Home သတင်း ‌ဒေသအာဏာပိုင်များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု ကရင်အရပ်ဖက်အဖွဲ့များကွန်ရက်‌ပြောဆို

‌ဒေသအာဏာပိုင်များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု ကရင်အရပ်ဖက်အဖွဲ့များကွန်ရက်‌ပြောဆို

1831

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(KSCN) အ‌နေဖြင့် ပြည်နယ်အတွင်း ‌ဒေသခံ ပြည်သူလူထု အကျိုးစီးပွားနှင့် အခွင့်အ‌ရေးကို အာမခံချက်အပြည့် အဝရရှိ‌စေရန်အတွက် ‌ဒေသတွင်း အာဏာပိုင် အစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှုကို မြှင့်တင် သွားမည်ဟု ကွန်ရက်တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် ဖားအံမြို့၊ အမှတ် ၅ရပ်ကွက်၊ ရတနာပြည်‌ကျော်လမ်း၌ ဒီဇင်ဘာလ ၂၃ရက်၊ နံ နက် ၁ဝနာရီမှ ၁၂နာရီအထိ ပြုလုပ်သည့် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက် ရုံးဖွင့်ပွဲ အခမ်းအနားတွင် ကွန်ရက် အဖွဲ့ဝင် ကရင့်‌ရေးရာ‌ကော်မတီ၊ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက အခုလို ‌ပြောသည်။

“ကျ‌နော်တို့ အရပ်ဖက်အဖွဲ့အစည်းအ‌နေနဲ့ ‌ဒေသအာဏာပိုင်‌တွေနဲ့ အမြဲတမ်းပဲ ယုံကြည်မှုတည်‌ဆောက်ပြီး ပူး‌ပေါင်းလုပ်‌ဆောင် သွားရမှာပဲ။ အ‌ကြောင်းက အစိုးရနဲ့ အရပ်ဖက်‌တွေ အပြန်အလှန် ယုံကြည်မှု‌တွေ အားနည်းတာ၊ ‌နောက်ပြီး ‌ဒေသအာဏာပိုင် ‌တွေကလည်း အရပ်ဖက်အဖွဲ့အစည်း‌တွေကို အသိအမှတ်ပြု လက်တွဲ‌ခေါ်တာ အားနည်းခဲ့တယ်״ဟု ‌ကေအို်င်စီသို ့‌ပြောသည်။

အဆိုပါကွန်ရက်ရုံးခန်းဖွင့်ပွဲသို ့ ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်အတွင်း လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃ဝဦး ‌ကျော် တက်‌ရောက်ခဲ့ပြီး ကွန်ရက်တွင် ပြည်နယ်တွင်းအ‌ခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း (KWEG)၊ ငြိမ်း ‌ဖောင်‌ဒေးရှင်း၊ ကရင့်‌ရေးရာ‌ကော်မတီ စသည့်လူမှုအဖွဲ့အစည်း ၁၃ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထား‌ကြောင်း သိရသည်။

ထို့အပြင် ကွန်ရက်အ‌နေဖြင့် ပြည်နယ်အ‌ခြေစိုက် အရပ်ဖက်အဖွဲ့ အစည်းများအတွင်း ကွန်ရက် ပိုမိုခိုင်မာလာ‌စေရန်နှင့် ပြည် နယ်အစိုးရတာဝန်ရှိသူများနှင့် ပိုမို ပူး‌ပေါင်း‌ဆောင်ရွက်ရန်၊ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ရန်အပြင် ပြည်နယ်အတွင်း အ‌ရေးတ ယူ ‌ဆောင်ရွက်မည့် ကိစ္စရပ်တိုင်းကို တစ်စုတစ်စည်းတည်း မှန်မှန်ကန်ကန် တုံ့ပြန်လုပ်ကိုင်သွားနိုင်ရန် လုပ်‌ဆောင်မည်ဟု ကွန် ရက်တာဝန်ရှိသူများထံမှ သိရသည်။

ကရင်ပြည်နယ် NLD အမျိုးသားလွှတ်‌တော်၊ အမှတ်(၁၂) လွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖေါင်အွာက “ပြီးခဲ့တဲ့ အစိုးရသက် တမ်း‌တွေမှာ အုပ်ချုပ်‌ရေးပိုင်း‌တွေနဲ့ CSO ‌တွေအကြား ထိ‌တွေ့မှုက အရမ်းအားနည်းခဲ့တာ ‌တွေ့ရတယ်။ CSOနဲ့ ပြည်သူက‌တော့ အမြဲထိ‌တွေ့တာပဲ။ ဒါ‌တွေ‌ကြောင့်လည်း ကျ‌နော်တို့အနိုင်ရတဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌တွေနဲ့ CSO ‌တွေ လက်တွဲလုပ်‌ဆောင် ရမဲ့ အခန်းကဏ္ဍက အများကြီးရှိတယ်။ ကျ‌နော့်အ‌နေနဲ့ CSO ‌တွေနဲ့ အမြဲထိ‌တွေ့ဖို့ ‌မျှော်လင့်တယ်״ ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်- KSCN ကို ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ပြည်နယ်‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ ဖိတ်‌ခေါ်မှုဖြင့် မဲဆန္ဒရှင်များ မဲ‌ပေးခြင်း၊ အသိပညာ‌ပေးလုပ်ငန်းများ ပူး‌ပေါင်းလုပ်‌ဆောင်ခဲ့သည်။