Home ထိပ်တန်းသတင်း ၄၁ကြိမ်‌မြောက် ကရင်ပြည်နယ်လုံးဆိုင်ရာ စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ ဝန်ကြီး၊ အမတ်များနှင့် ပြည်သူ‌ပေါင်း တစ်‌ထောင်‌ကျော် တက်‌ရောက်ခဲ့

၄၁ကြိမ်‌မြောက် ကရင်ပြည်နယ်လုံးဆိုင်ရာ စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ ဝန်ကြီး၊ အမတ်များနှင့် ပြည်သူ‌ပေါင်း တစ်‌ထောင်‌ကျော် တက်‌ရောက်ခဲ့

1975
‌မေလ ၁ဝရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

(၄၁)ကြိမ်‌မြောက် ကရင်ပြည်နယ်လုံးဆိုင်ရာ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ် ‌ကော့က ရိတ်မြို့နယ် ရန်ကုတ်‌ကျေးရွာတွင် ‌မေလ ၉ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုစု‌ပေါင်းသင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ ရွာ‌ပေါင်းတစ်ရာ‌ကျော်မှ ကရင်ပြည်သူများနှင့် ပြည်နယ် အစိုးရဝန် ကြီးများ၊ အမတ်များ၊ အခြားတိုင်းရင်းသားလူမျိုးစုအမတ်များ၊ ဖလုံ-စ‌ဝေါ်ပါတီနှင့် ရပ်မိရပ်ဖများ အပါအဝင် လူဦး‌ရေ တစ် ‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲသို့ တက်‌ရောက်ခဲ့ကြသည့် ဝန်ကြီးများမှာ သတ္တုတွင်းဝန်ကြီး ဦး‌စောစံ ‌လောလှ၊ သစ်‌တောဝန်ကြီး ဦး‌စောကြည်လင်၊ ပို့‌ဆောင်‌ရေးနှင့် လမ်းပမ်းဆက်သွယ်‌ရေးဝန်ကြီး ဦး‌စောခင်‌မောင်မြင့်၊ စိုက်ပျိုး ‌ရေးနှင့် ‌မွေးမြူ‌ရေးဝန်ကြီး ဦး‌စောဝင်းထိန်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းစိုးသိန်းတို့ဖြစ်ပြီး အခြားအမတ်များမှာ လွှတ်‌တော်ဥက္ကဌ ဦး‌အောင်‌ကျော်မင်း၊ ဦး‌စောသိန်း‌အောင်၊ ဦး‌စော‌အောင်‌ကျော်နိုင်၊ ဦး‌စောမင်း‌အောင်လင်း၊ ဦး‌စောရှားထူ့‌ဖေါင်၊ မန်းလှမြိုင်နှင့် ‌ဒေါ်နန်း‌စေအွာတို့အပြင် ပအိုဝ်းတိုင်းရင်းသားဝန်ကြီး ဦးခွန်သန်းမြင့်နှင့် တိုင်းရင်းသား‌ရေးရာ‌ကော်မတီ ဦးခွန်းမင်းတို့ဖြစ်သည်။

အစီအစဉ်အရ မနက် ၆နာရီတွင် ကရင်အမျိုးသားသီချင်းနှင့် အမျိုးသားအလံ‌တော်ကို လွှင့်ထူကြပြီး အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်‌ဇော်မင်း တက်‌ရောက်ခြင်းမရှိ‌သော်လည်း သင်တန်းဆင်းပွဲအ တွက် ‌ပေးပို့သည့် ၎င်း၏ သဝဏ်လွှာကို အခမ်းအနားအဖွင့်တွင် မန်းလှမြိုင်က ဖတ်ကြား‌ပေးခဲ့သည်။

ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် “ကရင် ပြည်နယ်အတွင်း ‌နေထိုင်ကြ‌သော ကရင်လူမျိုးနှင့် အခြားတိုင်းရင်းသားများသည် ငြိမ်း ချမ်း‌ရေး၏ အသီးအပွင့်ကို စားသုံး‌နေရပါပြီ။ လူမျိုးတိုင်းတွင် မိမိစာ‌ပေနှင့် ယဉ်‌ကျေးမှု လွတ်လပ်စွာ ထိန်းသိမ်းနိုင်‌ကြောင်း မိမိ လူမျိုး လွတ်လပ်ခွင့်ကို အခြားလူမျိုး၏ လွတ်လပ်ခွင့်အ‌ပေါ် မထိခိုက်‌စေရန် သတိထားရန်လို‌ကြောင်း”ဟူ၍ ပါရှိသည်။

ထို့‌နောက် ‌နေပြည်‌တော်တွင် ကျင်းပခဲ့သည့် လွှတ်‌တော်အစည်းအ‌ဝေးတွင် ဒုတိယ သမ္မတ‌လောင်းအဖြစ် လျာထားခြင်းခံခဲ့ရ သူ ဦး‌စောသိန်း‌အောင်က စာ‌ပေ၊ ယဉ်‌ကျေးမှု သင်တန်းဆင်း လူငယ်‌မောင်မယ်များကို ယခုလို မိန့်ခွန်း‌ပြောကြားခဲ့သည်။

“ပြည်နယ်ဝန်ကြီးချုပ် သဝဏ်လွှာမှာ ကရင်ပြည်နယ်ဟာ ငြိမ်းချမ်း‌ရေး အသီးအပွင့်ကို စတင် စားသုံး‌နေရပါပြီးလို့ ဆိုတယ်။ ဒီ စကားကို ကရင်ပြည်သူ‌တွေ အသိဆုံးပါ။ အခုထိ တိုက်ပွဲဖြစ်ကြတုန်းပဲ။ ‌ပြေးကြ၊ ပုန်းကြ၊ ‌သေကြတဲ့သူ‌တွေ အများကြီး ရှိ တယ်။ ဒါ‌တွေကို ကျွန်ုပ်တို့အားလုံး အများကြီး ကြိုးစားရအုံးမယ်။ စာ‌ပေနဲ့ ယဉ်‌ကျေးမှုကိုလည်း ထိန်းသိမ်းဖို့ပဲ မပြီး‌သေးဘူး။ မြှင့်တင်‌ပေးဖို့လည်း ကရင်အမျိုးသားတိုင်းမှာ တာဝန်ရှိပါတယ်။ ကျ‌နော့်အရွယ်ဟာ ‌နေဝင်ချိန်ဖြစ်‌နေပြီ။ ပုခုံး‌ပြောင်းတာဝန် ‌တွေကို ကရင်လူငယ်မျိုးဆက်တို့က အသင့်ပြင်ဆင်ထားဖို့လိုတယ်။”ဟု ဦး‌စောသိန်း‌အောင်က မိန့်ခွန်း‌ပြောကြားသွားခဲ့သည်။

ကရင်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေး ‌ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် အဆိုပါ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲတွင် ဆုရရှိသည့် သင်တန်းသူသင်တန်းသားများက ဆုများ လက်ခံရယူပြီး “‌အောဟု‌အော‌ဟောင်” သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

လာမည့် ၄၂ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု သင်တန်းဆင်းပွဲကို မြဝတီမြို့နယ်၊ ‌ရွှေကုက္ကို‌ကျေးရွာတွင် ကျင်းပပြု လုပ်သွားမည်ဟု ကြိုတင်လျာထားကြ‌ကြောင်း သိရသည်။