ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံ-မော်လမြိုင်လမ်းပိုင်းရှိ ခရုံဂူအနီး အခြေစိုက်ထားသည့် စစ်အုပ်စုဂိတ်သည် ပြီးခဲ့သည့် နှစ်ပိုင်းမှစ၍ အသွားအလာပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လမ်းပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ် ၃ ခု ထက်မနည်းရှိကာ တရနာစံပြ ကျေးရွာရှိ ခရုံဂူအထွက် စစ်ဆေးရေးဂိတ်၌ လူငယ်များကို မှတ်ပုံတင်စစ်ဆေးခြင်း၊ မှတ်ပုံတင်မပါရှိသူများထံမှ ငွေကြေးတောင်းခံခြင်းအပြင် ခရီးသွား အများပြည်သူထံမှ ဖုန်းစစ်ဆေးခြင်းများ အလွန်အမင်း ပြုလုပ်နေကြောင်း ထိုလမ်းပိုင်းတွင် သွားလာသည့်...
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အကြားရှိ အာရှလမ်းမကြီးနှင့် ကျေးရွာချင်းဆက် ဖြတ်လမ်းများကို စစ်အုပ်စုတပ်က ပိတ်ဆို့ထားသည့်အပြင် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံမှုကြောင့် သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အခက်တွေ့နေကြသည်ဟု ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ပြီးခဲ့သည့် နှစ် ဧပြီလမှစ၍ ဒေသတွင်း တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် စစ်အုပ်စုတပ်က ဖားအံ -မြဝတီ အာရှလမ်းမကြီးပေါ်ရှိ ကိုးတိုင်လမ်းဆုံ အပါအဝင် ဒေသခံများ အမြဲတမ်း အသုံးပြုသွား လာနေသည့်...
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယမန်နေ့ (ဇွန်လ ၁၆ရက်)က တရားမဝင် တရုတ်နိုင်ငံသားများကို သယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးကို မဲဆောက်နယ်မြေခံ ကင်းလှည့်ရဲတပ်ဖွဲ့က ခြေရာခံ လိုက်လံဖမ်းဆီးခဲ့ရာ ၁ စီးကို ဖမ်းဆီးရမိပြီး ကျန် ၁ စင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သောင်ရင်းမြစ်ကမ်းဘေး ဘက်မှ ဝင်ရောက်လာသော ပစ်ကပ် (Pickup) မော်တော် ယာဉ်တစ်စီးကို တရားမဝင် နိုင်ငံခြားသားများ သယ်ဆောင်လာသည်ဟု သံသယရှိသဖြင့်...
ဇွန် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စုကကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများက ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေမှုအပေါ် ကျူးလွန်သူသာမက အားပေးကူညီသူများလည်း တာဝန်ခံရမည်ဖြစ်ကြောင်း Justice for Myanmar-JFM က ယမန်နေ့ ဇွန်လ(၁၆)ရက်နေ့တွင် ရှုတ်ချပြောဆိုသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက်အဆောက်အအုံများ၊ အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်း၊ လူအမြောက်အများ နေရပ်စွန့်ခွာစေခြင်းတို့ ဖြစ်ပေါ်စေသည့်အဓိကတရားခံ စစ်အုပ်စုကို တရုတ်ပိုင် စစ်လက်နက်ကုမ္ပဏီများက တိုက်လေယာဥ်များ၊ မော်တော်ယာဥ်များ ရောင်းချပေးနေသည်ဟု JFM က ဆိုသည်။
ထို့အပြင် စီးပွားရေးလမ်းကြောင်းအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထွက်...
ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
“တိုင်းရင်းသားပြည်သူလူထုအတွင်း မှန်ကန်သော သတင်းအချက်အလက်များ လက်လှမ်းမီရရှိမှုနှင့် အကျိုးသက်ရောက်မှုများအပေါ် တွင် တိုင်းရင်းသားဘာသာစကားနှင့် ထုတ်လွှင့်သော သတင်း မီဒီယာထုတ်ကုန်များ၏ အကျိုးသက်ရောက်မှုများ” ဆိုင်ရာ အွန်လိုင်း လေ့လာဆန်းစစ်ချက် အတွက် ပါဝင်ဖြေဆိုပေးရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအတွက် တိုင်းရင်းသားတို့၏ ဘာသာစကားများဖြင့် သတင်းအချက်အလက် မှန်ကန်စွာ လက်လှမ်းမီ ရရှိနိုင်ရေးတွင် တိုင်းရင်းသားမီဒီယာထုတ်ကုန်များ၏ အခန်းကဏ္ဍနှင့် သက်ရောက်မှုများကို ပိုမိုသိရှိနိုင်ရန်အတွက် Burma News International (BNI) မှ အွန်လိုင်းလေ့လာဆန်းစစ်မှု...
ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဗြိတိန်နိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ကန့်သတ် သွားမည်ဟု ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က ပြောဆိုလိုက်သည်ဟု AP သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။
၎င်း၏ အဆိုပါ ဆုံးဖြတ်ချက်ကို နည်းပညာကုမ္ပဏီများက ကန့်ကွက်လာပါကလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဝန်ကြီးချုပ်က တုံ့ပြန်ထားသည်။
“ကျနော်တို့ရဲ့ ကလေးငယ်တွေ ဘေးကင်းလုံခြုံဖို့နဲ့ ပျော်ရွှင်ဖို့အတွက် ဒီဆုံးဖြတ်ချက်အပေါ် ဘယ်လိုမှ ညှိနှိုင်းမှာ မဟုတ်ပါဘူး” ဟု...
ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဒေသသို့ ယမန်နေ့ ဇွန်လ(၁၅)ရက်နေ့ ညပိုင်းက စစ်အုပ်စု Y12 လေယာဥ်ဖြင့် ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ပိတောက်ကုန်း၊ ကျွန်းကုန်းနှင့် ဆယ်ဝတောရွာတစ်ဝိုက်တွင် ယမန်နေ့ ည(၇)နာရီမှ (၈)နာရီဝန်းကျင်ကြား စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး နေအိမ်အချို့လည်း ပျက်စီးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
“မနေ့က မနက်ကနေ ညနေအထိတစ်နေကုန် တိုက်ပွဲဖြစ်နေတာ။ ညကျတော့ Y12 နဲ့လာပစ်သွားတာပဲ၊ တရစပ်ပစ်တာ တစ်ခါပစ်(၃)လုံးလောက်နဲ့...
ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စုမှ သယ်ဆောင် လာသည့် "ကော်သူးလေ မှတ်ပုံတင် (ID) ကတ်" ဟု ရေးသားထားသော ပလပ်စတစ်ကတ်ပြား ၁,၂၀၀ ကျော်နှင့် တရားမဝင် စာရွက်စာတမ်းများကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ချင်းမိုင်လေဆိပ် အကောက်ခွန်စစ်ဆေးရေးဂိတ်၌ အမေရိကန်ပြည် ထောင်စု (USA) မှ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ခရီးသည်များ၏ သံသယဖြစ်ဖွယ် ခရီးဆောင်အိတ်များကို...
ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မီဒီယာလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုများမှ ကာကွယ်ရန်၊ အသိပညာပေးရန်နှင့် တုံ့ပြန်ရေးယန္တရားတစ်ရပ် အကောင်အထည်ဖော်ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM နှင့် Myanmar Women in Media-MWiM တို့ပူးပေါင်းပြီး မေလ(၃၀)ရက်က နားလည်မှုစာချွန်လွှာ(MOU)ရေးထိုးခဲ့ကြကြောင်း သိရသည်။
အထူးသဖြင့် နိုင်ငံတွင်းသတင်းလွတ်လပ်ခွင့်ဖိနှိပ်ခံရမှုများကြောင့် နိုင်ငံပြင်ပတွင်အခြေစိုက်နေရသည့် Exile မီဒီယာများအတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုမှ အကာအကွယ်ရရေး၊အသိပညာပေးရေး စသည်တို့ပါဝင်သော အချက် (၅) ချက်ကို လိုက်နာဆောင်ရွက်သွားကြဖို့ နှစ်ဖက်အဖွဲ့ခေါင်းဆောင်များက လက်မှတ်ရေးထိုး သဘောတူခဲ့ကြခြင်းဖြစ်သည်။
MOU အရ မီဒီယာကဏ္ဍတွင်ဖြစ်ပေါ်နေသော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကို...
ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ကို စစ်အုပ်စုဘက်က ပြန်လည်စိုးမိုးရန် ကြိုးပမ်းလာသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်ပြီး ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ညအိပ်တိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်အုပ်စုသည် ဘုရားသုံးဆူနယ်စပ်မြို့ကို ပြန်လည်ရရှိရေးအတွက် လက်ရှိ မြို့လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း DKBA အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ထို့ကြောင့် စစ်အုပ်စုဘက်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အချိန်မရွေး...















