Home သတင်း မိုင်းအန္တရာယ်ကင်းရှင်း‌ရေး‌နေ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ကျင်းပ

မိုင်းအန္တရာယ်ကင်းရှင်း‌ရေး‌နေ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ကျင်းပ

2347
မတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

images
မိုင်းအန္တရာယ်ပညာ‌ပေးအဖွဲ့တစ်ခုဖြစ်သည့် Mine Risk Education-MRE မှ ကြီးမှူး၍ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီ ဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ် ကင်းရှင်း‌ရေး‌နေ့(No Mine Day)ကို မတ်လ ၂၂ရက် ‌နေ့မှ စတင်ကာ ဧပြီလ ၄ရက်‌နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

MRE ၏ စီမံခန့်ခွဲ‌ရေးမှူး ‌နော်ဆဲထိက “ကျမတို့ ဒုက္ခသည်စခန်းမှာ No Mine Day ကို တပြိုင်နက်တည်း လုပ်တာ မဟုတ်ဘဲ တစ်ရက်ကို စခန်းတစ်ခု၊ နှစ်ခု အဲလိုပုံစံနဲ့ လုပ်တာဖြစ်ပါတယ်။ အခုဆိုရင် ‌လေးခု ကျန်‌သေး တယ်။ ဒီလို လုပ်ရတာလည်း အဓိက မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး နယ်စပ်လူထု‌တွေ ပိုသိ‌စေဖို့ ပညာ‌ပေးတဲ့ သ‌ဘောပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မိုင်းအန္တရာယ်ကင်းရှင်း‌ရေး‌နေ့ကို ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် (၂)အပါအဝင် မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းတို့တွင် ကျင်းပပြီးစီးခဲ့ပြီး ဆက်လက်ကျင်းပရန် ကျန်‌နေ‌သေးသည့် စခန်းများကို အစီအစဉ်အရ ဧပြီလ ၂ရက်‌နေ့တွင် အုန်းဖျန်စခန်းနှင့် ဘန့်ဒိုယမ်းစခန်း၊ ဧပြီလ ၄ရက်‌နေ့တွင် မယ်လစခန်းနှင့် ထမ်းဟင်စခန်းတို့တွင် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ‌နော်ဆဲထိက ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန့်ဒိုယမ်းနှင့် ထမ်းဟင် ကရင်ဒုက္ခသည် စခန်းများနှင့် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် (၂)တို့တွင် MRE မှ မိုင်းအန္တရာယ်ကင်းရှင်း‌ရေး‌နေ့ လှည့်လည် ကျင်းပ‌နေခြင်းဖြစ်သည်။

ဆက်လက်၍ ‌နော်ဆဲထိက “ဒီလို ကျမတို့ မိုင်းကင်းရှင်း‌နေ့လုပ်တာ မိုင်းထိထားတဲ့ သူ‌တွေကိုပဲ မရည်ရွယ် ပါဘူး။ တခြားလူ‌တွေကိုလည်း မိုင်းအန္တရာယ်နဲ့ပတ်သက်တဲ့ ပညာ‌ပေးမှု‌တွေ ‌ဆောင်ရွက်‌နေပါတယ်။ အခု လုပ် ‌နေတဲ့ မိုင်းရှင်းလင်း‌နေ့‌တွေမှာဆိုရင် အားကစားပွဲ‌တွေ လုပ်‌ပေးတယ်။ ‌နောက် သီချင်း၊ ကဗျာ၊ စာစီစာကုံး‌ရေး ပြိုင်ပွဲ‌တွေ လုပ်‌ပေးပါတယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ် ကင်းရှင်း‌ရေး‌နေ့ကို MRE မှ ဦးစီး၍ ၂၀၀ဝ ပြည့်နှစ် မှ ၂၀၀၈ခုနှစ်အထိ ပြုလုပ်ခဲ့‌သော်လည်း ‌ငွေ‌ကြေးအခက်အခဲ‌ကြောင့် နှစ်အနည်းငယ် ရပ်တန့်ထားခဲ့ရပြီး ၂၀၁၂ခုနှစ်၊ ဩဂုတ်လတွင် မိုင်းအန္တရာယ်ပညာ‌ပေးလုပ်ငန်းကို ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ မိုင်းနှင့် ‌ပေါက်ကွဲ‌စေတတ်‌သော လက်နက်ခဲယမ်းပစ္စည်းများ ‌ကြောင့် ထိခိုက်သူ သုံး‌ထောင့်နှစ်ရာ‌ကျော်ရှိသည့်အနက် နှစ်‌ထောင့်ခုနှစ်ရာ‌ကျော်သည် ကိုယ်အဂင်္ါထိခိုက်မှု ဒဏ်ရာကိုယ်စီဖြင့် အသက်ရှင်လျှက်ရှိသည်ဟု နိုင်ငံတကာမိုင်း‌စောင့်ကြည့်‌ရေးအဖွဲ့တစ်ခုဖြစ်သည့် Landmine and Cluster Munition Monitor ၏ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။