ဂါမဏိ
(ဩဂုတ် ၃ရက်၊ ၂၀၁၅)
တိုင်းပြည်တစ်ပြည်မှာ အစိုးရနဲ့ အစိုးရဆန့်ကျင်သူများအကြား ပြည်တွင်းစစ်ဖြစ်တာကို ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အဓိကအား ဖြင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းညှိနှိုင်းရတာဖြစ်ပေမဲ့ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့ပြဿနာတွေကို ဖြေရှင်းရတာလဲ။ အင်မတန် အရေးပါတဲ့ ကိစ္စကြီးဖြစ်ပါတယ်။
တစ်ဖက်က အပြတ်အသတ်နိုင်သွားလို့ ရှုံးတဲ့တပ်တွေလက်နက်ချပြီး စစ်ပွဲပြီးဆုံး ငြိမ်းချမ်းသွားတာမျိုးကို ဗီယက်နမ်(၁၉၇၅)၊ လာအို(၁၉၇၆)၊ ဆိုဗီယက်ရုရှား(၁၉၂၀)၊ တရုတ်(၁၉၄၉)၊ ကျူးဘား(၁၉၅၉)၊ ထိုင်း(၁၉၈၃)၊ မလေးရှား(၁၉၆၀)၊ ရဝမ်ဒါ (၁၉၉၄)၊ ဆီယာရာလီယွန်း(၂၀၀၂)၊ သီရိလကင်္ာ(၂၀၀၉) စတဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ အဲလိုအခြေအနေမျိုးမှာတော့ ရှုံးသွား တဲ့ဘက်ဟာ ယေဘုယျအားဖြင့် ဘာနိုင်ငံရေးအခွင့်အရေးမှမရဘဲ ပြီးသွားတယ်။ ဒီလိုအနေအထားမျိုးက ဝါဒရေးရာ အခြေခံတဲ့ စစ်ပွဲတွေမှာ တွေ့ရတာများပြီး ခြွင်းချက်အနေနဲ့ တိုင်းရင်းသားရေးရာ အခြေခံတဲ့ သီရိလကင်္ာပြည်တွင်းစစ်မှာ ထူးထူးခြားခြား တွေ့ရပါတယ်။
ဝါဒရေးရာပြည်တွင်းစစ်မဟုတ်ဘဲ တိုင်းရင်းသားရေးရာ ပြည်တွင်းစစ်ဖြစ်တဲ့နိုင်ငံတွေမှာတော့ အဓိကအားဖြင့် SSR လို့ခေါ်တဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို နိုင်ငံရေးအရ စေ့စပ်ဆွေးနွေး ဖြေရှင်းချက်နဲ့ တွဲသုံးကြတယ်။ အင်မတန် ကျယ်ပြန့်ပြည့်စုံလှတဲ့ SSR အစီအစဉ်အောက်မှာ လုပ်ငန်းခွဲမျိုးစုံ တသီကြီးရှိပြီး နောက်ဆုံးအစိတ်အပိုင်းခွဲတစ်ခုကတော့ DDR လို့ခေါ်တဲ့ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်သိမ်းသွင်းရေးလုပ်ငန်း ဖြစ်ပါတယ်။
ဒီကနေ့ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ငြိမ်းချမ်းရေးအဖြေ ရှာဖွေရာမှာတော့ တိုင်းရင်းသားတော်လှန်ရေးတပ်များရဲ့ နိုင်ငံရေးရည်မှန်း ချက်ဟာ တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သို့မဟုတ် ဖက်ဒရယ်စနစ်ကျင့်သုံးရေးဖြစ်ပြီး အဲဒါနဲ့လျော်ညီ တဲ့ ကာကွယ်ရေး-လုံခြုံရေးပုံစံတွေ ပြောင်းလဲကျင့်သုံးဖို့ SSR ကို တောင်းဆိုနေတာဖြစ်တယ်။
ဒါပေမဲ့ ဗမာစစ်တပ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ DDR ကိုအရင်ဆုံးလုပ်ဖို့ သို့မဟုတ် အဓိကလုပ်ဖို့ တိုင်းရင်း သားတွေကို မောက်မောက်မာမာ အမိန့်ပေးနေပါတယ်။ တနည်းအားဖြင့် တိုင်းရင်းသားတပ်တွေ လက်နက်ချ၊ တပ်ဖျက်၊ နယ် မြေစွန့်၊ အစိုးရလက်အောက်ခံ ပြည်သူ့စစ်တို့ နယ်ခြားစောင့်တပ်တို့လုပ်၊ ဗမာစစ်တပ်ကတော့ DDR-SSR နဲ့မဆိုင်၊ တိုင်းရင်း သားအခွင့်အရေး ဘာညာကွိကွတွေက ၂၀၀၈ အတိုင်းပဲလို့ ၁၉၄၉၊ ၁၉၆၃၊ ၁၉၈၈ က အတွေးအခေါ်အတိုင်း ခေါင်းမာမာနဲ့ မိုက် မိုက်မဲမဲ ရိုင်းရိုင်းစိုင်းစိုင်း ရပ်တည်နေပါတယ်။
တိုင်းရင်းသားတွေလိုလားတဲ့ SSR အစီအစဉ်မှာ တိုင်းရင်းသားပိုင်းနဲ့ အစိုးရပိုင်းဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။
တိုင်းရင်းသားပိုင်းမှာ တိုင်းရင်းသားတပ်တွေ၊ ဒီတိုင်းရင်းသားတပ်တွေကို နိုင်ငံရေးအရ ဦးစီးရှေ့ဆောင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ သူတို့က တိုက်ရိုက်ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားနယ်မြေတွေ၊ သူတို့နဲ့ လူမျိုးအရ ပထဝီအနေ အထားအရ သက်ဆိုင်နေတဲ့ တိုင်းရင်းသားနယ်မြေတွေ၊ သူတို့နဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သက်ဆိုင်နေတဲ့ အရပ်ဖက် လူမှုအသင်းအဖွဲ့တွေ၊ လူထုအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့ ဖြစ်ပါတယ်။
အစိုးရပိုင်းမှာတော့ နိုင်ငံတော်တခုလုံးရဲ့ လက်နက်ကိုင်တပ်မတော်၊ ကပစ၊ ရဲ၊ ထောက်လှမ်းရေး၊ နယ်စပ်ကွပ်ကဲရေးနဲ့ လဝက၊ နယ်စပ်အကောက်ခွန်၊ တရားစီရင်ရေးဋ္ဌာန၊ အကျဉ်းထောင် စတာတွေနဲ့ ဒါတွေကို ထိန်းချုပ်ကြီးကြပ်တဲ့ ကာကွယ်ရေးဝန်ကြီး ဋ္ဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဋ္ဌာန၊ တရားရေး ဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဋ္ဌာန၊ ပညာရေးဝန်ကြီးဋ္ဌာန၊ ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ လွှတ်တော်၊ ဗဟိုတရားရုံးချုပ်၊ ရှေ့နေချုပ်ရုံး၊ လူ့အခွင့်အရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံရေးကော်မရှင် စတာတွေအားလုံး ပြုပြင်ပြောင်းလဲရမှာဖြစ်တယ်။ လိုအပ် ရင် သစ်တောဝန်ကြီးဋ္ဌာန၊ လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ လျှပ်စစ်ဝန်ကြီးဋ္ဌာန၊ စွမ်းအင်ဝန်ကြီးဋ္ဌာန၊ သတ္တုတွင်းဝန်ကြီး ဋ္ဌာနတွေမှာပါ ပြုပြင်ပြောင်းလဲရမှာဖြစ်တယ်။
နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေသစ်တွေ ပြဋ္ဌာန်းရမှာဖြစ်တဲ့အပြင် တပ်မတော်အက်ဥပဒေ၊ ထောက်လှမ်းရေးဥပဒေ၊ ပြည်ထောင်စုလုံခြုံရေးဥပဒေ၊ ပြည်နယ်လုံခြုံရေးဥပဒေ၊ ရဲဝန်ထမ်းဥပဒေ၊ လဝကဥပဒေ စတာတွေကို အသစ်ပြဋ္ဌာန်းတာ၊ ကြီး ကြီးမားမား ပြင်ဆင်တာတွေ လုပ်ရမှာဖြစ်တယ်။
တစ်နည်းပြောရရင် SSR မှာ နှစ်ဖက်စလုံးရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်း မာရေး၊ ဘဏ္ဍာရေးတွေ အကြုံးဝင်နေပါတယ်။ နောက်ဆုံးမှာတော့ ပြောင်းလဲထားတဲ့နှစ်ဖက်ဟာ SSR အစီအစဉ်တစ်ခုလုံး အောက်မှာ သဘောတူထားတဲ့အတိုင်း DDR ကျင့်သုံးပြီး နှစ်ဖက်လက်နက်ကိုင်တပ်တွေ အပြန်အလှန် ပေါင်းစည်းသိမ်းသွင်း ကြဖို့ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒါတွေရဲ့အထက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝ သက်ဆိုင်နေပါတယ်။ ဒါကြောင့် တိုင်းရင်းသားအခွင့်အရေးအတွက်တိုက်တဲ့ ပြည်တွင်းစစ်မှာ ဖက်ဒရယ်နိုင်ငံရေးဖြေရှင်းချက်နဲ့ SSR ဟာ ဒဂင်္ါးပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲလို့ ဘယ်လိုမှ မရနိုင်ပါဘူး။
မင်းအောင်လှိုင်ပြောတဲ့ DDR ကတော့ ကာကွယ်ရေးတစ်ခုထဲကို ဆိုလိုပြီး နှစ်ဖက်စလုံးအတွက်လည်း မဟုတ်ဘဲ တိုင်းရင်းသား ဘက်ကပဲ တစ်ဖက်သတ်လုပ်ရမယ့် အစီအစဉ်ဖြစ်နေလို့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာ သေချာပါတယ်။
အောင်မြင်တဲ့ SSR လုပ်ခဲ့တဲ့နိုင်ငံတွေက တောင်အာဖရိက(၁၉၉၄)၊ နမီးဘီးယား(၁၉၉၀)၊ လက်ဘနွန်(၁၉၉၀)၊ လိုက်ဘေးရီး ယား(၂၀၀၃)၊ ကိုဆိုဗို(၁၉၉၉)၊ အာချေး(၂၀၀၅) တို့ဖြစ်ပြီး ကမ္ဘောဒီးယား၊ နီပေါ၊ အရှေ့တီမော၊ ဖိလိပိုင်၊ ဟေတီတို့မှာတော့ တစိတ်တပိုင်းပဲ အောင်မြင်ခဲ့တယ်။ အီရတ်၊ အာဖဂန်နဲ့ တခြားအာဖရိကနိုင်ငံတွေမှာတော့ လုံးဝ မအောင်မြင်တာ တွေ့ရတယ်။ အဲဒီထဲမှာ ဆူဒန်-တောင်ဆူဒန်၊ လစ်ဗျား၊ ချက်ဒ်၊ ဗဟိုအာဖရိက၊ မာလီ၊ ဘူရွန်ဒီ၊ ကွန်ဂို၊ ဂီနီဘစ်ဆော၊ အိုင်ဗရီကို့စ်၊ ဆိုမာလီ ယာနိုင်ငံတွေ ပါဝင်တယ်။
တောင်အာဖရိကနိုင်ငံက လူဖြူအာဏာရှင်စနစ် ဖျက်သိမ်းတဲ့ ၁၉၉၄ခုနှစ်မှာ ဒီကလပ်ဦးဆောင်တဲ့ အစိုးရတပ် တောင်အာဖရိ က ကာကွယ်ရေးတပ်ဖွဲ့ SADF ၊ မင်ဒဲလား ခေါင်းဆောင်တဲ့ အတိုက်အခံ အာဖရိကအမျိုးသားကွန်ဂရက်ရဲ့ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့ MK ၊ မော်စီတုံးဝါဒီ လူမည်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အဇန်းနီးယား ပြည်သူ့လွတ်မြောက်ရေးတပ်၊ လူဖြူအစိုးရ တည်ထောင်ထားတဲ့ ရုပ်ပြလူမည်း ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ ၄ခုက ပြည်သူ့စစ် ၄ဖွဲ့ ပေါင်းစည်းပြီး တောင်အာဖရိက အမျိုး သားကာကွယ်ရေးတပ်မတော် SANDF ကို ထူထောင်ခဲ့တယ်။ လူဖြူဩဇာခံ ဘူသယ်လယ်ဇီရဲ့ အင်ကာသာလွတ်လပ်ရေးပါတီ က စွမ်းအားရှင်တွေ ပါခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်သားစုဆောင်းရေး လုပ်ထုံးလုပ်နည်းအတိုင်း တဦးချင်းပဲ ဝင်ခွင့်ပေးခဲ့တယ်။
စာရင်းတစ်ခုအရ လူဖြူအစိုးရတပ်အင်အား ၈၃၀၀ဝ မှာ ၄၀၀၀၀၊ MK တပ်အင်အား ၁၅၀၀ဝ ထဲက ၁၁၀၀၀၊ အဇန်းနီးယား တပ် ၆၅၀ဝ မှာ ၅၀၀၀၊ ရုပ်ပြ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ ပြည်သူ့စစ် ၁၁၀၀ဝ မှာ ၈၀၀ဝ တို့ဟာ တပ်မတော်သစ်ထဲ ပါဝင်ခဲ့ ကြတယ်။ လူမျိုးအရဆိုရင် လူမည်း ၆၀% နဲ့ လူဖြူ ၃၀% ဖြစ်လာတယ်။ အရာရှိပိုင်းတွေမှာပါ အချိုးအစား အများကြီး ပြောင်း ပစ်ခဲ့တယ်။ လေတပ်၊ ရေတပ်တွေမှာပဲ လူဖြူအချိုးအစား များနေသေးတယ်။ ကျန်တဲ့စစ်သားတွေကိုတော့ ကရုဏာကြေး၊ နစ်နာကြေးတွေပေးပြီး အရပ်သားဖြစ်စေခဲ့တယ်။ နိုင်ငံရေးပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း လူမည်းအာဏာ သို့မဟုတ် လူများစု ဒီမိုကရေစီအုပ်ချုပ်ရေး ခိုင်မာသွားခဲ့တယ်။ လူဖြူစစ်တပ် တီထွင်ထုတ်လုပ်ခဲ့တဲ့ နျူကလီးယား လက်နက်တွေလည်း ဖျက်ဆီးပစ်လိုက်တယ်။
ကမ္ဘောဒီးယား တော်ဝင်တပ်မတော်ကို ၁၉၉၃ခုမှာ ဗီယက်နမ်က အားပေးတဲ့ ဟွန်ဆင် ဦးစီးအစိုးရတပ်၊ ဆွန်ဆန်းဦးစီးတဲ့ သူပုန်တပ်၊ သီဟာနုဦးစီးတဲ့ သူပုန်တပ်၊ ပေါလ်ပေါ့ဦးစီးတဲ့ ခမာနီသူပုန်တပ်တို့ ပေါင်းစည်းခဲ့ပေမဲ့ မကြာခင်မှာ အစိုးရတပ်မှူး တွေက လက်ဝါးကြီးအုပ်သွားခဲ့ပြီး (သူပုန်ဘက်ကလာတဲ့ တပ်မှူးတွေကို လျှို့ဝှက်လုပ်ဘကံသတ်ဖြတ်တာတွေလည်း ရှိသေး တယ်) နိုင်ငံရေးသဘောတူချက်တွေကိုလည်း မလိမ့်တပတ်လုပ်ခဲ့လို့ ကမ္ဘောဒီးယားနိုင်ငံမှာ ဒီနေ့အထိ ဒီမိုကရေစီအရေခြုံ အာ ဏာရှင်စနစ် တည်ရှိနေတယ်။
ဒါကြောင့် SSR မအောင်မြင်ဘဲ DDR ပဲလုပ်တဲ့ တိုင်းပြည်တွေမှာ ရန်မီးတွေမငြိမ်းဘဲ ခဏခဏပြဿနာ ပြန်ဖြစ်နေတာ တွေ့ရပါ တယ်။ SSR မပါတဲ့ DDR ဆိုတာကလည်း အများအားဖြင့် သူပုန်ဖက်ကပဲ လိုက်နာရတဲ့ တဖက်သတ် အနိုင်ကျင့်မှုတွေ ဖြစ်လေ့ ရှိပါတယ်။ မဟာဗျူဟာပိုင်းဖြစ်တဲ့ SSR မအောင်မြင်ရင် လက်အောက်ခံနည်းပညာပိုင်းပဲဖြစ်တဲ့ DDR အောင်မြင်စရာ မရှိပါဘူး။
တကယ်တော့ မှန်ကန်တဲ့ DDR ဆိုတာ နှစ်ဖက်စလုံးက စစ်အသုံးစားရိတ်တွေ ကာကွယ်ရေးဘတ်ဂျက်တွေ လျှော့ချတာ၊ လက် နက်တွေ လျှော့ချဖျက်သိမ်းတာ၊ တပ်အင်အားတွေ လျှော့ချ ဖျက်သိမ်းတာနဲ့ လုံခြုံရေးတပ်ဖွဲ့အသစ်တွေ (ပင်မတပ်၊ ဒေသတပ်၊ ရဲ)ထဲကို ပေါင်းစည်းသိမ်းသွင်းတာဖြစ်တယ်။ ပေါင်းစည်းသိမ်းသွင်းရာမှာ ကျန်နေသူတွေကိုလည်း အရပ်သားအဖြစ် လူတန်းစေ့ နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် ပြည့်ပြည့်စုံစုံ ဖန်တီးပေးတာ၊ နစ်နာကြေး သို့မဟုတ် လျော်ကြေးကောင်းကောင်း ပေး တာတွေလည်း ပါဝင်တယ်။ စစ်စားရိတ်တွေ လူ၊ လက်နက်အင်အားတွေ လျှော့ချရာမှာလည်း အရေအတွက်တူ လျှော့ချတာ မဟုတ်ဘဲ အချိုးတူ သို့မဟုတ် အားကြီးသူဘက် အချိုးများများ လျှော့ချရမှာ ဖြစ်ပါတယ်။
ဒါကြောင့် SSR အစီအစဉ်အောက်က DDR လုပ်တဲ့အချိန် နှစ်ဖက်စလုံးကတပ်တွေ လက်နက်ဖြုတ်၊ တပ်ဖျက် လုပ်ရမှာဖြစ်လို့ ကုလသမဂ္ဂတပ် သို့မဟုတ် နေတိုးတပ် သို့မဟုတ် တခြားနိုင်ငံတကာညွန့်ပေါင်းတပ်တွေက ဖြစ်စဉ်အစအဆုံး ဝင်ထိန်းပေးဖို့ လို ပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ အာမခံချက်ရှိတဲ့ နိုင်ငံရေးသဘောတူချက်တွေ ရှိထားမှလည်း နှစ်ဖက်တပ်တွေဟာ အသာ တကြည် လက်နက်ဖြုတ် တပ်ဖျက်ခံမှာဖြစ်တယ်။
ဒါကြောင့် SSR ဟာ National Accord အမျိုးသားပဋိညာဉ် (ဗမာပြည်အခြေအနေမှာတော့ Union Accord ပြည်ထောင်စုပဋိ ညာဉ်)အပေါ် မူတည်နေပြီး အဲ့ဒီရလဒ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ထည့်ပြီးမှ ကုလသမဂ္ဂကြီးကြပ်မှုနဲ့ DDR ကို သွားလို့ရ မှာ ဖြစ်ပါတယ်။ ဗမာပြည်မှာ ထာဝရငြိမ်းချမ်းရေးရဖို့ဆိုရင် ဒီလမ်းပဲ ရှိပါတယ်။