Home ကဗျာ နှစ်သစ်ဆု‌တောင်း

နှစ်သစ်ဆု‌တောင်း

2812
(လကင်္ာဒီပ)

မြင်‌နေရာ မမြင်ကွယ်ရာ
ဘယ်‌နေရာမဆို
ဘာကိုမှ မလိမ်ညာတတ်တဲ့သူ
အဖြူ‌ရောင်သစ္စာရှိအနွယ်မျိုး
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်မှန်လုပ် အဟုတ်သာ‌ပြော
‌မြေ‌ကြော‌ရေ‌ကြော သာ‌မောကိုးနဒီ
ဘီစီ ၇၃၉မတိုင်ခင်ထဲက
ဓါးမဦးချ အ‌ခြေတည် အမြစ်တွယ်ခဲ့လာ
ဒါတို့‌မြေ တို့‌ရေ တို့ဘိုးဘွားအ‌မွေ။

ယဉ်‌ကျေးမှုဓ‌လေ့ထုံးစံများ
တို့စကား တို့စာ‌ပေ
အ‌ခြေအ‌နေ‌တွေက အရှိတရား
ဘယ်သိကြား ဘယ်လူစားမျိုးမှ လာဖျက်လို့မရ။

သတိထားရမှာက မရိုးအ ကြစမ်းပါနဲ့
သမိုင်းကို တတ်‌အောင်သင်ကြပါ
သမိုင်းသာရှိ သမိုင်းမသိရင်
နင်…‌နေရစ်‌ပေအုံး မ‌ရွှေထားရယ်လို့
ရင်ထုလို့ မနှ‌မျောချင်ဘူးကွယ်။

ပဏာမကို ခဝါမချရဲတဲ့အမှု
ဟိုတစုဒီတစု သိမ်သိမ်‌မွေ့‌မွေ့ပြု
မုသားရထားဝန်ကြီးဦး‌အောင်မင်း ‌ပေးလာမယ့်ဆု
ဂရုပြုလိုက်စမ်းပါ
နာတာရှည်‌ရောဂါ အညာအလိမ်‌ဆေးဝါး
ပါးပါးလှပ်လှပ် သူကုမယ်ယခု
အနုမျက်လှည့် အ‌ယောင်‌ဆောင်
“ဘကြီး‌အောင်ညာတယ်”ဒုတိယပိုင်း ဆက်‌ရေးမယ်သတိပြု။

‌ဪ…ခါ‌တော်မှီ‌ကောက်သစ်စားပွဲ
တို့လည်းလိုက်ပါရ‌စေ
တ‌ပြေ(ပြည်)လုံး တ‌ပြေးထဲ
တ‌ရွေးလည်း မပို‌စေနှင့်
ချစ်သစ်မြူးရာ‌မြေ
နှစ်သစ်ကူးမှာ‌လေ
ပွင့်သစ်ဖူးပါ‌စေ‌ရေး
ငြိမ်းချမ်း‌ရေးအစစ်အမှန်
အမြန်သယ်‌ဆောင်လာဖို့
မှန်မှန်ကန်ကန် ‌ရွေးချယ်ဆုံးဖြတ်
သုံးသပ်ရဲတင်းနိုင်ကြပါလှဲ့
အိုဘယ့်…ရှင်‌တော်ဘုရားထံ ဆုပန်‌ခြွေရင်း။ ။

ဒီဇင်ဘာ ၂၅၊ ၂၀၁၁။