Home သတင်း ကရင်ဖြူနှစ်သစ်ကူး ဝိုင်းဝန်းကူညီလုပ်ကိုင်‌ပေးရန် ‌ဒေသခံများ လိုလား

ကရင်ဖြူနှစ်သစ်ကူး ဝိုင်းဝန်းကူညီလုပ်ကိုင်‌ပေးရန် ‌ဒေသခံများ လိုလား

1882

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၇၅၅ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကရင်မျိုးနွယ်ဝင်၊ ကရင်ဖြူလူမျိုးများ‌နေထိုင်ရာ သျှမ်းပြည်‌တောင်ပိုင်း၊ ပင်‌လောင်းမြို့ နယ်၊ သ‌ပြေကုန်း‌ကျေးရွာအုပ်စု၊ ‌တောင်ကျရွာ၌ ကျင်းပမည်ဖြစ်ရာ နှစ်သစ်ကူးဖြစ်‌မြောက်‌ရေးအတွက် ဝိုင်းဝန်းကူညီလုပ်ကိုင် ‌ပေးရန် ‌ဒေသခံများက လိုလား‌နေကြသည်ဟု ကရင်ဖြူ‌ရေးရာကိုယ်စားလှယ် ‌စောစိုးနိုင်က ‌ကေအိုင်စီသို ့‌ပြောသည်။

၎င်းက “ကျ‌နော်တို့‌ဒေသမှာ ကရင်နှစ်သစ်ကူး မလုပ်ဖြစ်တာကြာပြီး။ ကရင်‌ရေးရာ‌ကော်မတီနဲ့ အဆက်သွယ်ရ‌တော့ ပြီးခဲ့တဲ့ နှစ်က ပျဉ်းမနားမြို့၊ မြ‌လေး‌ကျေးရွာမှာ တစ်‌ခေါက် ပြန်ကျင်းပဖြစ်တယ်။ ဒီမှာ ကရင်နှစ်သစ်ကူးနဲ့ ‌ဝေးကွာသွားတာ ကြာပြီးဆို ‌တော့ ကျင်းပပုံ ကျင်းပနည်း မသိ‌တော့ဘူး။ အဲဒါကို ကရင်ပြည်နယ်မှ ကျင်းပတတ်တဲ့သူ‌တွေက ကျ‌နော်တို့ဆီလာပြီး ကူညီ လုပ်‌ပေး‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ဖြူမျိုးနွယ်စုများအ‌နေဖြင့် ‌ခေတ်စနစ်အ‌ခြေအ‌နေ၊ ‌နေရာ‌ဒေသနှင့် တခြား‌သော အ‌ကြောင်းရင်းများ‌ကြောင့် တခြား‌ဒေသရှိ ကရင်လူမျိုးများနှင့် ကာလအတန်ကြာ အဆက်အသွယ် မရှိသည့်အတွက် ယခုလို ပြန်လက်တွဲလုပ်‌ဆောင်သည့်အချိန်တွင် ပိုမို ဆက်သွယ်လုပ်‌ဆောင်နိုင်ရန် ရည်ရွယ်ကာ ကရင်လက်နက်ကိုင်အဖွဲ့များ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ရွှေက္ကိုလ်၌ ပြုလုပ် မည့် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကရင်ဖြူ ကိုယ်စားလှယ်အဖွဲ့ တက်‌ရောက်မည်ဖြစ်သလို ၎င်းတို့‌ဒေသတွင်လည်း နှစ်သစ်ကူး ပွဲ‌တော်ကို စု‌ပေါင်းကျင်းပသွားမည်ဟု ‌စောစိုးနိုင်က ဆက်‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင့်‌ရေးရာ‌ကော်မတီ၊ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ကရင်ဖြူ‌တွေအတွက်ကို‌တော့ ကျ‌နော်တို့ အများကြီးလုပ်‌ပေးရမယ်။ သူတို့မှာစာ‌ပေ မရှိ‌သေးဘူး၊ လုပ်‌ပေးရမယ်။ သူတို့အတွက် မနှစ်တုန်းက နှစ်သစ်ကူးတစ်‌ခေါက် သွား ‌ရောက်ကျင်းပ‌ပေးခဲ့တာရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ဖြူများသည် သျှမ်းပြည်နယ်‌တောင်ပိုင်း၊ ကယား(ကရင်နီ) ပြည်နယ်နှင့် ‌နေပြည်‌တော် ပျဉ်းမနား အနီးတဝိုက်‌ဒေသများ တွင် အများစု ‌နေထိုင်လျက်ရှိပြီး လက်ရှိ ရိုးရာယဉ်‌ကျေးမှုနှင့် ဘာသာစကား ‌ပျောက်ကွယ်လုနီးပါးဖြစ်‌နေသည့်အတွက် ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်‌နေ‌ကြောင်း သိရသည်။

ကရင်ဖြူ(က‌ညောဝါး)များအ‌နေဖြင့် ယခင်နှစ် ၂၇၅၄ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ‌နေပြည်‌တော်၊ ပျဉ်းမနားမြို့နယ်၊ မြ‌လေး ‌ကျေးရွာ၌ ပထမဆုံးအကြိမ် စု‌ပေါင်းကျင်းပနိုင်ခဲ့ပြီး ယင်းပွဲ‌တော်သို ့ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၊ တပ်မဟာ-၂ မှ အကြီးအကဲများ၊ ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC)၊ ကရင့်‌ရေးရာ‌ကော်မတီ(KAC)၊ ဩစ ‌တြေးလျားနိုင်ငံ‌ရောက် ကရင်လူငယ်များနှင့် ‘ဆာမူ‌ထော်’လူမှုအ‌ထောက်ကူပြုအဖွဲ့တို့က သွား‌ရောက်ကူညီကျင်းပ‌ပေးခဲ့သည်။