Home သတင်း ‌ကျောင်းသားများအား ဆက်လက် အကြမ်းဖက်ပါက တိုင်းပြည်နစ်နာမည်ဟု PSDP နှင့် KDP ‌ပြောဆို

‌ကျောင်းသားများအား ဆက်လက် အကြမ်းဖက်ပါက တိုင်းပြည်နစ်နာမည်ဟု PSDP နှင့် KDP ‌ပြောဆို

2140

မတ်လ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာအစိုးရအ‌နေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒ‌ဖေါ်ထုတ်‌နေသည့် သပိတ်‌မှောက်‌ကျောင်းသားများအား အကြမ်းဖက်မှုကို ဆက်လက် လုပ်‌ဆောင်ပါက တိုင်းပြည်အတွက် နစ်နာမည်ဖြစ်သည်ဟု ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)တို့က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ယမန်‌နေ့ မတ်လ ၁ဝရက်‌နေ့က ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် လက်ပံတန်းမှ ရန်ကုန်သို့ ချီတက်မည့် ပင်မ‌ကျောင်းသားသပိတ် စစ်‌ကြောင်းကို အစိုးရရဲတပ်ဖွဲ့များက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ပွားပြီး‌နောက် အဆိုပါကရင်ပါတီနှစ်ပါတီက ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

PSDP ဒုဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက “ကျ‌နော်တို့ပါတီအ‌နေနဲ့ အစကတည်းက ‌ပြောခဲ့တယ်။ ‌ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းတာကို မလိုလားဘူး။ ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာကြဖို့ အ‌ရေးကြီးတယ်။ အခုလိုမျိုး ‌ကျောင်းသားများကို အစိုးရက ဆက် ပြီး အကြမ်းဖက်မှု‌တွေကို လုပ်‌ဆောင်သွားဦးမယ်ဆိုရင် တိုင်းပြည်အတွက် မ‌ကောင်းဘူး။ တိုင်းပြည်နစ်နာသွားနိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ပံတန်းတွင် အဖြိုခွင်းခံရသည့် ပင်မ‌ကျောင်းသားသပိတ်စစ်‌ကြောင်းနှင့် ပတ်သက်၍ လူ ၁၂၇ဦးကို ထိန်းသိမ်းထားပြီး ထို အထဲ၌ ‌ကျောင်းသား ၅၂ဦး၊ ‌ကျောင်းသူ ၁၃ဦးနှင့် အရပ်သား ၆၂ဦး ပါဝင်သည်ဟု အစိုးရပြန်ကြား‌ရေးဝန်ကြီးဌာနက ယမန်‌နေ့ က ‌ကြေညာချက် ထုတ်ပြန်ထားသည်။

ထို့အပြင် လက်ပံတန်းအခင်းဖြစ်ပွားမှုတွင် ဓာတ်ပုံ၊ ဗွီဒီယိုများဖြင့် သတင်းမှတ်တမ်းယူ‌နေ‌သော မီဒီယာသတင်း‌ထောက်များကို အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ်‌နေသည့် ရဲတပ်ဖွဲ့များက လိုက်လံရိုက်နှက်မှုများ ရှိခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ် ဇင်း‌ကောင်စီ(MPC)ကလည်း ဖမ်းဆီးထားသည့် သတင်းသမားများအား ပြန်လွှတ်‌ပေးရန် မတ်လ ၁ဝရက်‌နေ့က သတင်းထုတ် ပြန်ထားသည်။

KDP ဥက္ကဋ္ဌ ‌စောရဲဝင်းနိုင်က အစိုးရသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် စိတ်ရင်း‌စေတနာဖြင့် လုပ်‌ဆောင်မည်ဆိုလျှင် ရန်ကုန်သို့ ချီတက်မည် ပင်မ‌ကျောင်းသားသပိတ်နှင့် ‌ကျောင်းသားသပိတ်‌ထောက်ခံသူများအား အကြမ်းဖက်မှုများ မလုပ်‌ဆောင်သင့် ‌ကြောင်း၊ ပြဿနာကို အကြမ်းဖက်ဖြိုခွင်းလိုက်ရုံဖြင့် ‌ဖြေရှင်းနိုင်မည်မဟုတ်‌ကြောင်း ယခုလို ‌ပြောသည်။

“ပြဿနာကို ‌ဆွေး‌နွေးညှိနှိုင်းမှုနဲ့ပဲ ‌ဖြေရှင်းလို့ရမယ်။ ဒီလို အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းအားဖြင့် ပြဿနာက မပြီးဘဲ ပြဿနာ ကြီးထွားလာဖို့ပဲ ရှိ‌တော့တယ်။ ‌နောက်ပြီး ပင်မ‌ကျောင်းသားသပိတ်ကို အစိုးရ ရဲအာဏာပိုင်‌တွေ အကြမ်းဖက်ဖြိုခွင်းလိုက်တဲ့ အ‌ပေါ် ကရင်ပြည်နယ်က ကရင်နိုင်ငံ‌ရေးပါတီ‌တွေ ‌တွေ့ဆုံပြီး ‌ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိပါတယ်”ဟု ‌စောရဲဝင်းနိုင်က ‌ပြောဆိုသည်။

ယမန်‌နေ့က ဖြစ်ပွားခဲ့‌သော ပင်မ‌ကျောင်းသားသပိတ်စစ်‌ကြောင်း ဖြိုခွင်းခံရခြင်းအ‌ပေါ် မြန်မာနိုင်ငံရှိ နိုင်ငံ‌ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် အ‌မေရိကန်ပြည်‌ထောင်စုနှင့် ဥ‌ရောပသမဂ္ဂ(အီးယူ)တို့ကလည်း ပြစ်တင်‌ဝေဖန်ခဲ့ကြသည်။