Home ထိပ်တန်းသတင်း နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေး အစိုးရကို ဂျွန်မက်ကိန်း တိုက်တွန်းမည်

နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေး အစိုးရကို ဂျွန်မက်ကိန်း တိုက်တွန်းမည်

2036
‌မေလ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာနိုင်ငံ ပြုပြင်‌ပြောင်းလဲ‌ရေးနှင့် နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားမည်ဟု ထိုင်း-မြန်မာနယ်စပ်သို့ ယ‌နေ့ ‌ရောက်ရှိလာသည့် အ‌မေရိကန်အထက်လွှတ်‌တော်အမတ် ဂျွန်မက်ကိန်းက ‌ပြောဆိုလိုက်သည်။

၎င်းက “မနက်ဖြန် မြန်မာနိုင်ငံကို သွားမယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ အစိုးရကို သွား‌ရောက်‌တွေ့ဆုံမှာပါ။ မြန်မာနိုင်ငံ ပြုပြင် ‌ပြောင်းလဲဖို့အတွက်နဲ့ နိုင်ငံ‌ရေးအကျဉ်းသား‌တွေ လွတ်‌မြောက်ဖို့အတွက် အစိုးရကို တိုက်တွန်းသွားမယ်။”ဟု ထိုင်းနယ်စပ်အ‌ခြေ စိုက် ‌ဒေသခံသတင်း‌ထောက်များကို ‌ပြောသည်။

အ‌မေရိကန်အထက်လွှတ်‌တော်အမတ် ဂျွန်မက်ကိန်းသည် ယ‌နေ့မွန်းလွဲ ၂ နာရီခန့်တွင် မဲ‌ဆောက်ရှိ မယ်‌တော်‌ဆေးခန်းသို့ သွား ‌ရောက်‌လေ့လာခဲ့အပြီး၌ ထိုသို့ ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

ဂျွန်မက်ကိန်းနှင့် အဖွဲ့သည် ယ‌နေ့မနက် ၁ဝနာရီခန့်တွင် ထိုင်းနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ သွား‌ရောက်ကာ ဒုက္ခသည် အ ‌ခြေအ‌နေများကို သွား‌ရောက်‌လေ့လာခဲ့ပြီး မယ်လရှိ ‌အေအမ်အိုင်‌ဆေးရုံသို့ သွား‌ရောက်‌လေ့လာခဲ့သလို မယ်‌တော်‌ဆေးခန်းတွင် လည်း ‌ဒေါက်တာစင်သီ‌မောင်နှင့် ‌တွေ့ဆုံကာ ‌ဆေးကုသမှုအ‌ခြေအ‌နေနှင့် ‌ဆေးခန်း၏ ဌာနဆိုင်ရာများကို ‌လေ့လာခဲ့သည်။

“ဂျွန်မက်ကိန်းက မြန်မာပြည် မသွားခင် နယ်စပ်က ဒုက္ခသည်အ‌ခြေအ‌နေ‌တွေကို ‌လေ့လာတဲ့အ‌နေနဲ့ လာ‌ရောက်တာပဲ ဖြစ်တယ်။ သူနဲ့အတူ အဖွဲ့ဝင် ၁ဝဦး‌လောက် ရှိတယ်။ သူက စခန်း‌ကော်မတီ‌တွေနဲ့ မိနစ် ၂၀‌လောက်‌တွေ့ဆုံပြီး စခန်းထဲက ‌ဆေးရုံကို ခဏ သွားကြည့်တာ‌တော့ ရှိပါတယ်။”ဟု မယ်လစခန်း ဥက္ကဌ ‌စောထွန်းထွန်းက ‌ကေအိုင်စီကို ‌ပြောသည်။

ဂျွန်မက်ကိန်းနှင့် ‌ဒေါက်တာစင်သီယာ‌မောင် (ပုံ-‌ကေအိုင်စီ)

ထို့အပြင် အထက်လွှတ်‌တော်အမတ် ဂျွန်မက်ကိန်းက ဒုက္ခသည်အ‌ရေး၊ မြန်မာနိုင်ငံ၏ ကျန်းမာ‌ရေးနှင့် တိုင်းရင်းသားလူမျိုးစုများ ကို အစိုးရစစ်တပ်မှ တိုက်ခိုက်မှုများကို အစိုးရနှင့် ‌ဆွေး‌နွေးသွားမည်ဟု ဆက်‌ပြောသည်။

အထက်လွှတ်‌တော်အမတ် ဂျွန်မက်ကိန်းသည် အ‌မေရိကန် အတိုက်အခံ ရီပတ်ဘလီကန်ပါတီ၏ သမ္မတ‌လောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၈ခုနှစ်က အ‌မေရိကန် ‌ရွေး‌ကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အိုဘားမားကို ရှုံးနိမ့်ခဲ့သည်။

အ‌မေရိကန် စစ်သား‌ဟောင်းတစ်ဦးဖြစ်သူ ဂျွန်မက်ကိန်းသည် ယခုအကြိမ် အပါအဝင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွား‌ရောက် ‌ရောက်ခြင်းဖြစ်သလို မကြာ‌သေးမီကလည်း အ‌မေရိကန် အ‌ရှေ့အာရှနှင့် ပစိဖိတ်‌ဒေသ‌ရေးရာ ဒုလက်‌ထောက် နိုင်ငံခြား‌ရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်း မြန်မာနိုင်ငံသို့ သွား‌ရောက်ခဲ့သည်။