အောက်တိုဘာလ ၂၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
ရွှေနှင့် သစ်များ ထုတ်လုပ်ရန်အတွက် ဒီကေဘီအေ တပ်မဟာ (၃၃၃)နှင့် (၉၉၉)မှ အင်အား ၇၀ဝခန့်မှာ ယခုရက်ပိုင်းအတွင်း ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြားဒေသသို့ ရောက်ရှိလှုပ်ရှားနေကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။
အဆိုပါ ဒီကေဘီအေတပ်ဖွဲ့များမှာ (၃၃၃)တပ်မဟာမှ အင်အား ၄၀၀ကျော်ရှိ တပ်ရင်းနှစ်ရင်းနှင့် (၉၉၉)တပ်မဟာမှ အင်အား ၂၀၀ကျော်ခန့်ရှိ တပ်ရင်းတရင်းတို့က သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ဖာပွန်ခရိုင် ဒွဲလိုးမြို့နယ်တွင် ရွှေတူးဖော်ရန်နှင့် သစ် ထုတ်လုပ်ရန်အတွက် ရည်ရွယ်ကာ ယခု ရက်သတ္တပတ်တွင်...
အောက်တိုဘာလ (၂၄)ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် နအဖစစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ယခု လလယ်ပိုင်းမှစ၍ ပူးပေါင်းလှုပ်ရှားနေသည်ဟု ကေအဲန်အယ်လ်အေ ဒုတပ်ရင်းမှူးတဦးက ပြောသည်။
ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က "ဒီလ (၁၄)ရက်ကနေစပြီးတော့ ဒီနေ့အထိ နအဖ စစ် တပ်မှာ ခလရ (၂၀၈)တပ်ရင်း စစ်ကြောင်း(၁)၊ ဒီကေဘီအေ တပ်ရင်း(၄)၊ တပ်ရင်း(၇)တို့ ပူးပေါင်းပြီးတော့ ကလေ့မို့ခီး၊ ကလေ့ဖိုးကလိုး၊ မယ်ကရဲ၊ နို့လားလေးစတဲ့ ရွာတွေမှာ ပူးပေါင်းလှုပ်ရှားလာတာကို ကျနော်တို့...
အောက်တိုဘာလ ၂၄ရက်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ယနေ့ည ၈နာရီခွဲကျော်အချိန်တွင် ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားရာ အရပ် သားတဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အမည်မဖော်လိုသူ မြဝတီမြို့ခံတဦးက “အခုလေးတင်ပဲ ဗုံးပေါက်ကွဲသံအသံကြားလိုက်တယ်။ အသံက တော့ မိချောင်းကုန်းဘက်ကပဲ။ လက်ပစ်ဗုံးနဲ့ လှမ်းပစ်တာလို့ ပြောနေကြတယ်။ သုံးယောက်ထိတယ်။ တယောက်က ပွဲချင်းပြီးပဲ။ ဒဏ်ရာရတဲ့သူကိုတော့ မြဝတီဆေးရုံကို ခေါ်သွားပြီ”ဟု ပေါက်ကွဲမှုဖြစ်ပြီးပြီး ချင်း ကေအိုင်စီကို ပြောသည်။
ယင်းသို့ ဗုံးပေါက်ကွဲခြင်းမှာ ဝေါ်လေအခြေစိုက် ဒီကေဘီအေ (၉၀၇)တပ်သားတဦးက မြဝတီမြို့၊ မိုက်...
- ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဖာပွန်ခရိုင်မှာ ရာသီအလိုက်ဖြစ်တဲ့ တုပ်ကွေးရောဂါ ကူးစက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကြားခဲ့ရတယ်။ အဲဒါ ဘယ်ဒေသတွေမှာပါလဲ။
ဒီတုပ်ကွေးရောဂါ စဖြစ်တာကတော့ ဖာပွန်ခရိုင်၊ လူသောမြို့နယ်မြောက်ပိုင်းက ရွာကနေပေါ့နော်။ အဲဒီမှာ တရွာ၊ နှစ်ရွာ စဖြစ်တယ်။ အဲဒီကနေပြီး လေး ငါး ခြောက်ရွာလောက် ထပ်မံ ကူးစက်ပြန်တယ်။ တပတ်အတွင်းမှာ လူ ၃၀၀ကျော် ကူး စက်သွားတယ်။ အဲဒီကနေပြီးတော့မှ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးပညာပေး လုပ်ငန်းတချို့နဲ့ ဆောင်ရွက်ပေးတဲ့အ တွက်ကြောင့် နှစ်ပတ်၊ သုံးပတ်မှာတော့ ပျောက်ကင်းသွားတာပေါ့နော်။...
အောက်တိုဘာလ ၂ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်းရှိ ဖာပွန်ဒေသတွင် ယခုလဆန်းပိုင်းက အိုးအိမ်များကို စွန့်ခွာပြီး တောထဲသို့ ထွက်ပြေးပုန်းရှောင် နေကြရသည့် ရွာသူရွာသား ၂၅၀ကျော်မှာ လက်ရှိအချိန်တွင် ဝမ်းရေးအတွက် ရိက္ခာအခက်အခဲများ ဖြစ်လာရသည်ဟု ထိုဒေ သမှလာသည့် သတင်းအရ သိရသည်။
အဆိုပါ ရွာသူရွာသားများသည် ဘူးသိုမြို့နယ်၊ မယ်မွဲကျေးနယ်ရှိ ခလယ့်ဆီ့ခို၊ ဟောသူးပူနှင့် လယ့်ခလော့ကျေးရွာများမှ ရွာ သူရွာသားများဖြစ်ကြပြီး ထိုဒေသတွင် လှုပ်ရှားနေသည့် ဒီကေဘီအေ (၆၆၆)တပ်ဖွဲ့၊ ကဆောဝါးတပ်ရင်းနှင့် လုံခြုံရေးတပ်ရင်း မှ မောင်ချစ်၊ တင်ဝင်းနှင့် အဖွဲ့သားများ၏...
အောက်တိုဘာလ ၁၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြိ့နယ်ရှိ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မ တော်(ကေအဲန်အယ်လ်အေ)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့ကြား ယမန် နေ့က ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတခု ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဘက်က တပ်သား (၄)ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။
ယမန်နေ့ မနက်အစောပိုင်းတွင် ဒီကေဘီအေ (၉၉၉)တပ်မဟာ လုံခြုံရေးတပ်ဖွဲ့တပ်ခွဲ(၂)ခွဲနှင့် (၉၉၉)တပ်ရင်း (၄)မှ တပ်ဖွဲ့ ဝင်တို့ပူးပေါင်းပြီး စုစုပေါင်းတပ်အင်အား (၆၀)ခန့်သည် နယ်မြေရှင်းလင်းရန်အတွက် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ၏ တည် ရှိရာနေရာများကို...
ကျနော် ရွှေကုက္ကိုမှာ ပွဲသွားပြီးအပြန် လမ်းမှာ ဒီကေဘီအေတပ်က ပေါ်တာလိုက်ရမယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ကျနော် ပေါ်တာပါသွားချိန်က ကျနော့်မိန်းမဟာ ကလေးငယ်တဖက်နဲ့ မွေး ခါနီး ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။
ကျနော်တို့လိုက်ရတဲ့ ဒီကေဘီအေတပ်က ဘာတပ်လဲတော့ ကျနော်မသိဘူး။ ဒါပေမဲ့ စစ်သားတွေနဲ့ ကျနော်တို့ အတူတူပဲ သွားရတယ်။ ပေါ်တာတွေ လည်း အများကြီးနဲ့ စစ်သားအများကြီးပဲဆိုတော့ လူတန်းကြီးက အရှည်ကြီးပဲ သွားကြတယ်။ ဘယ်လောက်ရှိလဲတော့ ကျနော် မခန့်မှန်းတတ်ဘူး။ ပေါ်တာထဲမှာ များသောအားဖြင့် ကလေး တွေက နည်းပါတယ်။...
အောက်တိုဘာ ၁၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်မဟာ ၉၉၉ မှ တပ်ခွဲမှူးတဦး အပါအဝင် အဖွဲ့ဝင်(၁၀) ဦးတို့သည် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ ကေအဲန်အယ်လ်အေတပ်ဖွဲ့ထံသို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့ကြောင်း သိရှိ ရသည်။
ဒီကေဘီအေ တပ်မဟာ ၉၉၉၊ တပ်ရင်း(၅)မှ တပ်ခွဲ(၄)မှူး ဗိုလ်ကြီးစောဆာ့ဖော ဦးဆောင်သည့် အဆိုပါအဖွဲ့သည် လက်နက်များ နှင့်အတူ ၎င်းတို့ ဝင်ရောက်သိမ်းယူထားသည့် ကေအဲန်ယူ၊ တပ်မဟာ(၇)ဌာနချုပ်နေရာ မဲ့တရီမှနေ၍ ကေအဲန်အယ်လ်အေ တပ် ရင်း(၁၀၁)နှင့် ဆက်သွယ်ပြီး ဝင်ရောက်ပူးပေါင်းလာခြင်းဖြစ်သည်။
ကေအဲန်ယူနယ်မြေအတွင်း...
အောက်တိုဘာလ ၁၃ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)တပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာ စုစုပေါင်း(၄)ဦး ထိုင်းနိုင်ငံ နယ်စပ်တနေရာသို့ ထွက်ပြေးလာကြောင်းသိရသည်။
ယခုလ ၉ရက်နေ့တွင် ထွက်ပြေးရောက်ရှိလာသည့် ဒီကေဘီအေတပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာများသည် အသက် ၁၄ နှစ်နှင့် ၁၇နှစ်တို့ကြားတွင်ရှိပြီး ၎င်းတို့သည် ဒီကေဘီအေတပ်ဖွဲ့၏ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံရသောသူများဖြစ်သည်ဟု ၎င်းတို့ကိုယ်တိုင် ပြောပြချက်များအရ သိရသည်။
ယင်းသို့ ထွက်ပြေးလွတ်မြောက်လာသူ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးမှာ ဒီကေဘီအေတွင်...
အောက်တိုဘာ ၁၃။ နန်းထူးစံ (ကေအိုင်စီ)
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း ဟသင်္ာတမြို့နယ်တွင် ယခင်လမှစ၍ (H1N1) ဝက်တုပ်ကွေးဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံသူများမှာ ထိရောက် သည့် ဆေးကုသမှုကို မရရှိသည့်အတွက် မသေသင့်ဘဲ သေဆုံးသွားသူများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါမျက်မြင်က “ကျမတွေ့ရသလောက်က ရောဂါဖြစ်ပွားသူ အများအစုဟာ အသက် ၃နှစ်က ၁၆နှစ်အရွယ် ကလေးတွေ ပိုဖြစ်များ တယ်။ နောက်တော့ လူကြီးတွေပါ ပါလာပေမယ့် လူကြီးဦးရေက နည်းတယ်။ ရောဂါဖြစ်တဲ့ လက္ခဏာက ကြောက်စရာကြီး။ အပူချိန်က ၁၀၂ ဒီဂရီ...





