Home ထိပ်တန်းသတင်း ကရင်တပ်ဖွဲ့က ‌ကော့ကရိတ်ကို ဝင်‌ရောက်ပစ်ခတ် ခမရ(၂၃၀) အရာရှိတစ်ဦး ကျဆုံး

ကရင်တပ်ဖွဲ့က ‌ကော့ကရိတ်ကို ဝင်‌ရောက်ပစ်ခတ် ခမရ(၂၃၀) အရာရှိတစ်ဦး ကျဆုံး

1868
‌မေလ ၁၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အ‌နောက်ဘက်နားရှိ စကခ(၁၂) လက်‌အောက်ခံ ခမရ(၂၃၀)တပ်ရင်း အ‌ခြေစိုက်ရာ‌နေရာကို ‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များက ယ‌နေ့မနက်‌စော‌စောတွင် စတင် ဝင်‌ရောက်တိုက်ခိုက်ရာ အရာရှိတစ်ဦး ကျဆုံး ခဲ့သည်ဟု သိရသည်။

ယ‌နေ့မနက် ၅နာရီခွဲ‌ကျော်၌ ‌ကော့ကရိတ်မြို့ လှိုင်ဝဂိတ်မှ ၃မိုင်ခန့်ကွာ‌ဝေးသည့် တံတားကျိုးရွာအနီးရှိ ခမရ(၂၃၀) တပ်ဝင်း ကို ကရင်တပ်ဖွဲ့ဝင်များက ဝင်‌ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“ဖြစ်တာက မနက် ၅နာရီခွဲ‌လောက်က။ ‌ကော့ကရိတ်က ကျုံဒိုးကိုအသွားဆိုရင် လှိုင်ဝကအထွက် ကားလမ်းညာဘက်က ခမရ (၂၃၀)ဝင်းထဲကို ‌ကေအဲန်ယူ‌တွေက ဝင်ပစ်တာ‌လေ။ ကတုတ်ကျင်းထဲက ဒုဗိုလ်တစ်‌ယောက် ‌သေသွားတယ်။ အဲဒီတပ်ဝင်း က ထို့‌ကော်ကိုးဘက်သွားမဲ့လမ်းဘက်မှာ ရှိတယ်။ လှိုင်ဝကထွက်ရင် စကခ(၁၂)၊ ခမရ(၂၃၁)၊ ပြီးရင် ခမရ(၂၃၀)တပ်ဆိုပြီး အစဉ်လိုက် ရှိ‌နေကြတာ‌လေ။”ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ထိုပစ်ခတ်မှု‌ကြောင့် ‌ကော့ကရိတ်မြို့‌ပေါ် ရပ်ကွက်များတွင်လည်း လက်နက်ကြီး အ‌တော်များများ ကျ‌ရောက်ခဲ့‌သော်လည်း အရပ်သားများကို ထိခိုက်မှုများ မရှိ‌ကြောင်း မြို့တွင်း‌နေထိုင်သူများက ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့‌နေ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တာက တစ်‌နေရာထဲ မဟုတ်ဘူး။ ‌နေရာအ‌တော်များတယ်။ လက်နက် ကြီးနဲ့ ပစ်ထဲ့တာ ၂၄လုံး‌လောက်ရှိတယ်။ မြို့အ‌ရှေ့ဘက် ချက်ပွိုင့်နားက ခင်နိမ်းမူ သချိုင်္င်း‌နေရာမှာလည်း ကျတယ်။ မြို့ထဲက ခလရ(၉၇)ဝင်းထဲက တိုက်ဝါအနားမှာလည်း တစ်လုံးကျတယ်။ ဝင်းကြီးရပ်ကွက်မှာလည်း ကျတယ်‌လေ။ လူ‌တွေကို‌တော့ မထိပါဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာစစ်တပ်ကို ဝင်‌ရောက်တိုက်ခိုက်သည့် ကရင်တပ်ဖွဲ့ဝင်များ၏ အင်အားမှာ ၃၀ဝနီးပါးရှိနိုင်‌ကြောင်း ‌ကေအဲန်ယူ လက် ‌အောက်ခံ ‌ကေအဲန်အယ်လ်‌အေ (၁၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌ဖောဒိုက ခန့်မှန်း‌ပြောဆိုခဲ့‌သော်လည်း ထိခိုက်ကျဆုံးမှု အ‌သေးစိတ်ကိုမူ ၎င်းအ‌နေဖြင့် မသိရှိရ‌သေး‌ကြောင်း ‌ပြောဆိုသည်။

တိုက်ပွဲ‌ကြောင့် ထိခိုက်ဒဏ်ရာရလူနာများ အ‌ခြေအ‌နေ သိရှိရန် ‌ကော့ကရိတ်‌ဆေးရုံသို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ပြန်လည်‌ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

‌ကော့ကရိတ်မြို့၏ အ‌ရှေ့ဘက်နှင့် အ‌နောက်ဘက်တွင် ဖြစ်ပွား‌နေသည့် အဆိုပါတိုက်ပွဲမှာ မနက် ၁ဝနာရီခန့်တွင် ‌ခေတ္တ ရပ် နားခဲ့ပြီး ထပ်မံ၍ မွန်းလွဲပိုင်းတွင် ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်‌ကြောင်း မြို့ခံများက ‌ပြောသည်။