Home ထိပ်တန်းသတင်း ဥ‌ရောပ-တရုတ် ဆည်စီမံကိန်း‌ကြောင့် ‌ဒေသခံလူထု ၈‌ထောင်‌ကျော် ‌ပြောင်း‌ရွှေ့ခံရဟု KNGY ထုတ်ပြန်

ဥ‌ရောပ-တရုတ် ဆည်စီမံကိန်း‌ကြောင့် ‌ဒေသခံလူထု ၈‌ထောင်‌ကျော် ‌ပြောင်း‌ရွှေ့ခံရဟု KNGY ထုတ်ပြန်

1663
‌မေလ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ရှမ်းပြည်နယ်၊ ‌ပေါင်း‌လောင်းမြစ်အထက်ပိုင်း ‌ရေအားလျှပ်စစ် ထုတ်လုပ်‌ရေး အတွက် ဥ‌ရောပ-တရုတ် ပူး‌ပေါင်း တည်‌ဆောက် မည့် ဆည်စီမံကိန်း‌ကြောင့် ‌ကျေးရွာ‌ပေါင်း ၂၃ရွာမှ ‌ဒေသခံလူထု ၈‌ထောင်‌ကျော် အိုးအိမ်‌ပြောင်း‌ရွှေ့ ရန် နှင်ထုတ်အမိန့်‌ပေး ခံရ သည်ဟု ကယန်းမျိုးဆက်သစ်လူငယ် (KNGY)က ယ‌နေ့ ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဂင်္လိပ်၊ မြန်မာနှစ် ဘာသာဖြင့် ထုတ်‌ဝေသည့် “‌ပြောင်း‌စေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း” အမည်ရှိ အဆိုပါ အစီရင်စာတွင် မြန်မာ အာဏာပိုင်တို့က ရှမ်းပြည်နယ် အ‌နောက်‌တောင်ပိုင်း ပင်‌လောင်းမြို့နယ် အတွင်းမှ ကယန်း၊ ပအို့ဝ်နှင့် မြန်မာလူမျိုးများ အ‌ခြေ ချ  ‌နေထိုင်သည့် ထိပ်ပင်‌ကျေးရွာ အုပ်စုရှိ ရွာ ၁၂ရွာနှင့် သ‌ပြေကုန်း‌ကျေးရွာ အုပ်စုရှိ ရွာ ၁၁ရွာတို့ကို ယခုနှစ် ‌အောက်တိုဘာလ ကုန် ‌နောက်ဆုံးထား၍ အားလုံး ‌ပြောင်း‌ရွှေ့ရမည်ဟု ‌ဖော်ပြထားသည်။

“ကျ‌နော်တို့ကို ခြိမ်း‌ခြောက်မှု‌တွေနဲ့ အမိန့်‌ပေးနှင် ထုတ်‌နေပါတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ ဘယ်သွား‌နေရမှန်း မသိသလို၊ ဘယ် လို ဆက်လက်ရှင်သန်ရမယ် ဆိုတာလည်း မသိ‌တော့ပါဘူး။” ဟု ‌ဒေသခံ‌ကျေးရွာသား တစ်ဦးက ထို‌ကြေညာချက်၌ ‌ပြောဆို ထားသည်။

အစီရင်ခံစာ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ KNGY မှ မူမိုး‌လေးက “လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရတဲ့ ကျမတို့‌ဒေသက ကယန်း အပါ အဝင် လူထု‌တွေရဲ့ အဖြစ်အပျက် အမှန်‌တွေကို နိုင်ငံတကာ က‌သော်လည်း‌ကောင်း၊ လာ‌ရောက်ရင်းနှီးမြှုပ်နှံ‌နေတဲ့ ကုမ္ပဏီ‌တွေ ‌သော်လည်း‌ကောင်း ဒီကိစ္စကို ရပ်တန့်ဖို့ ရည်ရွယ်ချက်နဲ့ ဒီစာကို ထုတ်တာပါ။ မြန်မာအစိုးရက အခုလုပ်တာက လူထုအကျိုး မပါဘဲ သူတို့ကိုယ်ကျိုး အတွက်သာ ဖြစ်တယ်ဆိုတာ နိုင်ငံတကာက အဖြစ်မှန်ကို သိပြီး ဒီလုပ်ရပ်‌တွေကို ရပ်တန့်‌စေဖို့၊ ဖိအား ‌ပေးသွားဖို့ ‌မျှော်လင့်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ် ‌အောက်တိုဘာလက အ‌ရှေ့ပိုင်းတိုင်းဌာနချုပ်-ရပခ တိုင်းမှူး ဗိုလ်ချုပ်ရန်ပြည့်သည် အဆိုပါ ‌ဒေသရှိ ‌ကျေးရွာများဆီကို လာ‌ရောက်၍ ‌ပေါင်း‌လောင်းမြစ်အထက် ‌ရေ‌လှောင်တမံ‌ကြောင့် လူထုများ‌နေထိုင်သည့် ‌နေရာများတွင် ‌ရေလွှမ်းမိုးနိုင်သည့်အတွက် ၂၀၁၁ ခုနှစ်၊ ‌အောက်တိုဘာလတွင် အပြီး‌ပြောင်း‌ရွှေ့ရမည်ဖြစ်ပြီး အိမ်ပြန်လည် တည်‌ဆောက် ရန် တအိမ်‌ထောင်လျှင် နစ်နာ‌ကြေး ၅၀,၀၀ဝကျပ်‌ပေးမည်ဟု ကတိပြုခဲ့‌သော်လည်း ထိုမျှ‌ငွေနှုန်းဖြင့် ၎င်းတို့အတွက် ဘာမျှထိ ‌ရောက်မှု မရှိ‌ကြောင်း ‌ဒေသခံများက ဆိုသည်။

‌ပေါင်း‌လောင်းအထက်ဆည် မြင်ကွင်းတခု

မြန်မာနိုင်ငံ မြို့‌တော်သစ် ‌နေပြည်‌တော်၏ အ‌ရှေ့‌တောင်ဖက် ၅ဝကီလိုမီတာအကွာ၌ တည်ရှိသည့် အဆိုပါ ဆည်စီမံကိန်း တည်‌ဆောက်‌ရေးတွင် ဆွစ်ဇာလန်နိုင်ငံမှ Af Colenco ကုမ္ပဏီ၊ လန်ဒန်အ‌ခြေစိုက် Malcom Dustan Associates (မဲလ်ကွမ် နှင့် လုပ်‌ဖော်ကိုင်ဖက်များ)နှင့် တရုတ်နိုင်ငံမှ ယူနန်အကြီးစား စက်ပစ္စည်းများ ပြည်ပတင်ပို့‌ရေး ကုမ္ပဏီ (Yunnan Machinery and Export Company)တို့က ပါဝင်လျှက်ရှိပြီး ‌နေပြည်‌တော်သို့ ‌ထောက်ပံ့‌ပေးရန် ရည်ရွယ်ထားသည်ဟု ‌ကြေညာချက်အရ သိရသည်။

 

ထို‌ဒေသတွင် ဆည်လုံခြုံ‌ရေးအတွက် ၂၀၀၄ခုနှစ်မှစ၍ ‌ရောက်ရှိ‌နေခဲ့သည့် စစ်တပ်၏ တပ်ရင်းများက ‌ဒေသခံများအား အဓမ္မ လုပ်အား‌ပေး‌စေခိုင်းခြင်း၊ ‌ဒေသခံလူထုများ၏ လှုပ်ရှားသွားလာမှုများကို ချုပ်ချယ်ကန့်သတ်လာခြင်းနှင့် ဆည်တည်‌ဆောက် ‌ရေးလုပ်ငန်းတွင် လုပ်ကိုင်‌နေကြသည့် လုပ်သားများအား တစ်လလျှင် အ‌မေရိကန်‌ဒေါ်လာ ၃ဝမျှသာ‌ပေး၍ ခိုင်း‌စေ‌နေသည်ဟု ဆိုသည်။

ထို့အပြင် ဆည်တည်‌ဆောက်‌ရေးစီမံကိန်း‌ကြောင့် ‌ဒေသခံများ၏ အဓိကကျ‌သော ‌မြေနိမ့်ပိုင်း စပါးစိုက်‌မြေဧက ၂,၀၀၀‌ကျော် နှင့် ကုန်းမြင့်ပိုင်းရှိသည်ထက် ပိုများ‌သော ဥယျာဉ်‌မြေဧက‌ပေါင်းများစွာ ‌ရေလွှမ်းမိုးနိုင်‌ကြောင်း၊ ‌ကျေးရွာသားများအတွက် ပတ်ဝန်းကျင်ရှိ ‌တောင်ကုန်းများ‌ပေါ်တွင် ‌မြေသစ်ယာသစ် တည်‌ဆောက်ခြင်းအားဖြင့် အသက်ဆက်‌ရေးအတွက် ကြိုးပမ်းရ ‌တော့မည်ဖြစ်‌ကြောင်းနှင့် ‌နေရာသစ်၌ ပြန်လည်အ‌ခြေချ‌နေထိုင်မှု‌ကြောင့် သစ်‌တောပြုန်းတီးမှု များလာနိုင်‌ကြောင်း KNGY ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

၂၀၀၄ခုနှစ်က စတင်တည်‌ဆောက်ခဲ့သည့် အထက်‌ပေါင်း‌လောင်းဆည်သည် ၂၀၀၉ခုနှစ်တွင် အပြီးသတ်ရန် သတ်မှတ်ထား ‌သော်လည်း လက်ရှိအချိန်အထိ ၆ဝရာခိုင်နှုန်းသာ ပြီးစီး‌သေးသည့်အတွက် လာမည့် ၂၀၁၂ခုနှစ်မှသာ အပြီးသတ်နိုင်လိမ့်မည် ဟု ‌မျှော်လင့်‌ကြောင်း KNGY က ‌ပြောသည်။

ကယန်းမျိုးဆက်သစ်လူငယ်(KNGY)ကို ၂၀၀၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ‌ကြေညာချက်ထုတ်ပြန်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။