Home သတင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲခဲ့သည့် NLD-LA ကို NLD အသိအမှတ်ပြု

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲခဲ့သည့် NLD-LA ကို NLD အသိအမှတ်ပြု

2274
မတ်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

0329 NLD-LAထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ်အဖြစ် နှစ်‌ပေါင်း ၂၀‌ကျော် လက်တွဲ ‌ဆောင်ရွက်ခဲ့မှုများကို မိခင်အဖွဲ့အစည်းဖြစ် သည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD က အသိ အမှတ်ပြု ‌ကြောင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-လွတ်‌မြောက် နယ်‌မြေ(NLD-LA)က ယ‌နေ့ ‌ပြောကြား လိုက်သည်။

NLD-LA ဥက္ကဌ ဦးဗို‌သောင်း ဦး‌ဆောင်သည့် အဖွဲ့ဝင် ၁၁ဦးသည် လွန်ခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၂၆ရက်‌နေ့မှ မတ်လ ၂၆ရက်‌နေ့အထိ မြန်မာပြည်တွင်းသို့ ‌လေ့လာ‌ရေးခရီးစဉ်အဖြစ် သွား‌ရောက်ခဲ့ပြီး NLD နှင့် ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့ သည့်အခါ ယင်းကဲ့သို့ အသိအမှတ်ပြုခံရမှုကို ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာ၌ ယ‌နေ့ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် NLD-LA က ‌ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

၎င်းခရီးစဉ်တွင် လိုက်ပါခဲ့သည့် NLD-LA ဗဟိုအလုပ်အမှု‌ဆောင် ဦးထွန်း‌အောင်‌ကျော်က “ကျ‌နော်တို့ခရီးစဉ်မှာ အစိုးရနဲ့ စကား‌ပြောဖို့ထက် မိခင် NLD အဖွဲ့ချုပ်ကို ၂၂နှစ်‌ကျော် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု အတွင်းမှာ ‌ဆောင်ရွက်ခဲ့တဲ့ကိစ္စ‌တွေ၊ နိုင်ငံတကာမှာ လွှတ်‌တော်‌တွေနဲ့ အစိုးရ‌တွေအတွင်းမှာ ထိုး‌ဖောက်မှုအား ‌တွေ အစီရင်ခံဖို့ သွားတာပါ။ သွား‌ပြောပြီး အခုလို နားလည်မှုရတာ ဝမ်းသာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ခရီးစဉ်အတွင်း မြန်မာပြည်တွင်းရှိ ပြည်သူလူထု၏ စီးပွား‌ရေး၊ လူ‌နေမှုအဆင့်အတန်း၊ ယဉ်‌ကျေးမှု အ‌ခြေအ‌နေတို့ကို ‌လေ့လာခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ၏ လက်ရှိအ‌ခြေအ‌နေ၊ အစိုးရအဖွဲ့အတွင်း အ‌ခြေအ ‌နေ၊ လွွှှတ်‌တော်အတွင်း အ‌ခြေအ‌နေနှင့် ၎င်းတို့‌နေထိုင်ခဲ့သည့် မြို့နယ်အရပ်ရပ်တို့၏ ဘက်‌ပေါင်းစုံ အ‌ခြေ အ‌နေများကို ‌လေ့လာခဲ့သည်ဟု ဦးထွန်း‌အောင်‌ကျော်က ‌ပြောသည်။

ထို့အပြင် ခရီးစဉ်အတွင်း ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ သျှမ်းတိုင်းရင်းသား လူမျိုးများ ဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD)တို့မှ အဖွဲ့ဝင်များ၊ ဦးမင်းကိုနိုင် ဦး‌ဆောင်သည့် ၈၈ ‌ကျောင်းသားများ အဖွဲ့နှင့်လည်း ‌တွေ့ဆုံခွင့်ရကာ လက်ရှိ ဖြစ်ထွန်း‌နေသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို အမြင်သ‌ဘောထား အပြန်အလှန် ဖလှယ်ခဲ့ကြသည်ဟု မတ်လ ၂၅ရက်‌နေ့က NLD-LA မှ ထုတ်ပြန်ခဲ့‌သော ‌ကြေညာချက်တွင် ‌ဖေါ်ပြထားသည်။

ထို‌ကြေညာချက်၌ ဦး‌အောင်မင်းဦး‌ဆောင်သည့် အစိုးရ၏ ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင်အဖွဲ့နှင့်နှစ်ကြိမ် ‌တွေ့ဆုံခွင့် ရကာ ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များအ‌ပေါ် အမြင်များဖလှယ်နိုင်ခဲ့ကြသလို အစိုးရအ‌နေဖြင့် ခရီးစဉ် တ‌လျှောက်လုံးတွင် ၎င်းတို့အား လိုအပ်‌သော အကူအညီအပြည့်အဝ‌ပေးခဲ့သည်ဟု ‌ဖော်ပြပါရှိသည်။

ယခု ခရီးစဉ်ပြီး‌နောက် တိုင်းရင်းသားအ‌ရေးနှင့် ပတ်သက်၍ NLD-LA ဦးထွန်း‌အောင်‌ကျော်က “ဒီက‌နေ့ တိုင်း ရင်းသားလူမျိုး‌တွေရဲ့ တစ်ခုချင်း စည်းလုံးညီညွှတ်မှုကို ကျ‌နော်တို့ ပူး‌ပေါင်း‌ဆောင်ရွက်သွားမယ်။ ပူး‌ပေါင်း ‌ဆောင်ရွက်လို့ တိုင်းရင်းသားတမျိုးချင်းက‌နေ လူမျိုး‌ပေါင်းစုံညီညွှတ်‌ရေးကိုသွားတဲ့အခါမှာ လူမျိုး တမျိုးချင်းရဲ့ အမျိုးသားတန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်‌တွေ ရရှိ‌အောင် ဆက်လုပ်သွားမယ်”ဟု ‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NLD-LA အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဥက္ကဌ ‌ဒေါက်တာ ‌အေး‌ကျော်၊ အတွင်း‌ရေးမှူး ဦးမြင့်သိဏ်း၊ တွဲဘက်အတွင်းမှူး ဦးရန်‌နောင်မြင့်၊ အလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဦးထွန်း‌အောင်‌ကျော် နှင့် ဩစ‌တြေးလျဌာနခွဲ ဥက္ကဌ ဦး‌မောင်‌မောင်‌အေးတို့ ပါဝင်‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-လွတ်‌မြောက်နယ်‌မြေ(NLD-LA)သည် ၁၉၉ဝ ပြည့်‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မာနယ်ပ‌လောတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။