Home သတင်း မြန်မာပြည် လည်ပတ်သူ ကရင်ကပြား ဩစ‌တြေးလျားမင်းသမီး ရိုးရာယဉ်‌ကျေးမှုမှတ်တမ်းရုပ်ရှင် ရိုက်ကူး‌နေ

မြန်မာပြည် လည်ပတ်သူ ကရင်ကပြား ဩစ‌တြေးလျားမင်းသမီး ရိုးရာယဉ်‌ကျေးမှုမှတ်တမ်းရုပ်ရှင် ရိုက်ကူး‌နေ

2922

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်လူမျိုးများနှင့် သက်ဆိုင်သည့် ရိုးရာ၊ ယဉ်‌ကျေးမှု မှတ်တမ်းရုပ်ရှင်ကို ကရင်(ဖလုံး)ကပြား ဩစ‌တြေးလျား ရုပ်ရှင်မင်းသမီး တက်စနီးမ်‌ရော့ခ် (Tasneem Roc)က မှတ်တမ်းတင် ရိုက်ကူးလျှက်ရှိသည်ဟု မြန်မာနိုင်ငံသို ့မိဘများနှင့်အတူ အလည်အ ပတ် ‌ရောက်ရှိ‌နေသည့် သူမက ‌ကေအိုင်စီသို ့ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ‌အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄ (၉ လွှာ)၌ ယမန်‌နေ့ ည‌နေ ၃နာရီခွဲမှ ၅နာရီခွဲအထိ ပြုလုပ် သည့် မင်းသမီး Tesneem အား ပြည်တွင်းရှိ ကရင်အနုပညာရှင်များက ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတွင် သူမက ‌ကေအိုင်စီသို့ ထုတ်‌ဖော် ‌ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

“ကျမအ‌နေနဲ ့ ငယ်စဉ်ကတည်းက ကရင်အမျိုးသားဖခင်ဖြစ်သူရဲ့ ငယ်ဘဝဖြတ်သန်းမှု‌တွေကို စိတ်ဝင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ဝနှစ်‌လောက်ကစပြီး ဩစ‌တြေးလျား၊ ဆစ်ဒနီမြို့မှာ လုပ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲ‌တွေကို အဂင်္လိပ်လို အခမ်းအနားမှူး လုပ်ခဲ့ရ ပါတယ်။ အဲ့ဒီထဲက ကျမ မှတ်တမ်းတင်ရိုက်ကူးတာ စလုပ်ခဲ့ပါတယ်။ အခုလည်း နယ်စပ်နဲ ့ပြည်တွင်းက နှစ်သစ်ကူးပွဲ‌တော်နဲ့ ယဉ်‌ကျေးမှုဆိုင်ရာ‌တွေကို မှတ်တမ်းတင်ရိုက်ကူးသွားမှာပါ။ လာမဲ့နှစ်မှာ ဒီမှတ်တမ်းရုပ်ရှင်ကို ပြီးစီးဖို ့‌မျှော်လင့်ထားတယ်”ဟု သူမက ‌ပြောသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ဩစ‌တြေးလျားရှိ တီဗီရုပ်သံလိုင်း တစ်ခုခု သို့မဟုတ် အွန်လိုင်းမှတဆင့် ထုတ်လွှင့်သွားရန် ရည် ရွယ်ထားသည့်အပြင် သူမအ‌နေဖြင့် ဩစ‌တြေးလျားတွင် ‌အောင်မြင်မှုရထားပြီးဖြစ်၍ အနာဂတ်တွင် အ‌မေရိကန် ‌ဟော်လိဝုဒ် ရုပ်ရှင်‌လောကသို ့သွား‌ရောက်လုပ်ကိုင်ရန် ဆန္ဒရှိသလို မြန်မာပြည်တွင်လည်း အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်အား ထက်သန်‌ကြောင်း Tesneem က ဆက်‌ပြောသည်။

မင်းသမီး Tesneem Roc အား ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်ရှိ ကရင်အနုပညာရှင် ဟက်ကက်က “သူဟာ အနုပညာရှင်တဦးဖြစ်တယ်။ ‌နောက်ပြီး သူမက ဖခင်ကရင်အမျိုးသားနဲ ့မိခင် စ‌ကော့ဒစ်ရှ်လူမျိုးက ‌မွေးဖွားလာတဲ့ မြန် မာနွယ်ဖွားတစ်ဦးလည်းဖြစ်‌တော့ သူ့ကို ကရင်အနုပညာရှင်တစ်ဦးလို့ ခံယူတယ်။ ဒီ‌တော့ ပြည်တွင်းကို ‌ရောက်‌နေတဲ့အချိန် ကျ‌နော်တို့ ကရင်အနုပညာရှင်‌တွေက ဂုဏ်ပြုကြိုဆိုပွဲ‌လေး အခုလို လုပ်‌ပေးတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။
IMG_4483
အဆိုပါကြိုဆိုဂုဏ်ပြုပွဲသို့ ကရင်အနုပညာရှင်များဖြစ်ကြသည့် ဟက်ကက်၊ ကဗျာဘွဲ့မှူး၊ ‌စော‌အောင်မျိုး၊ စ‌ကောကရင် ‌တေးသံ ရှင် သက်မြတ်နိုး စသည့် ကရင်အနုပညာရှင်များ အပါအဝင် သတင်းမီဒီယာများ စုစု‌ပေါင်း ၃ဝဦးခန် ့တက်‌ရောက်ခဲ့ကြသည်။

မြန်မာပြည်သို ့အလည်အပတ်‌ရောက်ရှိ‌နေသည့် ရုပ်ရှင်မင်းသမီး Tasneem သည် ဖခင်ဖြစ်သူ ‌ဆွေမျိုးများရှိရာ ဧရာဝတီတိုင်း ‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်နှင့် ကရင်ပြည်နယ် ဖားအံမြို့၊ ဖာပွန်မြို့နယ်အတွင်းရှိ ‌ဒေါက်တာတီသံပြာတက္ကသိုလ်နှင့် ‌မော်လ မြိုင်မြို့များသို ့သွား‌ရောက်မည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုနှင့် နယ်စပ်တွင်ပြုလုပ်မည့် ကရင်နှစ်သစ်ကူး ပွဲ‌တော်သို့လည်း ပါဝင်တက်‌ရောက်သွားမည်ဟု မိသားစုဝင်များထံမှ သိရသည်။

ရုပ်ရှင်မင်းသမီး Tasneem သည် ရုပ်ရှင်ဇာတ်ကား ၇ကားတွင် ပါဝင်ရိုက်ကူးခဲ့ပြီး သူမ ပါဝင်သရုပ်‌ဆောင်ခဲ့သည့် ရုပ်သံဇာတ် လမ်းတွဲ ၁၁ခုအနက် East West 101 ‌ခေါ် Drama ရုပ်သံဇာတ်လမ်းတွဲ၌ အနုပညာ ထူးချွန်ဆု များစွာ ရရှိခဲ့သည်။