Home ကဗျာ “ မြစ်ဆုံရာ ဒဏ်ရာများ ”

“ မြစ်ဆုံရာ ဒဏ်ရာများ ”

1676

ကရင်ပြည်နယ်
‌သောင်ရင်းနှင့် ယွန်းစလင်း
မြစ်ဆုံရာ ‌နေရာနှစ်စင်း
စစ်တလင်းခင်း။

ကချင်ပြည်နယ်
‌မေခနှင့် မလိခ
မြစ်ဆုံရာ‌နေရာနှစ်စင်း
စစ်တလင်းခင်း။

ဧရာဝတီ ဖ‌လော်တီလာ
ပြဿနာ အရပ်ရပ်
မြန်မာများ ဒုက္ခ‌တွေ ့ရ။

‌ရောဟိနီမြစ်‌ရေ အ‌ရေးအခင်း
စစ်တလင်းခင်းလိုကြ
သကျတို ့အချင်းချင်း
ငြိမ်းချမ်းခြင်းယူလိုက်ကြ
‌အေးချမ်းသာရ။

ယခုလည်း
မြစ်ဆုံရာ ဧရာဝတီဖျားမှာ
ငြိမ်းချမ်းခြင်းတရား
ငြိမ်းချမ်းခြင်းစကား
ငြိမ်းချမ်းခြင်းတံခါး ဖွင့်ကြစို ့။

‌တောင်က‌လေးဆရာ‌တော်