Home သတင်း ကရင်နိုင်ငံ‌ရေး မဟာမိတ် ၃ပါတီ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ကိုယ်စားလှယ် ‌ရွေးချယ်ပြီးစီး

ကရင်နိုင်ငံ‌ရေး မဟာမိတ် ၃ပါတီ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ကိုယ်စားလှယ် ‌ရွေးချယ်ပြီးစီး

1810

မတ်လ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီ မဟာမိတ် သုံးပါတီဖြစ်သည့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)နှင့် ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)တို့က လာမည့် ၂၀၁၅ ‌ရွေး ‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်အမတ်များအား ‌ရွေးချယ်ပြီးစီးလိုက်ပြီဖြစ်သည်။

ထိုသို့ ‌ရွေးချယ်ရာတွင် ၎င်းတို့ သက်ဆိုင်ရာ ပါတီတစ်ခုချင်းစီက ယခင်လ ‌ဖေ‌ဖော်ဝါရီလအတွင်း ‌ရွေးချယ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်စာရင်းကိုမူ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ တင်ပြပြီးမှသာ ထုတ်ပြန်သွားမည်ဖြစ်‌ကြောင်း သိရသည်။

KDP ဥက္ကဋ္ဌ ‌စောရဲဝင်းနိုင်က “မကြာခင်ကမှ ကျ‌နော်တို့သုံးပါတီ ‌တွေ့ဆုံကြတယ်။ မဲဆန္ဒနယ်‌မြေ‌တွေကို မထပ်ရ‌အောင် စီစဉ် တယ်။ အငြင်းပွားရတဲ့‌နေရာ‌တွေကို‌တော့ ဖြစ်နိုင်‌ခြေ အများဆုံးရှိသူကိုပဲ ‌ရွေးချယ်ပါတယ်။ ကျ‌နော်တို့ပါတီက‌တော့ ဝင်‌ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်‌တွေက‌တော့ ပြည်သူ‌တွေ‌ရွေးချယ်‌ပေးလိုက်တဲ့ ‌ဒေသခံ‌တွေကိုပဲ ‌ရွေးပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးပါတီမဟာမိတ်အဖွဲ့များအနက် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် KDP နှင့် KSDDP တို့မှာ ကရင်ပြည်နယ်အတွင်း၌သာ အဓိက ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း၊ KPP ကမူ ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ်အတွင်း တစ်‌နေရာ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဟု KSDDP ဥက္ကဋ္ဌ ‌စောသာထူး‌ကျော်က ‌ပြောသည်။

“ကျ‌နော်တို့ KSDDP ပါတီက‌တော့ ကိုယ်စားလှယ် ၁၂ဦးကို ‌ရွေးချယ်ထားပါတယ်။ KDP ပါတီနဲ့ ကျ‌နော်တို့ပါတီက ကရင်ပြည် နယ်မှာ အဓိကထားပြီး ဝင်မယ်။ ကရင်ပြည်သူ့ပါတီက‌တော့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဝင်မယ်ဆို‌တော့ ကရင်ပြည်နယ်မှာ သံ‌တောင်မြို့တစ်မြို့ပဲ ဝင်တယ်”ဟု ‌စောသာထူး‌ကျော်က ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ KSDDP ပါတီရုံး၌ ကရင် နိုင်ငံ‌ရေးပါတီ ၄ပါတီ မဟာမိတ်ဖွဲ့စည်းရန် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြရာ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ပါတီမူဝါဒအရ မဟာမိတ်ဖွဲ့စည်းရန် လက်ခံ၍မရ‌သေးသဖြင့် ကျန်ရှိသည့် KDP, KSDDP, KPP တို့ကသာ မဟာမိတ်ဖွဲ့စည်းခဲ့ကြသည်။