ကဌသစ် ဖြစ်လာသည့် ခွန်းဘီဒူးက “အစိုးရက‌တော့ ညီလာခံလုပ်မယ်ဆိုရင် ခွင့်ပြုချက် စာတင်ခိုင်းတယ်။ ကျ‌နော်တို့ကလည်း သက်ဆိုင်ရာ‌တွေကို စာတင် ပါတယ်။ အစိုးရဆီမှာ တရားဝင်အသင်း အ‌နေနဲ့မှတ်ပုံတင်တာက‌တော့ အခုလတ်တ‌လော အစီအစဉ်မရှိ‌သေး ပါဘူး။ ဒါ‌ပေမယ့် ဒီညီလာခံကို လုပ်သင့် လုပ်ထိုက်လို့ လုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်ကြာကျင်းပခဲ့‌သော ညီလာခံတွင် KNGY အဖွဲ့ဝင်လူငယ်များအပါအဝင် ကယန်းအမျိုးသားလူငယ်အဖွဲ့ (KNY) အဖွဲ့ဝင်လူငယ်များ၊ ပြည်ပ‌ရောက် ကယန်းလူငယ်များ၊ ပြည်တွင်းရှိ ကယန်း‌ဒေသအသီးသီးမှ ကယန်း လူငယ်များနှင့် မဟာမိတ်လူငယ်အဖွဲ့အစည်းများမှ လူငယ်များ စသဖြင့် ကိုယ်စားလှယ်စုစု‌ပေါင်း ၅၅ဝ ခန့်တက်‌ရောက်ခဲ့‌ကြောင်း သိရှိရသည်။

ထို့အပြင် ညီလာခံတွင် ကယန်းအမျိုးသားလူငယ်အဖွဲ့(KNY) သည် KNGY သို့ ကူး‌ပြောင်းကာ ဗဟို‌ကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင် အ‌ရွေးချယ်ခံခဲ့သည်ဟု KNGY က ဆိုသည်။

6th KNGY confrence 1ခွန်းဘီဒူးက “အခုက နိုင်ငံ‌ရေး အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အချင်းချင်းကွဲကွာသွားသလိုရှိခဲ့တယ်။ အဲဒါကို ကျ‌နော်နှစ်ဖွဲ့က ပြန်လည်စုစည်းလိုက်တဲ့ သ‌ဘောပါ။ ‌နောက် လုပ်ငန်းစဉ်‌တွေအတွက် ဘယ်လိုဆက်လုပ် မယ်ဆိုတာကို ‌ဆွေး‌နွေးညှိနှိုင်းတဲ့သ‌ဘောပါ”ဟု ထပ်မံ‌ပြောဆိုသည်။

၎င်းညီလာခံတွင် KNGY ဥက္ကဋ္ဌ အဖြစ် ခွန်းဘီဒူး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ခူးအသန်း၊ တွဲဘက်အတွင်း‌ရေးမှူးအဖြစ် ခူးဘုန်းမြင့် အပါအဝင် ဗဟို‌ကော်မတီဝင် ၁၁ ဦး၊ အရံ‌ကော်မတီဝင် ၄ ဦး၊ လုပ်ငန်းဌာန ၆ ခုအတွက် တာဝန်ခံ ၃၆ ဦးတို့ကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ပြီး KNGY ၏ မူဝါဒများ၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။

ညီလာခံ‌နောက်ဆုံး‌နေ့၌ KNGY က ‌ကြေငြာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ပြီး အသစ်ပြန်လည်ဖွဲ့စည်းလိုက်‌သော KNGY သည် အားသစ်မာန်သစ်များဖြင့် ကယန်းအမျိုးသားအ‌ရေးနှင့် မြန်မာပြည်အ‌ရေးတို့တွင် တက်ကြွစွာ ပါဝင်ချီတက်သွားမည်ဟု အဆိုပါ ‌ကြေညာချက်တွင်‌ဖေါ်ပြထားသည်။

ကယန်း‌ဒေသအတွင်း လူငယ်အင်အားစုများ၏လွတ်လပ်စွာ လှုပ်ရှားမှုကို အစိုးရက ခြိမ်း‌ခြောက်ကန့်သတ်မှုများ ရှိ‌နေ‌သေးသည့်အ‌ပေါ် ဒီမိုက‌ရေစီစနစ်ကို ဟန့်တား‌နေ‌သော အုပ်ချုပ်‌ရေးယန္တရားဆိုးများအဖြစ် ရှုတ်ချ‌ကြောင်း လည်း ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

တဆက်တည်းမှာပင် လာမည့် ဧပြီလ ၁ဝရက်‌နေ့တွင် ကျ‌ရောက်မည့် ၁၃ ကြိမ်‌မြောက် ကယန်းအမျိုသား‌နေ့ ကို ‌နေပြည်‌တော်၊ ပျဉ်းမနား‌ဒေသတွင် ကျင်းပနိုင်ရန် ခွင့်‌တောင်းခဲ့‌သော်လည်း အစိုးရက ခွင့်မပြုသည့်အတွက် ရှုတ်ချ‌ကြောင်း KNGY က ‌ပြောသည်။

ကယန်းမျိုးနွယ်စုများသည် သျှမ်းပြည်နယ် ‌တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကရင်နီပြည်နယ် လွိုင်‌ကော်၊ ဒီး‌မော့ဆို မြို့နယ်၊ ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ်နှင့် မန္တ‌လေးတိုင်း၊ ပျဉ်းမနား‌ဒေသတို့တွင် ‌နေထိုင်လျှက်ရှိကြသည်။