Home သတင်း ၂၁ ပင်လုံကို ကြိုဆိုသလို တိုင်းရင်းသားပါတီများ ပါဝင်ခွင့်ပြု‌ရေး စဉ်းစား‌ပေးသင့်ဟု ကရင်ပါတီများ ‌ပြောဆို

၂၁ ပင်လုံကို ကြိုဆိုသလို တိုင်းရင်းသားပါတီများ ပါဝင်ခွင့်ပြု‌ရေး စဉ်းစား‌ပေးသင့်ဟု ကရင်ပါတီများ ‌ပြောဆို

2415

ဩဂုတ် ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ (၂၁ ရာစုပင်လုံ)ကို ကြိုဆို‌ထောက်ခံသလို လူနည်းစု တိုင်းရင်းသားပါတီ များအားလုံး ပါဝင်ခွင့်ပြု‌ရေး စဉ်းစား‌ပေးသင့်သည်ဟု ကရင်အမျိုးသားပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ယ‌နေ့(ဩဂုတ် ၂၆ရက်‌နေ့)တွင် ‌ပြောသည်။

‌နေပြည်‌တော်၌ ဩဂုတ် ၃၁ ရက်‌နေ့တွင် စတင်ပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရပါတီ ၂၂ ပါတီကိုသာ တက်‌ရောက်ခွင့်ပြုမည့်အ‌ပေါ် ‌ရွေး‌ကောက်ပွဲ အနိုင်မရ ကရင်ပါတီ ၄ ခုတို့မှ ဩဂုတ် ၂၃ ရက်‌နေ့က ‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်ခဲ့ပြီး‌နောက် ကရင်အမျိုးသားပါတီက ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျ‌နော်တို့ ၂၁ ရာစုပင်လုံကို ကန့်ကွက်တာ မဟုတ်ဘူး။ ကြိုဆို‌ထောက်ခံတယ်။ ဒါ‌ပေမဲ့ ‌ရွေး‌ကောက်ပွဲမှာ အနိုင်မရနိုင်မှန်းသိ‌ပေမဲ့ လူနည်းစု ကိုယ်တိုင်းရင်းသားအ‌ရေးအတွက် ပါတီ‌ထောင်ရပ်တည် လုပ်ကိုင်‌ပေး ‌နေတဲ့ တိုင်းရင်းသားပါတီ‌တွေကို ပါဝင်ခွင့်‌ပေးဖို့‌တော့ စဉ်းစား‌ပေးသင့်တယ်”ဟု မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ ကရင်အမျိုးသားပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမို က‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ တို့စု‌ပေါင်းထုတ်ပြန်သည့် သ‌ဘောထား ထုတ်ပြန်ချက်တွင် အနိုင်မရ ပါတီ ၇ဝ မှ ကိုယ်စားလှယ် ၅ ဦးကို ‌ရွေးချယ်ကာ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့ထဲတွင် ထည့်သွင်းတက်‌ရောက်ခွင့်‌ပေးခြင်းကို လက်မခံ‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA တွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ၌ တရားဝင်နိုင်ငံ‌ရေးပါတီများကို ပါဝင်‌ဆွေး‌နွေးခွင့်ရှိ‌ကြောင်း ‌ဖော်ပြထား‌သော်လည်း အနိုင်ရပါတီများကိုသာ ပါဝင်ခွင့်ပြုခြင်းမှာ ကျန်ပါတီများကို တရားဝင်ပါတီများအဖြစ် မသတ်မှတ်သလို ဖြစ်‌နေ‌ကြောင်း၊ နိုင်ငံ‌ရေးပါတီ ၉၂ ပါတီကို တစ်ပါတီလျှင် တစ်ဦးစီ တက်‌ရောက်ခွင့် ‌ပေးသင့်ပြီး ပို‌နေ‌သေးသည့် ကိုယ်စားလှယ် ၅၈ ဦး‌နေရာ အတွက် အနိုင်ရပါတီများက ကြိုက်သလို ခွဲတမ်းချ တက်‌ရောက်သင့်သည့်ဟု အကြံပြု‌ဖော်ပြထားသည်။

ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ဗဟိုအလုပ်မှုဆာင် ‌ကော်မတီဝင် ‌စောမြတ်ထွဋ်ဝင်းက “အရင်အစိုးရ လက်ထက် ပထမအကြိမ် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံမှာ တစ်ပါတီကို တစ်ဦးစီ ‌တောက် ‌ရောက်ခွင့်‌ပေး‌သေးတယ်။ အခု ‌ရွေး‌ကောက်ပွဲနိုင်တဲ့ပါတီ‌တွေကို တက်ခွင့်‌ပေးပြီး မနိုင်တဲ့ပါတီ‌တွေထဲက ၅ ဦး တက်ခွင့်‌ပေး‌ပေမဲ့ နိုင်ငံ‌ရေးပါတီအစုအဖွဲ့အ‌နေနဲ ့မဟုတ်ဘဲ လူမှုအဖွဲ့အစည်း‌တွေလို သ‌ဘောထားပြီး ပါဝင် သင့် ပါဝင်ထိုက်သူအစုထဲမှ တက်ခွင့်‌ပေးတာ ခွဲခြားဆက်ဆံတဲ့သ‌ဘောပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြေသည်။

လက်ရှိ ကရင်နိုင်ငံ‌ရေးပါတီ ၅ ပါတီတွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီသာ ကိုယ်စားလှယ် တစ်ဦး အ‌ရွေးခံခဲ့ရသည့်အတွက် ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တရားဝင်ကိုယ်စားလှယ် ၆ ဦး တက်‌ရောက်ခွင့် ရရှိထား‌ကြောင်း သိရသည်။