Tag: ဂၽြန္မက္ကိန္း
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အစိုးရကို ဂျွန်မက်ကိန်း တိုက်တွန်းမည်
မေလ ၃၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားမည်ဟု ထိုင်း-မြန်မာနယ်စပ်သို့ ယနေ့ ရောက်ရှိလာသည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်သည်။
၎င်းက “မနက်ဖြန် မြန်မာနိုင်ငံကို သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို သွားရောက်တွေ့ဆုံမှာပါ။ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲဖို့အတွက်နဲ့...





