Home သတင်း ဇင်းကျိုက်‌ကျေးရွာ မီး‌လောင်မှု အိမ်‌ခြေ ၁၀၀‌ကျော် ပျက်စီးဆုံးရှုံး

ဇင်းကျိုက်‌ကျေးရွာ မီး‌လောင်မှု အိမ်‌ခြေ ၁၀၀‌ကျော် ပျက်စီးဆုံးရှုံး

1728
ဒီဇင်ဘာလ ၂၆ရက်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၊ ဇင်းကျိုက်‌ကျေးရွာတွင် ယမန်‌နေ့ညက မီး‌လောင်ကျွမ်းမှုတခုဖြစ်ပွားခဲ့ခြင်း‌ကြောင့် အိမ်‌ခြေစုစု‌ပေါင်း တစ်ရာ‌ကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

ဇင်းကျိုက်ရွာခံ အမျိုးသမီးတဦးက “အိမ်တစ်ရာ‌ကျော်‌လောက် မီးထဲအကုန်ပါသွားတယ်။ တချို့‌ပြောတာက ‌ရှော့ခ်ဖြစ်ပြီး ‌လောင် တယ်။ ခုထိ‌တော့ မီးမလာ‌သေးဘူး။”ဟု ‌ပြောသည်။

ဇင်းကျိုက်ရွာကို ဖြတ်သွားသည့် မီးရထားလမ်းအ‌ရှေ့ဘက်နှင့် အ‌နောက်ဘက်ရှိ အိမ်များမှာ မီး‌လောင်ကျွမ်းသွားခြင်းဖြစ်သည်ဟု လည်း သူမက ‌ပြောသည်။

အဆိုပါမီး‌လောင်မှုမှာ ည ၁၁နာရီ‌ကျော်အချိန်မှ စတင် ဖြစ်ပွားခဲ့ပြီး ရပ်ကွက်တခုလုံးကို အချိန်တိုအတွင်း ‌လောင်ကျွမ်းသွားပြီးမှ သာ အနီးနားရှိ ‌ပေါင်မြို့နှင့် သထုံမြို့မှ မီးသတ်ကားများ ‌ရောက်လာ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

“‌လေကလည်း တိုက်‌နေ‌တော့ ခန‌လေးနဲ့ မီးက တရပ်ကွက်လုံး ကူးသွားတာပဲ။ ဆုံးရှုံးမှုတန်ဖိုးက‌တော့ ကျပ်သိန်း‌ထောင်နဲ့ချီ ရှိ မယ်လို့ ခန့်မှန်းထားကြတယ်။”ဟု မီး‌လောင်ကျွမ်းရာ ‌နေရာတဝိုက်တွင် ‌နေထိုင်သူတဦးက ‌ပြောသည်။

မီး‌လောင်မှုနှင့် ပတ်သက်၍ ‌ပေါင်မြို့ မီးသတ်ဌာနသို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း‌သော်လည်း ပြန်လည် ‌ဖြေဆိုမည့်သူ မရှိ ‌ပေ။

ဇင်းကျိုက်ရွာသည် ရန်ကုန်-‌မော်လမြိုင် အ‌ဝေး‌ပြေး ကားလမ်းမ‌ပေါ်တွင် တည်ရှိပြီး ဇင်းကျိုက်‌ရေတံခွန်ဟု လူသိများသည့် ရွာတ ရွာ ဖြစ်သည်။

ဇင်းကျိုက်ရှိ ‌ကျောက်သ‌ဘေင်္ာ ‌ရေတံခွန်မှ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ‌ရေတံခွန်‌အောက်‌ခြေနားတွင် ‌ရေအား လျှပ်စစ်စက်ရုံ အ‌သေးစားထိုင်ကာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ဇင်းကျိုက်တွင် မီတာအလုံး ၅,ဝဝဝကို မီး‌ပေး‌နေသည်။

ထိုဇင်းကျိုက် သဘာဝအရင်းအမြစ်မှ တနှစ်လျှင် ၈လကြာ ၂၄နာရီ မီး‌ပေး‌ဝေနိုင်ပြီး မိုးတွင်းကာဆိုလျှင် ၎င်း‌ရေတံခွန်မှ လျှပ်စစ် ဓါတ်အား မဂ္ဂါဝပ် ၁၀၀‌ကျော် ထုတ်လုပ်နိုင်သည်။