Home လူထုအသံ ပေးစာကဏ္ဍ တ‌ဂေး‌လောင်း‌ကျေးရွာ ပညာ‌ရေး လိုအပ်ချက်များဖြည့်ဆည်းမှု ထင်သာမြင်သာ ရှိဖို့လို

တ‌ဂေး‌လောင်း‌ကျေးရွာ ပညာ‌ရေး လိုအပ်ချက်များဖြည့်ဆည်းမှု ထင်သာမြင်သာ ရှိဖို့လို

3220

ရက်စွဲ။ ။ ဩဂုတ် ၂၂၊ ၂၀၁၆

ကျွန်ုပ်တို့ဟာ ကရင်ပြည်နယ် ဖားအံမြို့နယ်၊ နို့‌အောလာ‌ကျေးရွာအုပ်စု တ‌ဂေး‌လောင်းရွာက ဖြစ်ပါတယ်။ ရွာမှာ ပညာ‌ရေးနဲ့ ပတ်သက်ပြီး လိုအပ်ချက်‌တွေ အများသိ‌အောင် တင်ပြဖို့ ကရင်သတင်းဌာန-‌ကေအိုင်စီထံ ‌ပေးစာတစ်‌စောင် ‌ရေးသား‌ပေးပို့ လိုက်ပါတယ်။

တ‌ဂေး‌လောင်းရွာ‌ကျောင်းဟာ အလက ‌ကျောင်းခွဲဖြစ်ပြီး ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၄၈၀‌ကျော်ရှိပါတယ်။ ‌ကျောင်း‌ဆောင် အ‌ဆောက်အဦး ၃လုံး ရှိ‌ပေမယ့် တစ်‌ဆောင်ပဲ ‌ကောင်းပါတယ်။ ကျန်အ‌ဆောင်‌တွေ အိုမင်းပျက်စီးလျှက်ရှိ‌နေပါတယ်။ လက်ရှိ ‌ကျောင်းမှာ အ‌ဆောက်အဦး‌တွေ လုံ‌လောက်မှု မရှိလို့ ဆဋ္ဌမတန်း၊ သတ္တမတန်းနဲ့ အဋ္ဌမတန်း တက်‌ရောက်‌နေတဲ့ က‌လေး‌တွေ ဟာ ဘုန်းကြီး‌ကျောင်းမှာ ‌ကျောင်းတက်ရပါတယ်။ ‌ကျောင်း‌ဆောင် လုံ‌လောက်ဖို့နဲ့ အဆင်‌ပြေဖို့ ရည်ရွယ်ပြီး ဂျပန်နိုင်ငံက အဖွဲ့ တစ်ခုရဲ့ အကူအညီနဲ့ တည်‌ဆောက်‌ပေး‌နေတဲ့ ‌လေးခန်းတွဲ ‌ကျောင်းအ‌ဆောက်အဦးဆိုရင်လည်း မပြီး‌မြောက်‌သေးပါဘူး။

‌ကျောင်းအ‌ဆောက်အဦး မပြည့်စုံလို့ ပျက်စီးယိုယွင်း‌နေတဲ့ ‌ကျောင်း‌ဆောင်၊ သန့်စင်ခန်း စတာ‌တွေကို မွမ်းမံပြင်ဆင်ဖို့ ပြည်နယ် အစိုးရက‌နေ “‌ကျောင်းပြင်ဆင်ထိန်းသိမ်းခြင်းစရိတ်”ဆိုပြီး ပိုက်ဆံချ‌ပေးတာ ရှိပါတယ်။ ချ‌ပေးတဲ့ ပိုက်ဆံ‌တွေကို တ‌ဂေး‌လောင်း ‌ကျောင်းအုပ် ဦး‌အောင်မင်းဦးက ပြည်နယ် ပညာ‌ရေးဌာနထံ သွားထုတ်ရပါတယ်။ ပြီးခဲ့တဲ့ သုံး၊ ‌လေးနှစ်ကလည်းပဲ “‌ကျောင်းပြင် ဆင်ထိန်းသိမ်းခြင်းစရိတ်”‌တွေ သွားထုတ်ခဲ့ပါတယ်။ ဒါ‌ပေမယ့် အဲဒီပိုက်ဆံ‌တွေဟာ ဘယ်‌ရောက်မှန်းလည်း မသိရသလို ကျွန်ုပ် တို့ ‌ကျေးရွာ‌ကျောင်း‌ကော်မတီနဲ့ ရပ်မိရပ်ဖ‌တွေကိုလည်း ပိုက်ဆံအ‌ရေအတွက် ပြန်လည်ချပြရှင်းပြတာ မရှိပါဘူး။

ဒါ့အပြင် ‌ကျောင်းအုပ်ဟာ ‌ကျောင်းပညာ‌ရေးဆိုင်ရာ တိုးတက်ရာ၊ တိုးတက်‌ကြောင်းအတွက် ‌ဆွေး‌နွေးတိုင်ပင်မှု‌တွေ မရှိလို့ ရပ် ရွာအတွက် အင်မတန် နစ်နာရတာ‌ကြောင့် ပြည်နယ်အစိုးရ အပါအဝင် ပညာ‌ရေးဌာနအဆင့်ဆင့်မှာ သက်ဆိုင်ရာ တာဝန်ရှိသူ များ သိရှိ‌စေချင်ပါတယ်။

နိဂုံးချုပ်အ‌နေဖြင့် ‌ပြောကြားလိုတာက ပညာ‌ရေးဟာ မရှိမဖြစ် အဓိကကျတာနဲ့အညီ ‌ကျောင်းပညာ‌ရေးအ‌ပေါ် ဂရုတစိုက် အာရုံ စူးစိုက်မှု‌ပေးကြရန် အထူး‌မျှော်လင့်ပါတယ်။ သို့မဟုတ်ပဲ ယခုပုံစံအတိုင်း ဆက်လက် တည်ရှိ‌နေဦးမယ်ဆိုရင် ကျွန်ုပ်တို့ ‌ကျောင်း မျိုးဆက်သစ်‌တွေရဲ့ အနာဂတ်ပညာ‌ရေးဟာ ‌နှောင့်‌နှေးစရာဖြစ်သလို စိုးရိမ်စရာ ဖြစ်တဲ့အတွက် အမြန်ဆုံး စိစစ်‌ပေးရန် လိုအပ် ‌ကြောင်း တင်ပြလိုက်ရပါတယ်။

(တ‌ဂေး‌လောင်း ရပ်မိရပ်ဖ တစ်စု)