Home သတင်း အစိုးရထံ လက်နက်ချမည့်သတင်း ဝါဒဖြန့်မှုဟု ဗိုလ်ဆန်း‌အောင်‌ပြောဆို

အစိုးရထံ လက်နက်ချမည့်သတင်း ဝါဒဖြန့်မှုဟု ဗိုလ်ဆန်း‌အောင်‌ပြောဆို

2004

ဩဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

အမိန့်နာခံမှုမရှိဟုဆိုကာ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)အဖွဲ့မှ ဒုတိယအကြိမ် ထုတ်ပယ်ခံရသည့် ဗိုလ် မှူးကြီး‌စောဆန်း‌အောင်က မြန်မာအာဏာရှင်စစ်အစိုးရထံသို့ လက်နက်ချမည်ဆိုသည့် လတ်တ‌လောထွက်‌ပေါ်‌နေ‌သော သတင်း များမှာ အ‌ခြေအမြစ်မရှိ‌သော ဝါဒဖြန့်မှုတစ်ရပ်သာဖြစ်‌ကြောင်း ကာယကံရှင်က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “အခု သူတို့ဘက်က ဝါဒဖြန့်‌နေတယ် ကျ‌နော်လက်နက်ချမယ်ဆိုပြီး ဒီလို အာဏာရှင် စစ်အစိုးရ ဆီမှာ ဘာမှလက်နက်ချဘို့ အ‌ကြောင်းမရိ်ှဘူး။ ရည်မှန်းချက်‌ရောက်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ဗိုလ် ‌ကျော်သက်၊ ဗိုလ်ဘိနဲ့ ကျ‌နော်တို့ တစည်းတလုံးထဲ ရှိ‌နေပါတယ်”ဟု ‌ပြောသည်။

ရန်ကုန်အ‌ခြေစိုက် နိုင်ငံ‌ရေးအသိုင်းအဝိုင်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြားတွင် လတ်တ‌လော သတင်းထွက်‌ပေါ်‌နေ ‌သော ဗိုလ်မှူးကြီး‌စောဆန်း‌အောင် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်တွင် လက်နက်ချမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ၎င်းအ ‌နေဖြင့် သတင်းဌာနအချို့ကို ယ‌နေ့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မကြာခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ‌တွေမှာဆိုရင် ကျ‌နော်တို့က ကိုယ့်ရန်သူဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ပဲ တိုက်ချင်တာဖြစ်တယ်။ သူတို့ တိုက်ရည်ခိုက်ရည်‌လောက်ကို ကျ‌နော်တို့ ဂရုမစိုက်ဘူး။ သူတို့က လက်နက်ကြီးအားကိုးနဲ့ပဲ စစ်တိုက်တာဖြစ်တယ်။ ခက် တာက ကရင်လက်နက်ကိုင်အဖွဲ့‌တွေက ရန်သူဘက်က ဝင်တိုက်‌ပေး‌တော့ လုပ်ရကိုင်ရတာ အ‌တော်ခက်တယ်။ ကရင်‌တွေ ကိုယ်ဘာလဲဆိုတာ သိပါလို့ပဲ ‌ပြောချင်တယ်”ဟု ဗိုလ်ဆန်း‌အောင်က ဖြည့်စွက်‌ပြောဆိုသည်။

ဒီ‌ကေဘီ‌အေတွင် အဆင်ြ့မင့်တပ်မှူးကြီးများဖြစ်သည့် ဗိုလ်‌ကျော်သက်နှင့် ဗိုလ်ဆန်း‌အောင်ကို ‌ကော့ကရိတ်မြို့နယ်အတွင်း ယခင်လဆန်းက မြန်မာအစိုးရနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် ၎င်းတို့ဗဟိုဌာနချုပ်က ယခင်လ (၂၁)ရက် ‌နေ့စွဲဖြင့် တာ ဝန်များမှ အပြီးအပိုင် ထုတ်ပယ်ခဲ့‌သော်လည်း ထိုတပ်မှူးနှစ်ဦးသည် သီးသန့်အဖွဲ့သစ် ဖွဲ့စည်းခြင်းမရှိဘဲ ကလို့ထူး‌ဘော ကရင်အ စည်းအရုံးလက်‌အောက်တွင်သာ ဆက်လက်ရပ်တည်ကာ တိုက်ပွဲဝင်သွားမည်ဟု ‌ပြောဆိုသည်။