Home ထိပ်တန်းသတင်း နာရီဝက်ကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်

နာရီဝက်ကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်

2647
စက်တင်ဘာလ ၁၇ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဝါ့‌မေထာ့ရွာအနီးရှိ ထင်းရှူး‌တောင်တန်းတွင် စက်တင်ဘာလ ၁၆ရက် ည‌နေ ၅နာရီက မြန်မာ အစိုးရ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ ပါဝင်သည့် အဖွဲ့ ၄ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်စလုံးမှ ထိခိုက်မှုရှိခဲ့သည်ဟု ဒီ‌ကေဘီ‌အေ တပ်ဖွဲ့က ‌ပြောသည်။

ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော ဗျူဟာမှ ဗိုလ်မှူး‌စောဆန်း‌အောင်က “တိုက်ပွဲမှာ ရန်သူဘက်က ၂ဦး ဒဏ်ရာအပြင်းအထန် ရရှိ သွားတယ်။ ကျ‌နော်တို့ ဒီ‌ကေဘီ‌အေက ၁‌ယောက်ကိုလည်း ကျည်ဆံ ရှပ်ထိသွားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အစိုးရတပ်ကို သွား‌ရောက်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့များမှာ ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၉)၊ ‌ကေအဲန်အယ်လ်‌အေ(၁၀၁)၊ ABS-DF ‌ကျောင်းသားတပ်ဖွဲ့နှင့် ရခိုင်တပ်ဖွဲ့တို့ ဖြစ်ကြပြီး လုံခြုံ‌ရေးအတွက် နယ်‌မြေရှင်းလင်း‌ရေး လှုပ်ရှား‌နေသည့် ခလရ(၂၀၄) တပ်ရင်းကို သတင်းအရ ‌ပြောက်ကျားစနစ်ဖြင့် မိနစ် ၃ဝခန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။