Home သတင်း KNLA နှင့် DKBA ပူး‌ပေါင်းပြီး လူထု‌တွေ့ဆုံပွဲ လုပ်ငန်းလုပ်‌ဆောင်မည်

KNLA နှင့် DKBA ပူး‌ပေါင်းပြီး လူထု‌တွေ့ဆုံပွဲ လုပ်ငန်းလုပ်‌ဆောင်မည်

2290

‌မေလ ၂၂ရက်၊ ၂၀၁၆ခုနှစ်၊ ‌ကေအိုင်စီ

မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးနှင့် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေကို ရှင်းလင်းရန် ရည်ရွယ်၍ ကရင် အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA) တို့ ပူး‌ပေါင်းပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ဝေါ်‌လေ‌ဒေသရှိ ကရင်ပြည်သူများကို ‌မေလ ၂၃ရက်‌နေ့တွင် စတင်‌တွေ့ဆုံပွဲအစီအစဉ်များ ပြုလုပ်သွားမည်ဟု သိရသည်။

‌ဝေါ်‌လေ‌ဒေသအ‌ခြေစိုက် KNLA (၂၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောဘူး‌ဖောဦး‌ဆောင်ပြီး DKBA၊ ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးနှင့် ‌ကျေးရွာသူကြီးတို့ပူး‌ပေါင်းကာ ‌ဝေါ်‌လေ‌ဒေသ၊ ‌မောခီး‌ကျေးရွာ အုပ်စုရှိ ‌မော်ခီး၊ ‌မော်ဖိုးကလိုး၊ ကွီးဆဲ‌ဖော၊ က‌လော်‌ဝေါ်၊ ‌ဟောဖိုးခီး၊ အူးဖိုးထာ့၊ ထီးသဲလယ်နှင့် ထီးဖိုးထာ့အပါအဝင် ‌ကျေးရွာ ၁ဝ ‌ကျော်မှ ရွာသူရွာသားများကို တစ်ပတ်ကြာ ‌တွေ့ဆုံ‌ဟော‌ပြောမှု များ ပြုလုပ်သွားမည်ဟု KNLA (၂၀၁)တပ်မှူးတစ်ဦးက ‌ပြောသည်။
13285764_1020541938029332_1977061597_n
၎င်းက “အဓိကက‌တော့ ကျ‌နော်တို့ ပြည်သူလူထု‌တွေ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးကို နားလည် သ‌ဘော‌ပေါက်သွား‌အောင်ရယ်၊ အပစ်အခတ်ရပ်စဲ‌ရေးကာလမှာ ကျ‌နော်တို့‌တွေ ပြည်သူ‌တွေနဲ့ နီးနီးကပ်ကပ် တသားတည်းရှိ‌အောင် လုပ်‌ဆောင်တာလည်း ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်ပတ်‌ကျော်ကြာမည့် ယင်းလူထု‌တွေ့ဆုံပွဲကို မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး၊ လက်ရှိ ကရင် အမျိုးသား‌ခေါင်း‌ဆောင်များ နိုင်ငံ‌ရေး‌ဖော်‌ဆောင်‌နေမှု အ‌ခြေအ‌နေနှင့် ကရင်လက်နက်ကိုင် ‌ပေါင်းစည်း‌ရေး ကြိုးပမ်းလုပ်‌ဆောင်‌နေမှုအ‌ခြေအ‌နေများကို တစ်ရွာဝင် တရွာထွက် အစီအစဉ်ဖြင့် ‌တွေ့ဆုံသွားမည်ဟုလည်း သူက ဆိုသည်။

ကရင်အမျိုးသားအစည်းရုံး(KNU)နှင့် နိုင်ငံ‌တော်အစိုးရတို့ကြား မဏာမအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီလက်မှတ်‌ရေးထိုးခဲ့သည့် ၂၀၁၂ခုနှစ်‌နောက်ပိုင်း KNLA (၂၀၁)တပ်ရင်းအ‌နေဖြင့် ပဏာမ အပစ်အခတ်ရပ်စဲမှုနှင့် NCA လက်မှတ်‌ရေး ထိုးမှုဆိုင်ရာများကို လူထုရှင်းလင်းပွဲများ လုပ်‌ဆောင်ခဲ့‌သော်လည်း ယခုလို DKBA တပ်ဖွဲ့ဝင်များ ပူး‌ပေါင်းပါဝင်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။